Latest News

Friday, January 18, 2019

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှုးကြီးသန်းရွှေ တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတရှီကျင့်ဖျင်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိဇေယျာသီရိဗိမာန်တွင်လက်ခံတွေ့ဆုံ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှုးကြီးသန်းရွှေ တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတရှီကျင့်ဖျင်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိဇေယျာသီရိဗိမာန်တွင်လက်ခံတွေ့ဆုံ

အခမ်းအနားတွင်နှစ်နိုင်ငံတာဝန်ရှိသူများက စီးပွားရေးနှင့်ကုန်သွယ်ရေး၊ပို့ဆောင်ရေးအခြေခံအဆောက်အဦးများ၊ဖွံ့ဖြိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊စက်ပစ္စည်းကိရိယာဝယ်ယူရေးစသည်သဘောတူညီချက်(၅)ခု၊ဘဏ္ဍာရေးဆိုင်ရာသဘောတူညီချက် (၇)ခု၊ရေအားလျှပ်စစ်ဆိုင်ရာသဘောတူညီချက်(၃)ခု၊စွမ်းအင်ကဏ္ဍ၊ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသဘောတူညီချက်(၁)ခု စုစုပေါင်းနားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် (၁၆)ခုကိုလက်မှတ်ရေးထိုးကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင်တို့သည် ခန်းမတွင်းပြသထားသည်မြန်မာနိုင်ငံကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်သို့သွယ်တန်းမည့် မြန်မာတရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်း(မြန်မာနိုင်ငံအပိုင်း)ပုံစံငယ်ကိုကြည့်ရှုကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံChina National Petroleum Corporation မှ Vice General Manager Mr. Liao Yongyuan ကစီမံကိန်းဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြသည်။(သတင်းစဉ်)

















No comments:

Post a Comment