Latest News

Wednesday, December 26, 2018

သိသမျှ NLD လူငယ်သမိုင်း အပိုင်း (၁)


NLD YOUTH အကြောင်းပြောရင် ရန်ကုန်တိုင်းလူငယ်တွေအကြောင်းက အဓိကပြောရပါလိမ့်မယ် ။ NLD YOUTH ရန်ကုန်တိုင်းရဲ့ ပထမဦးဆုံးတာဝန်ခံဟာ ကိုဝင်းလှိုင်( ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တပ်ကုန်း ။ ယခု အမေရိကား) ဖြစ်ပါတယ် ။ သူပြီးတော့ ယခုအင်းစိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ကိုမောင်မောင်ဦး ပါ ။ သူအထိန်းသိမ်းခံရချိ န်မှာတော့ မင်္ဂလာတောင်ညွန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဖြစ်တဲ့ ကိုရန်အောင်ပေါ့ ။ ကိုရန်အောင်လည်းအဖမ်းခံရရော တဗိုလ်ကျတဗိုလ်တက်ဆိုသလို တာမွေက ကိုတိုးဝင်းက တာဝန်ယူခဲ့ရတယ် ။ ဒါ NLD ရဲ့တိုက်ပွဲဝင်ပွဲဦးအစောပိုင်းကာလပေါ့ ။ တိုက်ပွဲခေါ်သံကိုက " မတရားတဲ့ အမိန်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ " တဲ့ ။ အဲဒီကာလတွေထဲက
၁၉၈၉ ဧပြီအလွန် ရန်ကုန်တိုင်းလူငယ်တာဝန်ခံကိုမောင်မောင်ဦးလက်ထက် ရန်ကုန်တိုင်းအတွင်းမြို့ နယ်တာဝန်ခံအချို့ နှင့်ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်များစုစုပေါင်း ၂၀ ဦးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံ ရေးတာဝန်ယူရန် နိုင်ငံရေးလိုအပ်ချက်အရ S S 20 Special security အဖွဲ့အဖြစ်ဖွဲ့စည်းခဲ့တယ် ။ ဖွဲ့စည်းပြီးတဲ့နောက် ရန်ကုန်းတိုင်းအတွင်း လူထုခေါင်းဆောင်ရဲ့ဟောပြောပွဲတွေနဲ့စည်းရုံးရေးလုပ်ငန်းတွေမှာ တာဝန်ယူကြရတယ် ။ အင်မတန် နိုင်ငံရေးရေချိန်မြင့်နေချိန် ကောလဟလ မျိုးစုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ၊ လုံခြုံ ရေးတွေကို နှောက်ယှက်နေချိန်ပေါ့ ။ အဲဒီအချိန် ၁၉၈၉ ခု ဇူလိုင် ၁၉ ရက်အာဇာနည်နေ့ မှာ အာဇာနည်ကုန်းကို လူထုချီတက်ဂါရဝပြုပွဲလုပ်ဖို့ NLD က စီစဉ်တယ် ။ ချီတက်ပွဲရဲ့ဆောင်ပုဒ်ကလည်း ဆရာကြီးမင်းသုဝဏ် ၊ ဆရာတင်မိုးတို့ရဲ့စိတ်ကူးလက်ရာဖြစ်တဲ့ " အာဇာနည်မျိုးသေရိုးမရှိ " " အာဇာနည်တိုင်းသမိုင်းမသေ " တဲ့ အဲဒါကို ဆရာဂျ မ်း(တင်မိုး)က ထပ်ကွန့်လိုက်တယ် အာ" ဇာနည်မျိုး ဟိုမအေရိုးတွေမပါ " အာဇာနည်နေ့ချီတက်ပွဲဆောင်ပုဒ်ဟာ အတော်ပြောင်မြောက်ခေတ်စားခဲ့တယ် ။ စစ်အစိုးရ ဆတ်ဆတ်ထိမခံနိုင်ဖြစ်သွားသလို အသည်းအတော်ပေါက်သွားပြီး အာဇာနည်နေ့လူထုချီတက်ပွဲကို မပျက်ပျက်အောင်ဖျက်ပြီး ဟန့်တားကြတော့တယ် ။

ချီတက်ပွဲလမ်းကြောင်းတလျှောက် ချီတက်လာသူမှန်သမျှ ဖမ်းဖို့ဆီးဖို့ရိုက်နှက်ဖှို့ပြင်ကြတော့တယ် ။
သူတို့အဲဒီလိုဖြစ်နေပေမဲ့ NLD ကလည်း ဒီပွဲကိုချီတက်ဖို့ အဆင်သင့်ပြင်ခဲ့ကြတယ် ။ ဒီနေရာမှာ အခါအခွင့်သင့်လို့ ရန်ကုန်တိုင်းအတွင်းရှိတဲ့ မြို့ နယ်အသီးသီးက လူငယ်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်တွေကို သတိတရ ပြန်ဖော်ပြပါရစေ ။ ရန်ကုန်တိုင်းရုံးမှာ ရန်ကုန်တိုင်းလူငယ် တာဝန်ခံကိုမောင်မောင်ဦး ဦးဆောင်တဲ့ ရန်ကုန်တိုင်းလူငယ်အဖွဲ့ဟာ ချီတက်ပွဲအတွက်စနစ်တကျ စီမံတယ် ။ အဲဒီမှာ ချီတက်ပွဲရဲ့ရှေ့ဆုံး အလံကိုင်အဖွဲ့လည်းရွေးရော ပြဿ နာ ကစတော့တာပဲ ။ ဒီပွဲမှာ အလံကိုင်အဖွဲ့ဟာ အရေးအကြီးဆုံးပဲလေ ။ အလံကိုင်အဖွဲ့ဟာ ရှေ့ဆုံးကနေ အခက်အခဲအတားအဆီးမှန်သမျှ စနစ်တကျ မကြောက်မရွံ့နောက်မဆုတ်တမ်းချီတက် ရင်ဆိုင်ရမှာဖြစ်သလို အဆင်မသင့်ရင် အရင်ဆုံး ရိုက်နှက်ဟန့်တားဖြိုခွဲမှုလည်းခံရနိုင်တယ် ။ အသက်အန္တရာယ်လည်းရှိသလို အရင်းဦးဆုံးဖမ်းဆီးထိန်းသိမ်းမှုလည်းခံရမယ် ။ အဲဒီလိုအရေးကြီးတဲ့အတွက် အလံကိုင်အဖွဲ့ကို သေသေချာချာရွေးဖို့ပြင်တယ် ။ ဒါပေမဲ့ ခက်တာက အလံကိုင်အဖွဲ့ကို ရွေးချ ယ်ရာမှာ တက်ရောက်လာတဲ့ ရန်ကုန်တိုင်းအတွင်းရှိမြို့ နယ်ပေါင်းစုံကလူငယ်တွေဟာ သူမြို့ နယ်တာဝန်ယူမယ် ၊ ငါ့မြို့ နယ်ကို တာဝန်ပေးပါရယ်လို့ လုယက်တာဝန်တောင်းနေကြတဲ့အတွက် တာဝန်ခွဲပေးဖို့ပြင်နေတဲ့ ကိုမောင်မောင်ဦး ၊ ကိုသက်ခိုင် ၊ ကိုရန်အောင် ၊ သြဇာ(ခ)အောင်မြင့် နဲ့ ကျ နော်တို့ S S 20 အဖွဲ့ မှာ အခက်တွေ့ရတော့တာပေါ့ ။ မဲနှိုက်ခွဲဝေပေးတာတောင်လက်မခံနိုင်ကြတဲ့အတွက် နောက်ဆုံး ချီတက်ပွဲနေ့ ရုံးချု ပ်ရှေ့အရင်ရောက်တဲ့အဖွဲ့ကို တာဝန်ပေးဖို့ လက်ခံလိုက်ကြရတယ် ။ ဒီနေ့ ဒီစာကိုရေးနေရင်း မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ တဲ့ ခေတ်က အာဇာနည်မျိုး သေရိုးမရှိ အာဇာနည်တိုင်း သမိုင်းမသေလို့ြေ ကွးကြော်ချီ တက်ကြမဲ့ တချိန်က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ NLD လူငယ်မျိုးဆက်ရဲဘော်များကို အမှတ်ရမိလိုက်ပါတယ် ။
မြတ်ကျော်ကျော်(ခ)မင်းသစ်တည်
ဆက်ရန် အပိုင်း(၂)

No comments:

Post a Comment