Latest News

Saturday, January 12, 2019

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတစ်လနှစ်ဦး ခွဲစိတ်ကုသပေး

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး  ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတစ်လနှစ်ဦး ခွဲစိတ်ကုသပေး

မန္တလေး ဇန်နဝါရီ ၁ဝ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကု ဌာန၊ မေ့ဆေးပညာဌာန၊ ရောဂါ ဗေဒဌာန၊ နှလုံးသွေးကြောခွဲစိတ်ကုပညာဌာနတို့မှ ပါမောက္ခ၊ ဌာနမှူးများ၊ဆရာဝန်ကြီးများ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက် တို့က ကျောက်ကပ်ဝေဒနာရှင် နှစ်ဦး
ကို   အောင်မြင်စွာ  ကျောက်ကပ် အစားထိုး   ခွဲစိတ်ကုသပေးနိုင်ခဲ့ သည်။

၆ဝ ဦးမြောက် ကျောက်ကပ် အစားထိုးလဲလှယ်ကုသမှုတွင် ကျောက်ကပ်ပျက်စီး၍ ဆေးကုသမှုခံယူသူ အသက်
၄၅ နှစ်အရွယ်   အမျိုးသားအား အစ်မဖြစ်သူ (အလှူရှင်) ၏ ကျောက်ကပ်နှင့် အစားထိုးလဲလှယ်ကုသပေး ခဲ့သည်။

၆၁ ဦးမြောက် ကျောက်ကပ်အစားထိုးလဲလှယ်ကုသမှုတွင် ကျောက်ကပ်ပျက်စီး၍ ဆေးကုသမှုခံယူနေသူ အသက် ၂၉ နှစ်အရွယ် လူငယ်ကို ညီဝမ်းကွဲ (အလှူရှင်)၏ ကျောက်ကပ်ဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ် ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသမှု
တစ်နာရီခွဲဝန်းကျင်ဖြင့် ပြည်တွင်းတွင် စရိတ်သက်သာ အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်။

ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသမှုများတွင် မန္တလေး အထွေထွေ
ရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီးဒေါက်တာတင်တင်မိုးက အနီးကပ်ကြီးကြပ်၍ ဆီးနှင့် ကျောက်ကပ်
ခွဲစိတ်ကုဌာန ပါမောက္ခ/ဌာနမှူးဒေါက်တာမင်းသူ၊ ပါမောက္ခ ဒေါက်တာ တင်မောင်လင်း၊ ပါမောက္ခဒေါက်တာ ထားကြည်ဆွေ၊ ဆီးနှင့် ကျောက်ကပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ
ကျော်ဆန်းလင်း၊ နှလုံးနှင့် သွေးကြော ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူးဒေါက်တာခင်မောင်ထွေးတို့က ခွဲစိတ်ကုသပေးပြီး ပါမောက္ခ ဒေါက်တာ ယဉ်စန္ဒာသိန်းနှင့် ပါမောက္ခ ဒေါက်တာ မီမီသော်တို့က ကူညီပံ့ပိုးပေးသည်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် ကျောက်ကပ် ဝေဒနာရှင်များအား တစ်လလျှင် နှစ်ဦးနှုန်း စရိတ်သက်သာအောင်မြင် စွာ ပြည်တွင်းတွင်  နိုင်ငံတကာအဆင့်မီ ခွဲစိတ်ကုသပေးနေကြောင်း သိရသည်။       

 မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment