ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်လေဆိပ်တွင် ဒီဇင်ဘာလ၂၅ရက် ညနေပိုင်းအချိန်၌ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့အမျိုးသား လေကြောင်းလိုင်းနှင့် အေရှားဝါးကုမဏီခွဲITA Internatinal Travel Asiaအနေနဲ့MMAနဲ့ပူးပေါင်းထားသည့် ရန်ကုန်-ပုသိမ် လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါဖွင့်ပွဲအားဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရ အဖွဲ့ ဝင်များ ဝန်ကြီးများ လွှတ်တော် ဥက္ကဋ္ဌ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဋ္ဌာန ဆိုင်ရာ အကြီးအကဲများ သတင်းမီဒီယာများတက်ရောက်ခဲ့ကြ သည်
နိုင်ငံခြားသားခရီးသည်အတွက် ရန်ကုန်ပုသိမ်ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၅၅
ဒေါ်လာ ပုသိမ် ရန်ကုန် ခရီးစဉ်ကို ၅၃ ဒေါ်လာ မြန်မာနိုင်ငံ သားတွေအတွက်
ရန်ကုန်ပုသိမ် ခရီးစဉ် ကို ၅၅၀၀၀ ကျပ် ပုသိမ်ရန်ကုန် ခရီးစဉ် ၅၃၀၀၀ ကျပ်
သတ်မှတ်ထားကြောင်းလေကြောင်းလိုင်းကို တနင်္လာအင်္ဂါ ကြာသပတေးစနေနေ့ ညနေပိုင်း ၃
နာရီ ကနေ ၄ နာရီခွဲထိ တစ်နေ့ကိုအသွားအပြန် တစ်ခေါက် ပျံသန်း
ပြေးဆွဲသွားမှာဖြစ်ကြောင်းလေယာဉ်ပျံသန်းချိန်မှာ မိနစ် ၄၀ ကြာမြင့်မှာ
ဖြစ်ကြောင်း ခရီးစဉ်တစ်ခေါက်လျှင် ခရီးသည် ၇၂
ဦးတင်ဆောင်သွားမှာဖြစ်ကြောင်း ပုသိမ်လေဆိပ်စခန်းတာဝန်ရှိသူထံမှသိရသည်
သတင်းနှင့်ဓာတ်ပုံ=ရွှေရည်ဝင်း
သတင်းနှင့်ဓာတ်ပုံ=ရွှေရည်ဝင်း
No comments:
Post a Comment