Latest News

Monday, January 14, 2019

ဘားအံမြို့နယ်တွင် လူပျောက်တိုင်တန်းထားသူများမှာ လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခြင်းခံရကြောင်း သိရှိရသည့်အပြင် ဆိုင်ကယ်တစ်စီးပါ ယူဆောင်သွား၍ အမှုဖွင့်အရေးယူထား

ဘားအံမြို့နယ်တွင် လူပျောက်တိုင်တန်းထားသူများမှာ လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခြင်းခံရကြောင်း သိရှိရသည့်အပြင် ဆိုင်ကယ်တစ်စီးပါ ယူဆောင်သွား၍ အမှုဖွင့်အရေးယူထား

ဘားအံ ဇန်န၀ါရီ ၁၄

ဘားအံမြို့နယ်တွင် လူပျောက်တိုင်တန်းထားသူများမှာ လက်နက် ကိုင်လူတစ်စုက ဖမ်းဆီးသွားကာ ပါလာသည့် ဆိုင်ကယ်ပါ ယူဆောင်သွားကြောင်း တိုင်တန်းသဖြင့် အိန္ဒုနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 ဇန်န၀ါရီ ၁၄ ရက်က ဒေါ်မြထွေးမွန်မှ အိန္ဒုနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်း ခဲ့ခြင်းဖြစ်ပြီး တိုင်ကြားချက်တွင် ဒေါ်မြထွေးမွန်၏ ခင်ပွန်းဖြစ်သူ ဦးမွန်ဌေးနိုင်(၄၂-နှစ်)၊ ကော့ခလွယ်ကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်နေသူနှင့် သားဖြစ်သူ မောင်သော်ဇင်ဝင်း(၁၅-နှစ်)တို့နှစ်ဦးမှာ ဘားအံမြို့နယ်၊ ကော့စိန် ဘန်အောက်ကျေးရွာအုပ်စု၊ ရွှေပြည်ထောင်ကျေးရွာနှင့် တံတားဦးကျေးရွာအကြား ဓမ္မစကူးလ်ဘုန်းကြီးကျောင်းအနီး ရှိ မွန်ဌေးနိုင်၏ အကိုဖြစ်သူ မင်းသိန်းမြင့််နှင့် ခင်ပွန်းဖြစ်သူ မွန်ဌေးနိုင်တို့ ပိုင်ဆိုင်သော ရော်ဘာခြံတဲတွင် နေထိုင်လုပ်ကိုင် နေစဉ် ၈-၁၀-၂၀၁၈ ရက်နေ့ည ၉ နာရီ အချိန်ခန့်တွင် ပျောက်ဆုံးသွားသဖြင် အိန္ဒုနယ်မြေရဲစခန်းသို့ ၂၀-၁၀-၂၀၁၈ ရက်နေ့က လူပျောက်တိုင်တန်းခဲ့ရာ အိန္ဒုနယ်မြေရဲစခန်းမှ လူပျောက်အမှတ်စဉ် (၂/၂၀၁၈)ဖြင့် ရေးဖွင့်ထားခဲ့မှုအား ဒေါ်မြထွေးမွန်မှ ၎င်း၏ခင်ပွန်း ဖြစ်သူ ဦးမွန်ဌေးနိုင်နှင့်သားဖြစ်သူ မောင်သော်ဇင်ဝင်းတို့နှစ်ဦးမှာ ပျောက်ဆုံးသည့်နေ့ ည၉နာရီအချိန်ခန့်က အဆိုပါရာဘာခြံအတွင်း ခင်မင်ရင်းနှီး သူများနှင့်အတူ အရက်သောက်နေစဉ် အမည်မသိ လက်နက် ကိုင်သုံးဦး မှာ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်ရှင်သား အဖရှိလားဟု မေးမြန်း၍ တဲအတွင်းဝင်ရောက်ကာ အရက် အတူသောက်နေသူများကို ထုရိုက်ပြီး မဆိုင်ရင်ဖယ်နေ လာမရှုပ်နဲ့ဟု ပြောကာ မွန်ဌေးနိုင်ကို လက်ထိပ်ခတ်၍ သော်ဇင်ဝင်းကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကာ ကာလတန်ဖိုး ၁၅၀၀၀၀ကျပ်ခန့် တန်ဘိုးရှိ Dream အပြာရောင်ဖင်လုံး ဆိုင်ကယ်တစ်စီးပါ ယူဆောင်သွား၍ ဒေါ်မြထွေးမွန်က ယနေ့ ညနေ ၃နာရီအချိန်က အိန္ဒုနယ်မြေရဲစခန်းသို့ လာရောက်အမှုဖွင့်ပေးရန် တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။
 ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအပြင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များလည်း အခြေပြု နေထိုင်မှုများရှိရာ ယခုကဲ့သို့ ဥပဒေနှင့်မညီသော လုပ်ရပ်များကို မကြာခဏ ပြုလုပ်နေမှုများအား ပြည်သူများ မကြာခဏ ခံစားနေကြ ရသော်လည်း လာရောက်အမှုဖွင့်တိုင်တန်းမှု နည်းပါးကြောင်း သိရသည်။
မင်းသူ(ဘားအံ)

No comments:

Post a Comment