Latest News

Friday, January 18, 2019

ကျုံပျော်တွင် လျှပ်စစ်ဝန်ထမ်း ၁ဦး ဓာတ်လိုက်သေဆုံး


နေပြည်တော်၊ ဇန်နဝါရီ ၁၈

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က ကျုံပျော်မြို့၊ တေဇရပ်ကွက်နေ အောင်မင်း ထက်(၂၆)နှစ်(မြို့နယ်လျှပ်စစ်နေ့စားဝန်ထမ်း)သည် ကျုံ ပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာအနီး ဓနုဖြူ-ရေကြည် ဓာတ်အားလိုင်း ကွန်ကရစ်တိုင်၌ လိုင်း Fault အချက်ပြ မီး (Fault Passage Indicator-FPI) အား တက်ရောက် တပ်ဆင်နေစဉ် ဓာတ်လိုက်ကာ ပြုတ်ကျသေဆုံးသွားခဲ့ သည်။

အဆိုပါဖြစ်စဉ်ကို ကျုံပျော်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိသည်။
ရဲဇာနည်

No comments:

Post a Comment