Latest News

Saturday, January 12, 2019

နျူကလီးယားဗုံးဆိုင်ရာ စာအုပ်၊ စာတမ်းများ စုစည်းထားသော ဝက်ဘ်ဆိုက်တစ်ခု အွန်လိုင်းတွင် ဖတ်ရှုနိုင်

နျူကလီးယားဗုံးဆိုင်ရာ စာအုပ်၊ စာတမ်းများ
စုစည်းထားသော ဝက်ဘ်ဆိုက်တစ်ခု အွန်လိုင်းတွင် ဖတ်ရှုနိုင်

၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့ အမေရိကန်က ကြဲချခဲ့ သည့် နျူကလီးယားဗုံးနှင့်ပတ်သက်သည့် စာအုပ်၊ စာတမ်းနှင့် စာစုများကို စုစည်းထားသည့်   ဘာသာစကားမျိုးစုံဖြင့်   ဖတ်ရှုနိုင်သော အင်တာနက် ဝက်ဘ်ဆိုက်တစ်ခုကို ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့က အွန်လိုင်းတွင် ဖြန့်ဝေထား ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါဝက်ဘ်ဆိုက်ကို ဟီရိုရှီးမား စီရင်စုရှိ ကူရီမြို့တွင် အခြေစိုက်သည့်LinguaHiroshima သုတေသနအဖွဲ့တစ်ဖွဲ့က   နျူကလီးယားဗုံးဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ဘာသာစကား ၇၅ မျိုးဖြင့် ရေးသားထားသော နျူကလီးယားဗုံးဆိုင်ရာ စာအုပ်ပေါင်း ၃၅ဝဝ ခန့်ကို ဝင်ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် နျူကလီးယားဗုံးဆိုင်ရာ ခေါင်းစဉ်များ၊ စာရေးဆရာများနှင့် စာစု၊ စာတမ်းများ၏ ထုတ်ဝေသည့် ရက်စွဲများကိုလည်း သိရှိနိုင်မည်ဖြစ်သည်။

ဝက်ဘ်ဆိုက်အသုံးပြုသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ဘာသာ စကားဖြင့် ဖတ်ချင်သော အကြောင်းအရာများကို ရှာဖွေနိုင်မည့်အပြင် ဓာတ်ပုံ မှတ်တမ်းများထားရှိခြင်းကြောင့် အသီးသီးသော ခေါင်းစဉ်နှင့် အကြောင်းအရာ အမျိုးမျိုးကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။

ယခုရေးသားထားသော နျူကလီးယားဗုံးဆိုင်ရာ စာစုများစုစည်းထားရှိမှု ဝက်ဘ်ဆိုက်ကို ကမ္ဘာတစ်ဝန်းရှိ သုတေသီ ၄ဝ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟု   အဆိုပါ  သုတေသီအဖွဲ့က ဆိုသည်။ နျူကလီးယားဆိုင်ရာ အချက်အလက်များ ထပ်မံထည့်သွင်းကာ ဝက်ဘ်ဆိုက်ကို   အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း   ၄င်းတို့က ဆက်လက်ပြောကြားသည်။

နျူကလီးယားလက်နက် ကမ္ဘာ့မြေပေါ်မှ အပြီးတိုင် ကင်းစင်ပပျောက် သွားစေရန် ရည်ရွယ်ပြီး ယခုဝက်ဘ်ဆိုက်ကို ရေးသားဖန်တီးထားခြင်းဖြစ်သည်ဟု အယ်ဒီတာ တိုမိုကို နာကာမူရာက ဆိုသည်။

နျူကလီးယားလက်နက်ဆိုင်ရာ စာတမ်း၊ စာစုနှင့် စာအုပ်များ စုစည်းထား သော အဆိုပါဝက်ဘ်ဆိုက်မှာhttps://www.linguahiroshima.com/  ဖြစ်သည်။                                             

No comments:

Post a Comment