Latest News

Sunday, February 3, 2019

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို သီတဂူဆရာတော်ကြီးက ကြွရောက်ဖွင့်လှစ်၍ နိုင်ငံကျော် အဆိုတော် များက ဓမ္မတေးများဖြင့် ပူဇော်မည်

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို သီတဂူဆရာတော်ကြီးက ကြွရောက်ဖွင့်လှစ်၍ နိုင်ငံကျော် အဆိုတော် များက ဓမ္မတေးများဖြင့် ပူဇော်မည်

မန်းရွှေစက်တော် ဖေဖော်ဝါရီ ၂

ဖေဖော်ဝါရီလ ၉  ရက်နေ့ တွင်ဖွင့်လှစ်မည့် မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ် မန်းရွှေစက် တော်ဘုရား ဗုဒ္ဓပူဇေနိယဘုရားပွဲတော်ဖွင့်ပွဲအား ကမ္ဘာ့သာသနပြု သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရက ကြွရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းဆရာတော်ဘုရားကြီးက ဖေဖော်ဝါရီ ၉  ရက်ညပိုင်း ရွှေစက်တော် လေယာဉ် ကွင်း၌ တရားရေအေးတိုက်ကျွေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
 အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော် ဒုတိယညတွင် ချင်းတောင်တန်း သာသနာပြုဆရာတော်
ဒေါက်တာ အရှင်တေဇောသာရက တရားဓမ္မများ ဟောကြားသွားမည်ဖြစ် ကြောင်း သိရသည်။ယင်း ဖွင့်ပွဲတွင်
ဓမ္မတေးအလင်္ဏဝတ်ရည်အဖွဲ့နှင့် အတူနိုင်ငံကျော်အနုပညာရှင်အဆိုတော် ချိုပြုံး၊စိုးစန္ဒာထွန်းနှင့် ရွှေရည်သိန် တန်တို့က ဓမ္မတေးများသီဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားပွဲတော်၌ တည်ခိုးဆောင် အခန်းခနှုန်းထားများ သတ်မှတ်ထားသည့်အတွက် ဘုရားဖူးဧည့် သည်များအနေဖြင့် ဧည့်သည်ဝင်ရောက်မှုများသောရက်များတွင် အခန်း မရမည်ကိုစိုးရိမ်၍ ဘုရားဖူးဧည့် သည်များက အခန်းခဈေးနှုန်းများ ပိုပေးခြင်းမခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်းကိုလည်း မန်ရွှေစက် တော်ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းက မေတ္တာရပ်ခံထားသည်။

 မန်းရွှေစက်တော် တည်းခိုဆောင်နှုန်းထားများအား ရိုးရိုးတည်းခိုဆောင်များဖြစ်သည့် ကုန်းတွင်း တည်းခိုခန်းခနှုန်းထားမှာ တစ်ခန်းလျှင် ကျပ်နှစ်သောင်း၊ မန်းချောင်းရေစပ်ရှိ တည်းခိုခန်း တစ်ခန်းလျှင် ကျပ်သုံးသောင်းနှင့် ရေချိုးခန်း၊ ဗိုလ်ထိုင်အိမ်သာပူးတွဲရှိပါသည့် အဆင့်မြင့် တည်းခိုဆောင်ဖြစ်သည့် နမ္မဒါ ၁ နှင့် ၂ တည်းခိုဆောင်၊ ငွေသောင်ယံ တည်ခိုးဆောင်များတွင် အမြင့်ဆုံး အခန်းခနှုန်းထားအဖြစ် ကျပ်တစ်သိန်း အထိ သတ်မှတ်ထားကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်ဟု သိရသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ရက် တပို့တွဲလဆန်း ၅ ရက် မှစ၍ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ရက်ပေါင်း (၇၀)ကြာ ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကိုလာရောက်သည့် ဘုရားဖူးပြည်သူများအနေဖြင့် လည်း လူစည်ကားချိန်ရက်များတွင် တည်းခိုဆောင်နေရာမရခြင်း၊ ဈေးနှုန်းများအဆမတန်မြင့်မားနေခြင်း များကြုံတွေ့ရပါက ပွဲတော်အနီး ဘုရားရွာရှိ ဒေသခံနေအိမ်များတွင် သဒ္ဓါကြေးပေး၍ တည်းခိုနိုင်ကြောင်း ဒေသခံများက ဆိုကြသည်။

ဇွဲထက်ရှင်

No comments:

Post a Comment