မြောင်းမြ၊ ဒီဇင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် တရားရုံးက သမီး
အရင်းဖြစ်သူ ကို အကြိမ်ကြိမ် အဓ္ဓမ ပြုကျင့်ခဲ့သည့် ဦးကိုနိုင်
(ခ)ဦးစန်အေး အသက် (၄၂ )နှစ်အား ယနေ့ဒီဇင်ဘာ ၆ ရက်
နေ့တွင် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ခဲ့ကြောင်းသိရသည်။
၂၀၁၈ ခုနှစ် ၊ မေ လ (၂၉) ရက်နေ့တွင် ဦးကိုနိုင် (ခ) ကိုစန်
အေး က သမီးဖြစ်သူ မသဲစုဝင်း အသက် (၁၅) နှစ်အား
မင်္ဂလာဒုံ မြို့နယ် ၊ ရွှေနံသာ ကျေးရွာအုပ်စု ၊ အမှတ် ၃ ရပ်
ကွက်ရှိ မိခင်ရှိရာ ဒေသသို့ ပို့ဆောင်ပေးမည် ဟု ပြောဆို
ခေါ်ဆောင်လာပြီး မြောင်းမြမြို့ ဖျာပုံစု တောထဲတွင် တစ်ကြိမ်
မြောင်းမြမြို့ "ရွှေကြယ်စင်" တည်းခိုးခန်းတွင် ၁ ကြိမ်၊ ယင်း
နောက် အဒေါ်ဖြစ်သူရှိရာ ဝဲကလေး ကျေးရွာသို့ ၂ ရက်ခန့်
သွားရောက်လည်ပတ်ခဲ့ပြီး ၊ မြောင်းမြမြို့ "ရွှေကြယ်စင် "
တည်းခိုခန်းတွင် ပြန်လည်တည်းခို၍ အကြိမ်ကြိမ် အဓ္ဓမ
ပြုကျင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မိခင်ရှိရာ ဒေသသို့ ပို့ဆောင်ခြင်းမရှိပဲ မင်္ဂလာဒုံ
မြို့နယ် ၊ ရွှေနံသာ ကျေးရွာ သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး နေ
အိမ်ရောက်မှ မိထွေးဖြစ်သူနှင့်အကို ဖြစ်သူတို့အား ဖြစ်စဉ်ကို
ပြောပြပြီး၊ အကိုဖြစ်သူက မင်္ဂလာဒုံ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်
တိုင်တန်းခဲ့သောကြောင့် မင်္ဂလာဒုံ ရဲစခန်းမှ အသက်မပြည့်
သေးသည့် သမီးအရင်းဖြစ်သူအား သက်ငယ်မုဒိမ်း ကျူးလွန်
သည့် ဖခင်အရင်း ဖြစ်သူ ဦးကိုနိုင် (ခ)ဦးစန်အေးအား မင်္ဂလာ
ဒုံ ရဲစခန်းမှတဆင့် မြောင်းမြရဲစခန်းတွင် လွှဲပြောင်းကာ ဖမ်းဆီးထားရှိပြီး ဖခင် ဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း
(သက်ငယ်မုဒိမ်း) အား ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရန်
အတွတ် မြောင်းမြခရိုင် အမျိုးသမီးရေးရာ အဖွဲ့မှ တရားလို့
ဘက် လိုက်ပါ ဆောင်ရွက် ပေးမှု့တို့ကြောင့် အမှုမှန်စစ်ဆေး
ပေါ်ပေါက်ခဲ့သဖြင့် မြောင်းမြခရိုင် တရားရုံးမှ ဒုခရိုင် တရား
သူကြီး ဒေါ်ခင်ဝင်းနိုင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ( ၃၇၆ )
သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်(၂၀)နှစ်ကို ယနေ့ ၂၀၁၈
ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင်ချမှတ်လိုက်ကြောင်း သိရသည်။
myo zaw (မြောင်းမြ)
Thursday, December 6, 2018
သမီးအရင်းဖြစ်သူကိုအဓမ္မပြုကျင့်သူဖခင်အား မြောင်းမြခရိုင်တရားရုံးမှ ထောင်ဒဏ်(၂၀)နှစ် ချမှတ်…
သမီးအရင်းဖြစ်သူကိုအဓမ္မပြုကျင့်သူဖခင်အား မြောင်းမြခရိုင်တရားရုံးမှ ထောင်ဒဏ်(၂၀)နှစ် ချမှတ်…
Reviewed by timeayeyar
on
1:30 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment