Latest News

Sunday, January 6, 2019

ဒီလောက်နဲ့တင်..အာဏာရှင်ကို ဦးမညွှတ်ဖို့ လုံလောက်ခဲ့သည်

ငွေမှင်သုတ်ဆင်ဆာဖြတ်တဲ့အာဏာရှင်ခေတ်

"အနုပညာနဲ့ ပတ်သက်လာရင် အပ်ကျတာကအစ သိတယ်။

တခုခုရရင် ကဗျာကို ချောင်ထဲ လွှင့်ပစ်တဲ့လူစားမျိုးမဟုတ်လို့ ကျုပ်ကိုကျုပ် ကြည်ညိုတယ်။

ဒီလောက်တောင် ဆင်းရဲငတ်ပြတ်ပြီး လူနဲ့ သူနဲ့ မတူ ဖြစ်နေတာတောင် ကဗျာတွေ ရေးနေရသေးလားဟဲ့လို့ အံသြတဲ့..နားမလည်တဲ့..သနားတဲ့ အဖေအမေတွေနဲ့ ကျုပ်ညီမလေးမမမြင့် အားလုံးကို ကျေးဇူးတင်ပါတယ်။''

သွားပြီ...
အဲ့ဒီအပိုဒ်အပြီးမှာတော့ ငွေမှင်ချပ်ခဲကြီး..။

ရိုးသားကြီးမြတ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ရင်ထဲက လာတဲ့ စကားကို အာဏာရှင်စနစ်ရဲ့ ငွေမှင်ကြီးက..ကျွန်တော်တို့ထံ အပြည့်အဝ ရောက်လာခွင့်မပေးခဲ့။

ကိုယ် ရေလည်ခိုက်နေတဲ့ ကဗျာဆရာရဲ့ ရင်တွင်းအသံတွေကို သိချင်စိတ်ပြင်းတဲ့ ကိုးတန်းကျောင်းသားဟာ...ငွေမှင်ချပ်ကြီးကို လက်သည်းနဲ့ ထိုးခြစ်ပစ်တဲ့အခါ စာရွက်ပါ..ပေါက်တဲ့အထိ...။

ကျွန်တော်တို့ ဆယ်ကျော်သက်မှာ ကျွန်တော်တို့ တိမ်းမူးချစ်ခင်တဲ့စာပေဟာ...အာဏာရှင်ငွေမှင်ချပ်တွေနဲ့.ဖျက်ဆီးခံခဲ့ရ...

ဒီလောက်နဲ့တင်..အာဏာရှင်ကို မုန်းတီးဖို့ လုံလောက်ခဲ့သည်မဟုတ်လား။
ဒီလောက်နဲ့တင်..အာဏာရှင်ကို ဦးမညွှတ်ဖို့ လုံလောက်ခဲ့သည်မဟုတ်လား။

ဗြိတိသျှကိုကိုမောင်



No comments:

Post a Comment