မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်၊ လေးစားပါတယ် ဖားဖာ့
---------------------------
ကျိုင်းတုံ ဇန်န၀ါရီ ၅
လွတ်လပ်ရေးနေ့ မနက်အစောပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကျဆုံးခဲ့သူ ၁၃ဦးမှာ ကျိုင်းတုံမြို့နယ် လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ရွာက ရဲတပ်သား ဖားဖာ့လည်း ပါဝင်ခဲ့ပါတယ်။
ဒီအတွက် ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး၊ နယ်ထိန်း တာဝန်ခံ ဒုရဲအုပ် ဇင်မင်းလတ် တို့ဟာ ဒီနေ့ မနက်ပိုင်းမှာ လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ရွာရှိ ရဲတပ်သား ဖားဖာ့ ရဲ့ မိဘများ ဖြစ်တဲ့ ဦးအားချေ၊ မိခင် ဒေါ်နာတီး တို့ထံ သွားရောက်ကာ ဖားဖာ့ ကျဆုံးကြောင်း သတင်းစကားနှင့် အားပေးစကား ပြောကြားရင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ (၅)သိန်းနှင့် ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ (၂)သိန်း စုစုပေါင်း (၁၇)သိန်း ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
AA လက်နက်ကိုင် အဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ခထီးလှ ရဲကင်း ၄ခုကို မနေ့မနက်အစောပိုင်းက အင်အား ၂၅၀ လောက်တဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ရွာက ရဲတပ်သား ဖားဖာ့ဟာ ခထီးလှ ရဲကင်းစခန်းမှာ တာဝန်ကျနေသူ ဖြစ်ပါတယ်။
မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်၊ ဖားဖာ့ ကောင်းရာသုဂတိ ရောက်ရှိပါစေ ။
mmn(ktg)-Credit
Sunday, January 6, 2019
ရဲတပ်သား ဖားဖာ့ ကျဆုံးကြောင်း နောင်လျန်ရွာရှိ မိဘထံ သွားရောက် အကြောင်းကြားကာ ထောက်ပံ့ငွေ ၁၇သိန်းပေးအပ်
ရဲတပ်သား ဖားဖာ့ ကျဆုံးကြောင်း နောင်လျန်ရွာရှိ မိဘထံ သွားရောက် အကြောင်းကြားကာ ထောက်ပံ့ငွေ ၁၇သိန်းပေးအပ်
Reviewed by timeayeyar
on
5:58 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment