Latest News

Sunday, January 6, 2019

ဗန်းမော်တင်အောင်


စစ်ပြီးခေတ် ပေါ်ထွက်လာတဲ့စာရေးဆရာတွေထဲမှာ ယုံကြည်ချက်ကို ဘုရားတစ်ဆူလို ကိုးကွယ်ပြီး မိမိမြတ်နိုးသည့် ဝါဒ တစ်ခုကို သေသည့်တိုင် ဆုပ်ကိုင်သွားတဲ့ စာရေးဆရာကတော့ ဗန်းမော်တင်အောင်ပဲဖြစ်တယ်။ဗန်းမော်တင်အောင် ဟာ ကျနော်တို့ မျိုးဆက်မတိုင်ခင်ကျနော်တို့အရှေ့က မျိုးဆက်ပေါင်းများစွာရဲ့ Hero ဖြစ်ခဲ့သလို ။ ကျနော်တို့ မျိုးဆက်မှာလည်း ကျနော်တို့ ရဲ့ Hero ဖြစ်ခဲ့တယ်။ မက်ခ့်ဝါဒကို ယုံကြည်သက်ဝင်သူများအနေနဲ့ သူရဲကောင်းဝါဒကို ဆန့် ကျင်ခဲ့သော်လည်း ဗန်းမော်တင်အောင်ကတော့ ကျနော်တို့ အတွက် ဘာသားရေးတစ်ပါးလို့ ဘုရားတစ်ဆူလို ကိုးကွယ်ယုံကြည်ဆည်းကပ်ရာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့တယ်။ သူဟာ သူယုံကြည်တဲ့ လက်ဝဲဝါဒကို မဖေါက်မပြန်ပဲ သေသည့်တိုင် ဆုပ်ကိုင်သွားတဲ့လူတစ်ယောက်ဖြစ်သလို။ သူ့ ယုံကြည်ချက်နဲ့ သူ့ လုပ်ရပ်များက ကျနော်တို့ အားလုံးအတွက် စံနမူနာယူစရာ ပြယုဂ်တွေချည်းပဲဖြစ်တယ်။နိုင်ငံရေးစံအရရော။ အနုပညာစံအရရော။ ဘယ်စံနဲ့ ပဲတိုင်းတိုင်းဗန်းမော်တင်အောင်ဟာ ကျနော်တို့ အတွက်တော့ နတ်ဘုရားတစ်ပါးပဲ။ စာပေအနုပညာနယ်မှာ မသေခြင်းတရား (Immortality) ကိုပိုင်ဆိုင်ထားတဲ့သူကို လက်ညိုးညွှန်ပြပါဆိုရင် ပထမဦးဆုံးအနေနဲ့ ဗန်းမော်တင်အောင်နဲ့ မြသန်းတင့်ကိုပဲကျနော်လက်ညိုးညွှန်ပြရလိမ့်မယ်။

၁။

မြန်မာပြည်ရဲ့ စာပေအနုပညာရေစီးကြောင်းကိုကြည့်မယ်ဆိုရင် စစ်ပြီးခေတ် (၁၉၄၅-၄၆ ကနေ ၁၉၇၀) ဝန်းကျင်အထိကာလ ဟာ စာပေအနုပညာ အင်အားအကောင်းဆုံး ကာလ လို့ ပဲဆိုရမယ်။ စစ်ပြီးခေတ်မှာ ထင်ပေါ်ကျော်ကြားလာတဲ့စာရေးဆရာတွေအများကြီးရှိတယ်။ မြသန်းတင့်။ အောင်လင်း။ မောင်စည်သူ။သန်းဆွေ။နတ်နွယ်။လင်းယုန်နီ။မင်းရှင်။ကိုကို။မောင်နေဝင်း။စသဖြင့် စစ်ပြီးခေတ်မှာ ပေါ်ထွက်လာတဲ့ စာရေးဆရာတွေအများကြီးထဲကမှ။ လက်ဝဲဝါဒကို ယုံကြည်သူအများကြီးထဲကမှ ဗန်းမော်တင်အောင် ရဲ့ စာပေအနုပညာစံနဲ နိုင်ငံရေးခံယူချက်များ ဟာ ကွယ်လွန်ပြီးနှစ်ပေါင်း လေးဆယ်ဝန်းကျင်(ယနေ့ကာလ) မျက်မှောက်အချိန်အထိ ရိုက်ခတ်ဆဲဖြစ်တယ်။ ဒါဟာ သိပ်အံသြဖို့ ကောင်းတယ်။ ခေတ်ပြိုင်တွေအများကြီးထဲကမှ ရာစုနှစ်တစ်စုရဲ့ တစ်ဝက်စာနီးပါးကာလအထိ လွှမ်းမိုးထားနိုင်တဲ့သူ့ ရဲ့ အနုပညာဖြစ်ထွန်းမူတွေ ဟာ အနောက်မှာဆိုရင်ကမ္ပည်းမော်ကွန်းဝင်လောက်ပေတယ်။ လက်ဝဲဝါဒကိုယုံကြည်သူတစ်ဦးအနေနဲ့ သူ့ ဖန်တီးခဲ့တဲ့ အနုပညာတွေထဲကနေ သူယုံကြည်တဲ့ ဝါဒကို ရေးသားဖော်ပြသွားတာကို ဗန်းမော်တင်အောင်ရဲ့ စာပေ အနုပညာတိုင်းမှာတွေ့ ရတယ်။ မြိုင်ဝတ္တုမှာ ကိုတင်ဦး ဟာ ဗန်းမော်တင်အောင်ဖြစ်တယ်။ ကွန်မြူနစ်ဆိုတာကို ဘာတစ်လုံးမှ နားမလည်တဲလူတောင် သူ့ ရဲ့ ဝတ္တုကိုဖတ်ပြီးရင် အရင်းရှင်ဆိုတဲ့ လူတွေကို မုန်းတီးတတ်လာတယ်။ ဘုန်းမောင်တစ်ယောက်ထဲကြောင့် တက္ကသိုလ်ဘုန်းနိုင်ဆိုတာ ပေါ်ထွက်လာခဲ့တယ်ဆိုတာကိုလည်း အားလုံးအသိပဲ။ တက္ကသိုလ် ဘုန်းနိုင်ရဲ့ Hero က ဗန်းမော်တင်အောင်ပါလို့ တက္ကသိုလ်ဘုန်းနိုင်ကိုယ်တိုင် ဝန်ခံခဲ့သော်လည်း အယူအဆ ရေးရာမှာတော့ တက္ကသိုလ် ဘုန်းနိုင်ဟာ ဗန်းမော်တင်အောင်နဲ့ ဆန့် ကျင့်ဘက်ဖြစ်ခဲ့တယ်၊

၂။

မြန်မာစာပေလောကမှာ စစ်ပြီးခေတ် ဖဆပလ အစိုးရလက်ထက်မှာ အစောဆုံး( ပထမ) ဆုံးအဖမ်းခံရတဲ့စာရေးဆရာက ဗန်းမော်တင်အောင်ပဲဖြစ်တယ်။ သူ့ ရဲ့ပြည်တော်သာခင်ခင်ဦး။အမေ ။မင်းပြစ်မင်းဒဏ်။ ငသြ စသဖြင့် စာအုပ်များသည် ထင်ရှားကျော်ကြားခဲ့သလောက် သူ့ သည်လည်းထောင်ခဏ ခဏ ကျခံခဲ့ရတယ်။မြန်မာစာပေ လောကမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ လက်ဝဲစာရေးဆရာ တွေထဲမှာ ဗန်းမော်တင်အောင်လောက် အလုပ်သမား။လယ်သမား။ဆင်းရဲသား ပြည်သူများ ဘက်မှ ရပ်တည်ပြီးတော့ ရေးသားခဲ့တဲ့ စာရေးဆရာများ တစ်ယောက်မျှ မရှိပေ။ ဒါ့ကြောင့်လည်း သူသေတော့ ဝန်ကြီးချုပ်ကနေ ဆိုက်က္ကားသမားအထိ လူတန်းစားအလွှယပေါင်းစုံက သူ့ အသုဘ ကို လိုက်ပို့ ကြတယ်။ ဒါ့ကြောင့်လည်း ဗန်းမော်တင်အောင် လက်ဝဲစာရေးဆရာတွေထဲမှာ ဗန်းမော်တင်အောင်လောက် ယုံကြည်ချက်ခိုင်မာသူပြင်းထန်သူ တစ်ယောက်မျှ မရှိပေ ဟု ဆိုလျှင် လွန်မည်မထင်။စကားမစပ်ပြောရရင် ဗန်းမော်တင်အောင်ရဲ့စာပေ သြဇာကို ဒေါက်တာကျော်စိန်လို ပုဂ္ဂိုလ်မျိုးတောင် လွှမ်းမိုးခြင်းခံရဖူးတယ်။ ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာရေချမ်းကို အလွတ်ကျက်တဲ့အထိ စွဲလမ်းဖူးတယ်လို့ ဒေါက်တာကျော်စိန်က ဝန်ခံဖူးတယ်။ ဗန်းမော်တင်အောင် ဟာ စစ်ပြီးခေတ်မှာပေါ်ထွက်လာတဲ့ စာရေးဆရာဆိုပေမယ့် စစ်ကြိုခေတ် (၁၉၃၈ )မှာထဲက ဘုန်းမမေ့နိုင်ဘူး ဝတ္တုကိုရေးပြီးစာပေလောကကို ဝင်ရောက်နေခဲ့ပါတယ်။ ဗန်းမော်တင်အောင်ရယ်လို ဖြစ်လာစေတဲ့ သူ့ ရဲ့ ပထမဆုံး ဝတ္တုကတော့ (၁၉၄၇) မှာထုတ်ဝေခဲ့တဲ့ ဘုန်းမောင်တစ်ယောက်ထဲရယ် ဝတ္တုပဲဖြစ်တယ်။အဲ့ဝတ္တုမှာ ဘဲ တွေချည်းပဲ အလုံးတစ်ထောင်ကျော်ပါနေလို့ သိန်းဖေမြင့်က ဝေဖန်ဖူးသလို။ သော်တာဆွေကလည်း ဘဲကျီးကန်းဆိုပြီး ဗန်းမော်တင်အောင်ကို သရော်ဖူးတယ်။ ဗုဒ္ဓနဲ ဘာထရန်ရပ်ဆဲလ်က လွဲရင် ဘယ်သူ့ ကိုမှ မချီးကျူးဖူးတဲ့ ရွှေဥဒေါင်းတောင် ဗန်းမော်တင်အောင်ကို လူကြီးလူကောင်းပီသတဲ့လူဆိုပြီးချီးကျူးဖူးတယ်။

၃။

မြန်မာပြည်မှာ စာပေရေးသားမူကြောင့် ထောင်အများဆုံးကျခံခဲ့ရတဲ့ စာရေးဆရာက ဗန်းမော်တင်အောင်ပဲ။
ထောင်ဘယ်လောက်ပဲကျကျ သူ့ ယုံကြည်ချက်ကို ဘယ်တော့မှမစွန့် လွှတ်ပဲ ပြည့်သူဘက်ကနေ ရပ်တည်ပြီးတော့ အစိုးရရဲ့ဖေါက်ပြန်နေတဲ့ လုပ်ရပ်တွေကို
စာပေအနုပညာနဲ နောက်ဆုံးအချိန်ထိ့ ရဲဝင့်စွာဖော်ပြသွားတဲ့ စာရေးဆရာဆိုတာ မြန်မာပြည်မှာ ဗန်းမော်တင်အောင်ပဲရှိတယ်။ ခင်မမကြူ ဝတ္တုမှာ တော်လှန်ရေး ရဲဘော်တွေနဲ့ ပြည်သူ့ ဘက်ကနေ ရေးပြတယ်။ပါမောက္ခအုန်းကျော်မှာ ဖဆပလ အစိုးရဲ့ သောက်တစ်လွဲလုပ်ရပ်တွေကိုတင်ပြတယ်။ချစ်အဏ္ဏဝါဘွေ။ မြိုင်။ငသြ။ မိအေး။ ကျနော်။ စသဖြင့် သူ့ ဝတ္တုတွေတိုင်းမှာသူ့ ယုံကြည်ချက်ကိုဖွင့်လှစ်တင်ပြတယ်။ သူ့ ရဲ့ မမကြီးဝတ္တုကို ၁၉၆၀ ပြည့်မှာ အောင်လင်းရဲ့ အရိုင်းစံပယ်နဲ့ ပူးတွဲပြီးတော့ စာပေဗိမာန်ဆု ပေးတယ်။ ဒါပေမယ့် ဗန်းမော်တင်အောင် ဟာ ဆုမယူခဲ့ဘူး။ မြန်မာပြည်မှာ
အစိုးရက ချီးမြင့်တဲ့ဆုကိုလက်မခံပဲငြင်းပယ်ခဲ့တာ သူတစ်ယောက်ပဲရှိတယ်။အဲ့အတွက်လည်း ကျနော်တို့ တွေရဲ့ရင်ထဲမှာ ဖေါက်ပြန်တဲ့အစိုးရတစ်ရပ်ရဲ့အောက်မှာရှိနေသလို ဘယ်အခွင့်အရေးကိုမှ လက်မခံဘူး။ မယူဘူးဆိုတဲ့ အသိစိတ်ဓါတ်တွေ ရခဲ့တယ်။ဗန်းမော်တင်အောင်ဟာ အမျိုးသားစာပေဆုတွေ။ နိုင်ငံတော်ကပေးတဲ့ ဆုတွေ ။လာဘ်တွေ ဘာတစ်ခုမှ မရခဲ့ပေမယ့်။ ပြည်သူတွေရဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာတရားတွေကိုတော့ ကမ္ဘာတည်သရွေ့ရနေမှာဖြစ်တယ်။ အဖွဲ့အစည်းကပေးတဲ့ဆုတွေ။အမျိုးသားစာပေဆု တွေ
သောက်သောက်လဲရနေပြီး ပြည်သူ့ တွေရဲ့ရင်ထဲမှာ
ကမ္ပည်းမတင်ဖြစ်တဲ့ စာပေပညာရှင်တွေကြားမှာ ဗန်းမော်တင်အောင် ဟာ ဝင့်ကြွားစွာရှိနေပါတယ်။ ကြိုက်တဲ့စံ ။ ကြိုက်တဲ့ ဘက်က စမ်း။ အမျိုးသားစာပေဆုရအများကြီးရထားတဲ့ဖော်လံဖား ပုဂ္ဂိုလ်များနဲ့ ဆီနဲ့ ရေနံ့သာဆီနဲ့ အီးလို အမြဲကွာခြားပြီးသားပါပဲ။ ဆရာကြီးသုခ က ဦးချစ်မောင်ရဲ့ သူ ကို ရုပ်ရှင်ရိုက်ဖို့အတွက် ဗန်းမော်တင်အောင်ကိုမင်းသားအဖြစ်ရွေးဖူးပါတယ်။ ဗန်းမော်တင်အောင်က လက်မခံခဲ့ပါဘူး။ ဗန်းမော်တင်အောင် ဟာ ရုပ်ရည်ရူပကာမှာ အတော်ဖြောင့်ပါတယ်။ သူနဲ့ ခေတ်ပြိုင်တွေထဲမှာ သူ့ လို Perfect ဖြစ်တဲ့ ပုဂ္ဂိုလ်မျိုးမရှိသလောက်ပါပဲ။ မင်းသစ်ရဲ့ လွမ်းရတဲ့သူတွေထဲမှာ ဗန်းမော်တင်အောင် ပန်းဆိုးတန်း ဘက် လျှောက်ရင် ဘဏ်တွေ ။ ရုံးတွေက ဝန်ထမ်းအမျိုးသမီးတွေ မသိမသာတစ်မျိုး။သိသိသာသာတစ်မျိုးနဲ့ ချောင်းကြည့်ကြပါတယ်တဲ့။ သူနဲ့ ခေတ်ပြိုင်တွေ။သူ့ ကိုမြင်ဖူးသူတွေအားလုံးကတော့ ဗန်းမော်တင်အောင် ရုပ်ချောသဘောကောင်းဆိုတာကို ချွင်းချက်မရှိလက်ခံကြပါတယ်။

၎။
ဗန်းမော်တင်အောင် ဟာ လက်ဝဲဝါဒကို ဝတ္တုရှည်တွေမှာတင် မဟုတ်ပဲ ဝတ္တုတို ဆောင်းပါး စသဖြင့် သူဖန်တီးတဲ့ အနုပညာရပ်တိုင်းမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ တချို့ကတော့ ဝါဒဖြန့်တယ်လို့ ကင်ပွန်းတပ်ပါတယ်။ ဝါဒပဲဖြန့်ဖြန့် တရားပဲဟောဟော ဗန်းမော်တင်အောင်ရေးသမျှ (ဖန်တီးသမျှ ) အနုပညာတိုင်းက အသက်ဝင်တာချည်းပါပဲ။ ဗန်းမော်တင်အောင်ဟာ လူပြည့်မှာ ၅၈ နှစ်ပဲနေခဲ့ပေမယ့်။ စာအုပ်ပေါင်း ရာကဏ္ဍန်းနီးပါးကိုရေးသားသွားခဲ့ပါတယ်။ နေထိုင်သွားခဲ့ရတဲ့ အသက် ၅၈ နှစ်မှာ သုံးပုံ တစ်ပုံလောက်က အကျဉ်းကျခံထားရမေ့ယ့် သံမဏိစိတ်ဓါတ်နဲ့ ထောင်ထဲလို နေရာမျိုးမှာတောင် မြန်မာနိုင်ငံတော်သမိုင်းလို စာအုပ်မျိုးကိုရေးသားသွားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ မြန်မာပြည်မှာ ဗန်းမော်တင်အောင်တစ်ယောက်ပဲရှိပါမယ်။ မြသန်းတင့်က ဗန်းမော်တင်အောင်ကို ဇတ်လိုက်ထားပြီးတော့ ဝတ္တုတစ်ပုဒ်ရေးဖို့ ရှိတယ်လို့ ပြောခဲ့ဖူးတာကို သူ့ သေပြီးနောက် သူ့ ရုပ်ပုံလွှာဆောင်းပါးများကိုဝိုင်းရေးတဲ့ ဆောင်းပါးတစ်ခုထဲမှာဖတ်ခဲ့ရဖူးပါတယ်။ ခေတ်ကြီးဟာ သောက်ရမ်းတိုးတတ်လာခဲ့ပေမယ့်။ ဗန်းမော်တင်အောင်ရဲ့။ အိုင်းစတိုင်း။ရုပ်ကမ္ဘာ။ သဘာဝဝတ္တ။ သဘာဝသိပ္ပံ စတဲ့ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ယခုအချိန်အထိ နှောင်းလူတွေ ကိုးကားနေရဆဲပါပဲ။ သမိုင်းနဲ့ ပတ်သတ်တဲ့ စာအုပ်တွေဆိုလည်း အခုထိ အကိုးအကားလုပ်နေရတုန်းပါပဲ။ အနောက်စာပေ အကြောင်းကိုပြောရင် (Kafka) မပါရင်မပြီးဘူးလို စာပေပညာရှင်တွေကဆိုကြတယ်။ အဲ့သလိုပဲမြန်မာစာပေ အကြောင်းပြောရင်တော့ ဗန်းမော်တင်အောင် မပါရင် မပြီးပြည့်စုံဘူးလို့ ပဲကျနော်က ထပ်ဆိုချင်ပါတယ်။ ဗန်းမော်တင်အောင်ရဲ့ နာမည်ကြီး နိတိ တစ်ခုဖြစ်တဲ့ စကားတစ်ခွန်းကို ကောက်နူတ်ပြချင်ပါတယ်။

' လူတစ်ယောက်ရဲ့ တန်ဖိုးကို
'သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက '
' သူ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို'
' သူဘယ်လောက်သယ်ပိုးထမ်းဆာင်ရွက်ခဲ့တယ်ဆိုတဲ့'
' အချက်နဲ့ တိုင်းတာရမှာပဲ '

( ဆက်ရန် )

-
ကွိုင်
၈:၀၁ ပီအမ်
အေဒီ ၂၀၁၈
ဇူလိုင် ၃
အဂါင်္ နေ့ 

No comments:

Post a Comment