ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးမှုအနေအထားရရှိ
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရန် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ရိုက်ကူးမည်ဟု တရားဝင်အသိပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယင်းအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ ယခင်က ဒါရိုက်တာအဖြစ် မင်းထင်ကိုကိုကြီးက ရိုက်ကူးရန် စီစဉ်ခဲ့ပြီး ယခုဒါရိုက်တာအဖြစ် မင်းသားလူမင်းက ပြန်လည်၍ ရိုက်ကူးမှုကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
အဆိုပါ ဇာတ်ကားနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းòန်ချက်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်ပြီး မြန်မာ့လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ် အောင်ဆန်း၏ ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း၍ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကို နိုင်ငံတကာအဆင့်မီရိုက်ကူးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရသဖြင့် အောင်ဆန်းရုပ်ရှင် ရိုက်ကူးရာတွင် ဒါရိုက်တာ အဖြစ် တာဝန်ယူမည့် အကယ်ဒမီလူမင်းကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ကြန့်ကြာနေသည့်အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ¤င်းက ယခုလို ရှင်းလင်းပြောကြားခဲ့သည်။
ဒါရိုက်တာ လူမင်းက ''ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကြီးကို စပြီးတော့ ရိုက်ကူးမယ်ဆိုကတည်းက အားပေးအား မြှောက် ဝမ်းသာကြိုဆိုကြတဲ့ သူတွေရှိသလို မကြိုဆိုကြတဲ့သူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း ဝေဖန်မှု၊ တိုက်ခိုက်မှုတွေမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး ဒီနေ့ ဒီအချိန်အထိ ရောက်ရှိ လာခဲ့ပါပြီ။
''ဒီနေ့ ဒီအခြေအနေမှာတော့ ကျွန်တော်တို့ဟာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနိုင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးမှုအနေအထားတွေအားလုံးကို ရရှိထားပါပြီ။ အဲဒါကြောင့်မို့လို့ ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ကျွန်တော့်အနေနဲ့လည်း ဒီရုပ်ရှင်ကြီးကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင်၊ ကျွန်တော်တို့ မြန်မာနိုင်ငံက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံတကာအဆင့်မီ အကောင်းဆုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်အောင် ကျွန်တော်တို့ ရိုက်ကူးထုတ်လုပ်ပြီးတော့ ပြည်သူ့ရှေ့ကို ချပြနိုင်လိမ့်မယ် လို့ လုံးဝအပြည့်အဝ ယုံကြည်ပါတယ်'' ဟု ပြောသည်။
ကိုလင်း
Saturday, January 19, 2019
Subscribe to:
Post Comments (Atom)
No comments:
Post a Comment