Latest News

Friday, January 25, 2019

ဝါးခယ်မ မြစ်ကူး ဇက်တစ်စီး ထပ်မံတောင်းဆိုခြင်း


ဝါးခယ်မမြို. မြစ်ကူးကြိုးတံတား ပြင်ဆင်ရာတွင် ကား ၊ လူ ၊ ဆိုင်ကယ် စသည်ဖြင့် ၀ါးခယ်မမြစ်ကို ဖြတ်ကူးရန်အတွက် ပြည်တွင်းရေကြောင်း မှ ဇက်တစ်စီးသာ စီစဉ်ထားနိုင်သေးသည် ဟု သိရပါသည် ။ သာမာန်လိုင်းကားများ အပါအ၀င် ကျောင်းသူ/သားများ ၊ ၀န်ထမ်းများ ၊ ဈေးသည်များ ၊ ကုန်စည်စီးဆင်းမှုများ အားလုံး ထိုဇက်တစ်စီးတည်းကိုသာ အသုံးပြုနေရသဖြင့် အဆင်မပြေမှုများ ရှိနေကြောင်းသိရပါသည် ။ ဇက်ရေယာဉ်တစ်စီးတည်းဖြစ်သဖြင့် အသွားအပြန် တစ်ခေါက်အတွက် အချိန်တစ်နာရီခန်.အသုံးပြုနေရပြီး အချို.ကားများဆိုလျှင် ၄နာရီခန်.အထိစောင့်၍ ဖြတ်သန်းနေရကြောင်းသိရပါသည် ။

ထို.အပြင် မကြာမှီ ၀ါးခယ်မမြို.တွင် ကျင်းပတော့မည် ဘုရားပွဲများ ၊ ဦးရှင်ကြီးပွဲများ ၊ ကျုံမငေးစွယ်တော်ပွဲများ ကျင်းပသောရာသီရောက်လာလျှင် ပို၍ အခက်အခဲများကြုံတွေ.ဖွယ်ရာရှိကြောင်း သိရပါသည် ။ ထို.အပြင် လက်ရှိ ဇက်တစ်စီး စက်ပိုင်းဆိုင်ရာ အပါအ၀င် ချို.ယွင်းချက် တစ်စုံတစ်ရာ ရှိလာခဲ့ပါလျှင်လည်း ပုံမှန်သွားလာနေမှုများ ရုတ်တရက် ရပ်ဆိုင်းသွားနိုင်ပြီး မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ကြုံတွေ.ရဖွယ်ရှိနေပါသည် ။

ထို.ကြောင့် ဇက်ရေယာဉ် ၂ စင်းဖြင့် တိုးချဲ.ပြေးဆွဲပေးနိုင်ရေး လူထုထံ လက်မှတ်ကောက်ခံ၍ သက်ဆိုင်ရာသို. ပေးပို.မေတ္တာရပ်ခံနိုင်ရန် လှုပ်ရှားမှု ကို ယခုရက်အတွင်း ဆောင်ရွက်နေကြကြောင်းသိရပါသည် ။

ဝါးခယ်မမြို.တွင် ယမန်နေ.ကပင် လက်မှတ်စုဆောင်းမှုများ စတင်နေပြီး ယနေ.မနက် ၈နာရီ က ထော်ကနွတ်ဇက်ဆိပ်တွင် ခရီးသွားပြည်သူများထံမှာ လက်မှတ်များ စုဆောင်းခဲ့သလို ကျောင်းသူ/သားများ ၊ ၀န်ထမ်းများ ၊ ပြည်သူလူထုထံမှ လက်မှတ်များလည်းစုဆောင်းနေပြီး ယနေ.ညနေ၃နာရီ ရွာလယ်ဇက်ဆိပ်တွင် လက်မှတ်များထပ်မံစုဆောင်းသွားမည်ဖြစ်ကြောင်းသိရပါသည် ။ ယခုလက်ရှိအချိန်တွင် လက်မှတ်များ ထောင်ဂဏန်း နီးပါးခန်. ရရှိနေပြီဖြစ်ပြီး ၂၅ ရက် ( မနက်ဖြန် ) တွင်သက်ဆိုင်ရာသို.ပေးပို. မေတ္တာရပ်ခံ တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရပါသည် ။

ရက်အနည်းငယ်ထပ်မံ၍ လက်မှတ်များစုဆောင်းသွားပါက ပိုမိုရရှိနိုင်သော်လည်း သက်ဆိုင်ရာသို. အလျှင်အမြန်ပေးပို.လိုသောကြောင့် ( လတ်တလောအချိန်အထိအစီအစဉ်အရ ) မနက်ဖြန်အပြီး လက်မှတ်များကောက်ခံတင်ပြသွားမည်ဟု သိရပါသည် ။ ကျုံမငေးတွင်လည်း ယခုကဲ့သို.လက်မှတ်စုဆောင်းမှု များ ပြုလုပ်နေသည်ဟု သိရပါသည် ။
ဝါးခယ်မ မြစ်ကူး ဇက်တစ်စီး ထပ်မံတောင်းဆိုခြင်း လှုပ်ရှားမှု.





No comments:

Post a Comment