Latest News

Saturday, January 19, 2019

ယဉ်ကျေးမှုအငွေ့အသက်များ ဖော်ကျူးသည့် ဇာတ်ကားများ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် ရိုက်ကူးမည်

ယဉ်ကျေးမှုအငွေ့အသက်များ ဖော်ကျူးသည့် ဇာတ်ကားများ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် ရိုက်ကူးမည်

ဇာတ်လမ်းများကို ရွေးချယ်ရိုက်ကူးလာ သည့် အကယ်ဒမီထွန်းအိန္ဒြာဗိုလ်သည်လတ်တလော ရုံတင်ပြသနေသော ရုပ်ရှင်ဇာတ်ကားများနှင့်    ပတ်သက်ပြီး ''ကျွန်မအတတ်နိုင်ဆုံးတော့ အားတဲ့နေ့ တွေရှိရင် သွားကြည့်ဖြစ်ပါတယ်။ ကောင်း သည်ဖြစ်စေ၊  ဆိုးသည်ဖြစ်စေ  ကိုယ့် လောကမှာတင်သမျှ ရုပ်ရှင်ဇာတ်ကား တိုင်းကို ကိုယ်အားတဲ့ရက်တွေ တိုက်ဆိုင် ရင်ကြည့်ဖြစ်ပါတယ်။ နယ်တွေရောက် နေရင်တောင်မှ နယ်က ရုပ်ရှင်ရုံတွေမှာ ကြည့်ဖြစ်ပါတယ်။  အသက်အရွယ်ကြီး လာတော့ ကိုယ့်လောက  ကိုယ်ပြန်မြင် တတ်အောင်လည်း ပါတယ်။  နောက်ပြီး ကိုယ်တိုင်လည်း သူငယ်ချင်းတွေနဲ့ ထုတ် လုပ်ရေး  တည်ထောင်ထားတဲ့အတွက် ကြောင့် လေ့လာတာလည်း ပါပါတယ်။ တကယ်အားပေးချင်တာကြောင့်လည်း ပါပါတယ်'' ဟု  ပြောသည်။
'ခသုံးလုံး'      ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးဖို့ ဘယ်လိုအကြောင်း အရာမျိုးတွေ     ရွေးချယ်ထားလဲဟု  မေးမြန်းခဲ့ရာတွင်   ''ကျွန်မတို့  တစ်တွေ ဒရမ်မာလေးတွေ စရိုက်ကြတော့မယ်ဆို တဲ့အတွေးနဲ့ လိုအပ်တာလေးတွေ တိုင်ပင် ကြတာပါ။  ဒရမ်မာဇာတ်ကားကောင်း ကောင်း ငါးခုရထားတယ်။ ကိုခန့်စည်သူ က စိတ်ထဲမှာ တကယ်ကို မြန်မာမှုကို သေချာ ဖော်ကျူးတဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေပါတဲ့   ဇာတ်အိမ် ကောင်းကောင်းနဲ့     ဇာတ်မျိုးလည်း သူရိုက်ချင်တယ်။  ကျွန်မကျတော့လည်း   ဒီဘက်ခေတ် ကျောင်းဆင်းလူငယ်တွေနဲ့  သွားတဲ့ သည်းထိတ်ရင်ဖိုဝတ္ထုမျိုး ရိုက်ချင် တယ်'' ဟု ပြောကြားခဲ့သည်။
ကိုလင်း

No comments:

Post a Comment