Latest News

Saturday, January 12, 2019

အမေရိကန်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပရန် မြောက်ကိုရီးယား စိတ်အားထက်သန်

အမေရိကန်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပရန် မြောက်ကိုရီးယား စိတ်အားထက်သန်

မြောက်ကိုရီးယားခေါင်းဆောင်    ကင်ဂျုံအန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို ကောင်းမွန်သော ရလဒ် တစ်ခုအဖြစ်  ဦးတည်ဆောင်ရွက်သွားရန်  သန္နိဋ္ဌာန်ချထား ခဲ့ကြောင်း   အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

ကင်ဂျုံအန်သည် ဇန်နဝါရီ ၁ဝ ရက်အထိ တရုတ် နိုင်ငံသို့  အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး  ဇန်နဝါရီ ၈ ရက်နှင့် ၉  ရက်တို့တွင် ပေကျင်းမြို့၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ကနဦးအစီရင်ခံစာ တွင်မူ ရှီကျင့်ဖျင်အနေဖြင့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်  ထိပ်သီးအစည်းအဝေးကို ထောက်ခံပါ ကြောင်း ကင်ဂျုံအန်အား ပြောကြားခဲ့သည်ကို ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။ ပြုံယမ်းနှင့် ဝါရှင်တန်တို့ သည် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ၄င်းတို့၏ စိုးရိမ် ပူပန်မှုများကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါ ကြောင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ပွင့်လင်းစွာ ဖော်ညွှန်းခဲ့သည်။

ပြုံယမ်းအနေဖြင့်     ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားလုံးဝကင်းစင်ရေး   ဆက်လက်ဆောင်ရွက်ရန် နှင့်   တွေ့ဆုံဆွေးနွေးရေးနှင့်  ညှိနှိုင်းမှုများမှတစ်ဆင့် နားလည်မှုရှိသောကိစ္စရပ်များကို  ဖြေရှင်းရန်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကင်၏ပြောကြားချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။   ကင်၏  တရုတ်နိုင်ငံခရီးစဉ်သည် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် လေးကြိမ်မြောက် သွားရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပရန် ပြင်ဆင်သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ အဓိကထောက်ခံသည့်နိုင်ငံဖြစ်သော    တရုတ်နိုင်ငံနှင့် ဆက်ဆံရေးများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် ကင်ဂျုံအန်အနေဖြင့်   ဆန္ဒရှိခဲ့ကြောင်း  စောင့်ကြည့် အကဲခတ်သူများက   ပြောကြားခဲ့သည်။  တရုတ်နိုင်ငံက လည်း ၄င်း၏မြောက်ကိုရီးယားနှင့် ရင်းနှီးသောဆက်ဆံရေး ကိုချပြရန်နှင့်  ကိုယ်ပိုင်ကောက်ကြောင်းကို  မီးမောင်း ထိုးပြရန် ဆန္ဒရှိခဲ့ကြောင်း စောင့်ကြည့်အကဲခတ်သူများက ဆိုသည်။ ကင်အနေဖြင့် မြောက်ကိုရီးယား၏ လူနေမှု အဆင့်အတန်းကိုမြှင့်တင်ရန် ¤င်း၏စိတ်အားထက်သန်မှု ကိုလည်း ပြသရန်ဆန္ဒရှိခဲ့ကြောင်း စောင့်ကြည့်အကဲခတ်သူ များက ပြောကြားခဲ့သည်။                 

The Mirror Daily

No comments:

Post a Comment