Latest News

Saturday, January 19, 2019

ရန်ကုန်-ညောင်တုန်းလမ်းပိုင်းအား လေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်

ရန်ကုန်-ညောင်တုန်းလမ်းပိုင်းအား လေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်

ရန်ကုန်  ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီးနှင့်   ဧရာဝတီတိုင်းဒေသကြီးအတွက်   တံခါးပေါက်တစ်ခုဖြစ်သော   လှိုင်သာယာမြို့နယ်   မြစ်ကူးတံတားကြီး  လေးစင်းတွင်   နေ့စဉ်ယာဉ်ဖြတ်သန်းမှုများသည့် ရန်ကုန်-ညောင်တုန်းလမ်းပိုင်း၏ ဘေးနှစ်ဖက်အား လေးလမ်းသွားမှခြောက်လမ်းသွား ကွန်ကရစ်လမ်းအဖြစ် မြို့ပြအင်္ဂါင်္နှင့်အညီ  အဆင့်မြှင့်တင်နေကြောင်း သိရသည်။
     ''လှိုင်သာယာမြို့နယ်ကို တာဝန်ယူရပြီး တော့  လမ်းပိုင်းဆိုင်ရာ  ဆောင်ရွက်တဲ့ အခါမှာ အင်ဂျင်နီယာတွေက အပိုင်းလိုက် ခွဲပြီးဆောင်ရွက်ပါတယ်။   ညောင်တုန်း လမ်းပိုင်းက အရှည်ပေ ၁၆၂၂ဝ မှာ  မနှစ် က ပေ ၄ဝဝဝ ကျော်    ခင်းပြီးသွားပြီ။ ကျန်တဲ့အပိုင်းကို  အင်ဂျင်နီယာလေးဦး က    ခွဲပြီးတာဝန်ယူ    ဆောင်ရွက်နေပါ တယ်။  လမ်းမကြီးက    ကျန်စစ်သား လမ်းဆုံ၊   ဗိုလ်အောင်ကျော်  လမ်းဆုံနဲ့ မီးခွက်ဈေး လမ်းဆုံတွေကို     ခြောက်လမ်း သွားဖြစ်အောင်    တိုးချဲ့ဆောင်ရွက်တဲ့ အခါမှာ လမ်းဆုံတွေကို    မြေထိန်းနံရံတွေ  တည်ဆောက်နေပါတယ်။     ပြီးတော့ လမ်းမကြီးရဲ့    နှစ်ဖက်ကို   တစ်ဖက်  ကိုးပေစီ   ကွန်ကရစ်လမ်း    တိုးချဲ့ခင်းနေ ပါတယ်။ ခင်းကျင်းမှုပြီးသွားရင်  ဧရာဝတီ တိုင်းဒေသကြီးက  ကုန်စည်နဲ့ ခရီးသွား လာမှု တိုးတက်ကောင်းမွန်သွားပါပြီ''ဟု ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ၊   မြောက်ပိုင်းခရိုင်ခွဲ   လှိုင် သာယာမြို့နယ် အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)မှ  ခရိုင်မှူး ဦးကြည်စန်းက ပြောသည်။
    အဆိုပါ လမ်းဆုံများတွင်  မြေအမာခံ ရရှိရန်  မြေထိန်းနံရံများ  တည်ဆောက် ခြင်း၊    ပင်မလမ်းမကြီး  နှစ်ဖက်အား တိုးချဲ့၍    ကွန်ကရစ်လမ်းခင်းခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်-ပုသိမ် လမ်းပိုင်း   ကွန်ကရစ်လမ်း     ခင်းကျင်းမှု ပြီးစီးပါက   ရန်ကုန်-ညောင်တုန်းလမ်း ပိုင်း၏  အလယ်လမ်းမကြီးကို  ဆက်လက် ခင်းသွားမည်ဖြစ်သည်။

ညောင်တုန်းလမ်းပိုင်းသည် ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်တွင် အောင်ဇေယျ ကြိုး တံတားအဆင်း   တစ်ထိပ်မှ ဘီအိုစီ လမ်း ဆုံးအထိ  ကွန်ကရစ်လမ်းအဖြစ်  ၁ဝဝ ရာခိုင်နှုန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး  ယခုလက်ရှိတွင် သုံးထိပ်မှ စနေမမှတ်တိုင် ထိပေ  ၁ဝ၅ဝဝ ကို အကျယ် ၆၆ ပေ၊ ထု ၁၁ လက်မဖြင့် ခြောက်လမ်း သွားခင်းခြင်း ဖြစ်ရာ   မူလ  ၄၈  ပေ   လေးလမ်းသွားမှ ၆၆ ပေ၊ ခြောက်လမ်းသွားအဖြစ် တစ်ဖက် ကိုးပေစီ       ထပ်မံတိုးချဲ့ခြင်းဖြစ်ကြောင်း၊  ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဇူလိုင်တွင်   ခြောက်လမ်းသွား ကွန်ကရစ် လမ်းအဖြစ်          ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။       သန်းထိုက်(လှိုင်သာယာ)

No comments:

Post a Comment