Tuesday, January 22, 2019
ဒီနိုင်ငံမှာ ဆရာဝန်ချည်းပဲရှိလို့မကောင်းသေးဘူးအမျိုးမျိုးလိုတယ်
"ကမ္ဘာကြီးကပြောင်းနေတာနဲ့အမျှ လိုအပ်ချက်တွေလည်းပြောင်းလာပါတယ်။ အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ကပညာရေးစနစ်ကိုထူထောင်ရမယ်။ ကျွန်မတို့နှစ်ပေါင်းများစွာ အမှတ်ပေး စနစ်ကိုသိပ်အားကိုးခဲ့တဲ့အခါကျတော့ မိဘတွေရောကလေးတွေရောအမှတ်ဘယ်လောက်ရလဲဆိုတာ ကိုအဓိကထားပြီးတော့ ပညာရေးကိုချဉ်းကပ်ကြတယ်။ ပညာရေးဆိုတာဘာအတွက်လဲဆိုတာကိုမစဉ်းစားတော့ပဲ အမှတ်များများရဖို့၊ အမှတ်များများရလို့ရှိရင် စာမေးပွဲအောင်မယ်၊ စာမေးပွဲအောင်ပြီးလို့ရှိရင် ကိုယ်တက်ချင် တဲ့သင်တန်းတက်နိုင်မယ်။ တစ်ချိန်တစ်ခါကဆိုရင် လူတိုင်းက ဆရာဝန်လုပ်ချင်ကြတယ်။
ဘာဖြစ်လို့လဲဆိုရင် ဆရာဝန် ကဂုဏ်ရှိတယ်လို့သတ်မှတ်တယ် ပိုက်ဆံကောင်းကောင်းရှာနိုင်တယ်လို့ထင်ကြတယ်။ ဒီလိုအယူအဆတွေနဲ့ဆရာဝန် သိပ်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ဆရာဝန်ချည်းပဲရှိလို့မကောင်းသေးဘူးအမျိုးမျိုးလိုတယ်။ အင်ဂျင်နီယာ၊ အထူးသဖြင့် ကျောင်းဆရာဆရာမကောင်းလိုမယ်။ ၀န်ထမ်းကောင်းတွေလိုမယ်။ အဲဒါကြောင့် ကျွန်မတို့ရဲ့ လူငယ်များကနေပြီးတော့ သဘောထားကြီးကြီးမျက်လုံးပွင့်ပွင့် အမျိုးမျိုးလုပ်စရာရှိတာတွေကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရိှနိုင်အောင် လူကြီးတွေကအားပေးရပါမယ်"
#ဒေါ်အောင်ဆန်းစုကြည်
ကလေးမြို့ လူထုတွေ့ဆုံပွဲ (၂၂.၀၁.၂၀၁၉)
ဒီနိုင်ငံမှာ ဆရာဝန်ချည်းပဲရှိလို့မကောင်းသေးဘူးအမျိုးမျိုးလိုတယ်
Reviewed by timeayeyar
on
7:53 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment