မြို့တော် ရန်ကုန်၏ စိတ်ဝင်စားဖွယ် အကြောင်းအရာတို့ကို အစဉ် ကောက်နုတ်တင်ဆက်လေ့ရှိသော ဤရန်ကုန်စာမျက်နှာကဏ္ဍတွင် ယခုသီတင်းပတ်၌ အမျိုးသမီးသားဖွားဆေးရုံတစ်ရုံအကြောင်းကို ကောက်နုတ်တင်ဆက်လိုက်ရပါသည်။
နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ်တို့သို့ သွားရောက်သတင်းရယူရင်း အနီးအနား၌ ဗိုလ်ချုပ်အောင်ဆန်းဇနီး ဒေါ်ခင်ကြည်အမည် ဖြင့် ဖွင့်လှစ်ထားသော ဆေးရုံတစ်ရုံကို တွေ့ရ လေ့ရှိသည်။ ရန်ကုန်မြို့၏ မြို့နယ်တစ်ခုအတွင်း ဆိတ်ငြိမ်သောရပ်ကွက်၌ သီးသီးသန့်သန့် ဖွင့်လှစ် ထားသော ဆေးရုံကလေးကို ထိုအချိန်ကပင် သတင်းရေးသားရန် စိတ်ဝင်စားမိသည်။
စာရေးသူအနေဖြင့် ရေးသားခဲ့ပြီးသော အကြောင်းအရာကဏ္ဍတို့ကို ပြန်လည်သုံးသပ် မိချိန်၌ ကျန်းမာရေးနှင့်ပတ်သက်သောကဏ္ဍတွင် ရေးသားမှုအားနည်းခဲ့သည်ကို တွေ့ခဲ့ရသည်။ ထူးထူးခြားခြား ရန်ကုန်သတင်းများနှင့် ¶ဖြိုးရေး လုပ်ငန်းကို ကျစ်ကျစ်လျစ်လျစ် သိုသိုသိပ်သိပ် လုပ်ကိုင်ဆောင်ရွက်တတ်သော ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ ¶ဖြိုးရေးလုပ်ငန်းများ ကြားသိရမှုအားနည်းနေချိန်ဝယ် ကျန်းမာရေး နှင့် ပတ်သက်နေသော ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအကြောင်းကို ရေးသားတင်ဆက်ရန် အကြောင်းက ဖန်လာခဲ့သည်။
သို့ဖြင့်ပင် ရန်ကုန်စာမျက်နှာထက် အက္ခရာ ဖွဲ့နိုင်ရန် နိုဝင်ဘာလ၏ နောက်ဆုံးနေ့ရက်တွင် ဒေါ်ခင်ကြည် ဆေးရုံရှိရာသို့ အရောက်လှမ်းမိခဲ့ တော့သည်။ ဆေးရုံကလေးကို ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်လမ်းမှ ဝင်ရောက် နိုင်သလို ဝင်္ကဘာလမ်းမှတစ်ဆင့် ငါးထပ်ကြီး ဘုရားလမ်းမှလည်း ဝင်ရောက်နိုင်ပေသည်။ ထို့ပြင်တာမွေမီးပွိုင့်အနီးရှိ ငါးထပ်ကြီးဘုရား လမ်းမှလည်း ဝင်ရောက်နိုင်ပေရာ စာရေးသူသည် ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးဘုရားလမ်းမှနေ၍ ဆေးရုံသို့ အရောက်လှမ်းခဲ့သည်။
ဗိုလ်ချုပ်ပြတိုက်လမ်းအတွင်း တည်ရှိနေ သော ဒေါ်ခင်ကြည်ဆေးရုံသည် ရုတ်တရက် မြင်ရသူအဖို့ ဆေးရုံဟု ထင်စရာမရှိပေ။ အနီး အနား၌ ဆေးရုံအဂ¯ရပ်များဖြစ်သော တိုလီမိုလီ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များကို များများစားစားမတွေ့ရဘဲ ဗိုလ်ချို(၂)ရပ်ကွက် ၏ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တစ်ဆိုင်စ၊ နှစ်ဆိုင်စကိုသာ တွေ့မြင်ရသည်။ ဆေးရုံဝင်းထဲ အဝင် ကားပါကင်တွင် ရပ်နားထားသော ကား များမှာ လုံခြုံရေးအစောင့်များ သီးသီးခြားခြား နေရာချစရာမလိုဘဲ အလိုက်တသိ စည်းစနစ် ကျစွာရပ်တန့်ထားသည်ကို တွေ့ရသည်။ ဆေးရုံ ပင်မဆောင် အဆောက်အအုံထဲရောက်သည် အထိ ဆေးရုံ၊ ဆေးခန်းတို့၏ အနံ့အသက်က ကင်းမဲ့လျက်ရှိသည်။
သားဖွားဆေးရုံ တစ်ရုံဖြစ်သည့်အတွက် ကိုယ်ဝန်သည်အမျိုးသမီးများ ဆရာဝန်ပြသရန် စောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရသည်။ အခြား သော ဆေးရုံများကဲ့သို့ ဆူဆူညံညံအသံများ၊ ဆေးရုံဝန်ထမ်းများ၏ ပျာယာခတ်လှုပ်ရှားမှုတို့ ကင်းမဲ့လျက်ရှိသည်။ ဖော်ရွေသောအပြုံးနှင့် ကြိုဆိုမှုကြောင့် ဆေးရုံ၏ဧည့်ကြိုကောင်တာက တစ်မူထူးခြားလို့နေသည်။ စာရေးသူတို့ ရောက်ရှိ ခိုက် ဆေးရုံအုပ်ကြီးမှာ လူနာများ လှည့်လှည် ကြည့်ရှုနေချိန်ဖြစ်၍ သူနာပြုအုပ်ကြီး၏ ရုံးခန်း အတွင်း ခဏစောင့်ဆိုင်းနေခိုက်ဝယ် ဆေးရုံ အတွင်းပိုင်းကို မျက်စိတဆုံး လိုက်လံကြည့်ရှုမိ သည်။
ဆေးïံအဂ¯ရပ်ပြည့်စုံ
အရေးပေါ်ကုသခန်း၊ ပြင်ပလူနာခန်း၊ ဓာတ်ခွဲခန်း၊ တယ်လီဗေးရှင်းဓာတ်မှန်ခန်း၊ ခွဲစိတ် ခန်း၊ ဆရာဝန်များနားနေခန်း၊ အစည်းအဝေး ခန်းမနှင့် ဆေးရုံအုပ်ကြီးရုံးခန်းတို့ကို စီရရီမြင်ရ သည့်အတွက် ဆေးရုံအဂ¯ရပ်ပြည့်စုံသော ဆေးရုံ တစ်ရုံအဖြစ် မှတ်ချက်ပြုမိသည်။ အနံ့အသက် ကင်းမဲ့ပြီး သန့်ရှင်းတောက်ပြောင်နေမှုက ဆေးရုံ ဝန်ထမ်းတို့၏ ကြိုးစားအားထုတ်မှုကို ဖော်ပြ နေသည်။ လူနာစမ်းသပ်ခန်းအတွင်း အလှည့်ကျ ဝင်ရောက်သူနှင့် ပြန်ထွက်လာသူတို့အကြား တိတ်ဆိတ်မှုက ဆရာဝန်၊ ဆရာမတို့၏ လုပ်ငန်း ကျွမ်းကျင်မှုကို ပြသနေသည့်နှယ်။
ဆေးရုံတစ်ရုံလုံးအနှံ့ လိုက်လံကြည့်ရှု စစ်ဆေးပြီး မောပန်းလာဟန်ရှိသော ဒေါ်ခင်ကြည် ဆေးရုံ၏ ဆေးရုံအုပ်ကြီး တွဲဖက်ပါမောက္ခ၊ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာသင်းယုဇော်က ပင်မဆောင်သို့ ပြန်လည်ရောက်ရှိခိုက် မြန်မာ့အလင်း၏ အမေး ကို တိုတိုတုတ်တုတ်အဖြေပေးခဲ့သည်။ ''ကျွန်မ တို့ ဆေးရုံအနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ပံ့ပိုးမှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စောင့်ရှောက်မှုနဲ့အတူ ဆရာဝန် ဆရာမတွေ၊ ဝန်ထမ်းတွေရဲ့ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အခုလို အောင်မြင်နေတာပါ”''ဟု ပြောသည်။
အေးချမ်းဆိတ်ငြိမ်သော ရပ်ကွက်အတွင်း ရှိသော်လည်း လာရောက်ပြသသော လူနာဦးရေက တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်ဟု ဆေးရုံအုပ်ကြီးက မှတ်ချက်ပြုသည်။ ထိစပ် မြို့နယ်များဖြစ်သည့် တာမွေ၊ ကမာရွတ်၊ မရမ်း ကုန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်များသာမက လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ ကျောက် တန်း စသော ရန်ကုန်စည်ပင်သာယာအတွင်း၊ အပြင် နယ်နိမိတ်မြို့နယ်များမှ ကိုယ်ဝန်ဆောင် မိခင်များပါ လာရောက်ပြသလျက်ရှိသည်။ ငွေကြေးချို့တဲ့သူများအတွက် အခမဲ့ကုသပေး သော ဆေးရုံတစ်ရုံ ဖြစ်သည်။
ပြုပြင်ရန်ကိစ္စရပ်များဆွေးနွေး
ဆေးရုံမှတ်တမ်းများအရ ၂ဝ၁၆ ခုနှစ် မေလ၌ တရုတ်- မြန်မာချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် ဗဟန်းအမျိုးသမီးဆေးရုံကို ပြန် လည် ပြုပြင်အဆင့်မြှင့်တင်ရန်အတွက် တရုတ် သံအမတ်ကြီးနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကမ်းလှမ်းခဲ့ပြီး ပြုပြင်ရန်ကိစ္စရပ် များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး သက်တမ်း ၈၄ နှစ်ရှိပြီး ဖြစ်သော မူလဆေးရုံအဆောက်အအုံကို ရှေးပုံစံ မပျက် ပြုပြင်ခဲ့ပြီး ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း နှစ်ခု၊ သားဖွားခန်း၊ မွေးကင်းစကလေးပြုစု စောင့်ရှောက်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ ဆေးရုံရုံးခန်းများ၊ Ultrasound ခန်းနှင့် ဓာတ်ခွဲခန်းများ ထည့်သွင်းပြုပြင် မွမ်းမံခဲ့သည်။ အတွင်းလူနာ ၄ဝ တက်ရောက်ကုသနိုင်ရန် နှစ်ထပ်အဆောက်အအုံသစ်ကိုပါ ထပ်မံ တည်ဆောက်ခဲ့သည်။
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ၏ ဇနီးတို့က မြန်မာ-တရုတ်ချစ်ကြည်ရေး ပုံရိပ်အဖြစ် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအားအဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။
အသစ်ဖွင့်လှစ်ခဲ့ပြီးသော ဒေါ်ခင်ကြည် ဆေးရုံ၌ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုအဖြစ် ကုသပေးလျက်ရှိသည်။ အပတ်စဉ် တနင်္လာနေ့ နှင့်သောကြာနေ့များတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ဆေးရုံဆင်းပြီး မွေးကင်းစကလေး များနှင့် မိခင်များကို နောက်ဆက်တွဲခေါ်ယူ ကြည့်ရှုကုသ စောင့်ရှောက်မှုပေးလျက်ရှိသည်။ အပတ်စဉ် အဂ¯နှင့် ကြာသပတေးနေ့များတွင် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲခန်းနေ့သတ်မှတ် ၍ ခွဲစိတ်မွေးဖွားခြင်းနှင့် သားကြောဖြတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် သားဆက်ခြားချင်သည့် မွေးဖွားပြီးမိခင်များအတွက် သားဆက်ခြားခြင်းလုပ်ငန်းကိုဆောင်ရွက်ပေးလျက်ရှိသည်။ ကိုယ်ဝန် ဆောင်လူနာများကို ရိုးရိုးမွေးဖွားပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်မွေးဖွားခြင်းများကို ၂၄ နာရီ ပိတ်ရက်မရှိ လက်ခံကုသပေးလျက်ရှိသည်။
ဒေါ်ခင်ကြည်ဆေးရုံအဖြစ် ပြန်လည်ပြုပြင် မွမ်းမံဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ရိုးရိုးမွေးလူနာ ခုနစ်ဦး၊ ခွဲစိတ် မွေးလူနာ နှစ်ဦးအပါအဝင် မွေးဖွားသူဦးရေ ကိုးဦးသာရှိခဲ့ရာမှ အောက်တိုဘာလတွင် ရိုးရိုး မွေးလူနာ ၁ဝ၈ ဦး၊ ခွဲစိတ်မွေးလူနာ ၃၅ ဦး စုစုပေါင်းမွေးဖွားသူဦးရေ ၁၄၃ ဦးအထိ ရှိလာ ခဲ့သည်။ ဆေးရုံတက်လူနာအဖြစ် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ၂၃ ဦးသာရှိခဲ့ရာမှ အောက်တို ဘာလတွင် ၂၉၃ ဦးအထိ တိုးတက်များပြားလာ လျက်ရှိသည်ကို တွေ့ရသည်။ မွေးဖွားပြီးလူနာ နောက်ဆက်တွဲခေါ်ယူကြည့်ရှု ရာတွင် ဇန်နဝါရီလ၌ ငါးဦးသာရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၄ဝ အထိ ကြည့်ရှုကုသပေးလျက်ရှိသည်။
ကိုယ်ဝန်ဆောင်မိခင်များအားကိုးရာ
အမှတ် ၃၂ ဗိုလ်ချုပ်ပြတိုက်လမ်း ဗိုလ်ချို ၂ ရပ်ကွက် ဗဟန်းမြို့နယ်အတွင်း မြေဧရိယာ ၃ ဒသမ ၂၈၂ ဧကကျယ်ဝန်းသော ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံသည် ကိုယ်ဝန်ဆောင်မိခင် များအား ပိုမိုကောင်းမွန်သောကျန်းမာရေး ပြုစု စောင့်ရှောက်မှုပေးရန်၊ ပိုမိုကောင်းမွန်ဘေးကင်းသောမီးဖွားမှု ဆောင်ရွက်ပေးရန်၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် ကျွမ်းကျင်သားဖွားဆရာမများကို လက်တွေ့ သင်ကြားမွေးထုတ်ပေးနိုင်ရန်ဟူသော ရည်မှန်း ချက်များဖြင့် ဆေးရုံလုပ်ငန်းများ လည်ပတ်နေ သည့်အတွက် ရန်ကုန်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင် တို့အတွက် အားကိုးအားထားပြုရာဆေးရုံတစ်ရုံ အဖြစ် ရပ်တည်လျက်ရှိပါကြောင်း။ ။
မြန်မာ့အလင်း၊ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ-အာကာစိုး
No comments:
Post a Comment