Wednesday, January 23, 2019
ထွေအုပ်တွေကလိမ္မာဖို့လိုတယ်
“မနက်က ကျောင်းသားကောလိပ်တစ်ခုကိုရောက်တော့ အဲ့ဒီထဲလူငယ်တစ်ယောက်က ထွေအုပ်လုပ်ချင်တယ် လို့ ပြောတယ်။ ဘာဖြစ်လို့ထွေအုပ်လုပ်ချင်တာလဲလို့ ကျွန်မမေးလိုက်တယ်။ ထွေအုပ်ဆိုရင် ဘာတွေများ အခွင့်အရေးတွေရလို့ ထွေအုပ်လုပ်ရင်ကောင်းမှာလဲ တွေးလဲပေါ့။ ကြုံတုန်းကျွန်မတစ်ခါထဲ ပြောပါရစေ။ ထွေအုပ်တွေကလိမ္မာဖို့လိုတယ်။ ဖြောင့်မတ်ဖို့ လိုတယ်။ လိမ္မာတယ်ဆိုတာ ကိုယ့်အတွက် လိမ္မာဖို့ပြောတာ မဟုတ်ပါဘူး။ ကိုယ်တာဝန်ယူထမ်းဆောင်နေတဲ့ အရပ်ဒေသအတွက် လိမ္မာဖို့ပြောတာပါ “
“ခိုးသူဆိုတာကတော့ သာမာန်ခိုးသူတွေ မဟုတ်ပါဘူး။ ပြည်သူတွေထံမှ၊ နိုင်ငံမှ ခိုးသူတွေကိုလည်း ဆိုလိုပါတယ်။ ဒါဟာ အဂတိလိုက်စားမှုပါ။ အဂတိလိုက်စားမှု ကင်းမှသာ လျှင် ကျမတို့ ပြည်သူပြည်သားတွေဟာ နိုင်ငံ့ရဲ့အရင်းအမြစ်တွေ၊ ပြည်သူနဲ့ ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာ၊ ဘဏ္ဍာတော်တွေကို ခိုးမယ့်သူတွေကို ကျမတို့ဖယ်ရှားနိုင်မှာပါ။ ဒါကလည်း ဒီမိုကရေစီစနစ်ရဲ့ အဓိကရည်ရွယ်ချက် တခုလည်းဖြစ်တယ်။ ဒီိမိုကရေစီစနစ်ကြောင့်လည်း အဂတိလိုက်စားခြင်းကို ဖယ်ရှားနိုင်တဲ့ အခွင့်အရေးတွေ ရပါတယ်။ ဒါကလည်း ကျမတို့အစိုးရရဲ့ ဦးတည်ချက်တခု ဖြစ်ပါတယ်။”
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
ဇန်နဝါရီလ ၂၁ ရက်နေ့ ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြုလုပ်ခဲ့သည့်လူထုတွေ့စုံပွဲ အခမ်းအနား
ထွေအုပ်တွေကလိမ္မာဖို့လိုတယ်
Reviewed by timeayeyar
on
9:47 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment