Latest News

Sunday, December 23, 2018

ကွန်ချောင်းတမံမှ ယခုနှစ် နွေစပါးလျာထားဧက ၄ဝဝဝ ကျော်ကို ရေစတင်ပေးဝေလျက်ရှိ

ကွန်ချောင်းတမံမှ ယခုနှစ်  နွေစပါးလျာထားဧက ၄ဝဝဝ ကျော်ကို  ရေစတင်ပေးဝေလျက်ရှိ

မြန်အောင်   ဒီဇင်ဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ    ကွန်ချောင်း ရေလှောင်တမံမှ  ဒီဇင်ဘာ ၁၅  ရက်မှ စတင်ကာ  နွေစပါးစိုက်ပျိုးရေ   စတင် ပေးဝေလျက်ရှိကြောင်း၊ ကြံခင်းမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၁၁ အုပ်စု အတွင်းရှိ နွေစပါးလျာထား ၁၁၅၃ ဧက နှင့် မြန်အောင်မြို့နယ်အတွင်း ကျေးရွာ အုပ်စုပေါင်း ငါးအုပ်စုရှိ နွေစပါးလျာထား ဧက ၂၈၅ဝ   စုစုပေါင်းလျာထားဧက ၄ဝဝ၃   ဧကကို  တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ပေးဝေသွားမည် ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံး ချမှု  စီမံခန့်ခွဲရေးဦးစီးဌာန   မြန်အောင် မြို့နယ်ရုံးမှ  ဦးစီးအရာရှိ  ဦးထိန်လင်းက ပြောသည်။
''ကွန်ချောင်းဆည်ရဲ့ စိစစ်ပြီးဧက တွေကတော့ နွေစပါးဧက ၁ဝဝဝဝ  နဲ့ အခြားသီးနှံ  ၄၆၈၇  ဧက  စုစုပေါင်း ၁၄၆၈၇ ဧက ဖြစ်ပါတယ်။ ဒီနှစ် နွေစပါး စိုက်ပျိုးရေးအတွက် ဆည်ထဲမှာဆည်ရေ ဧက ၉၃၆ဝဝ ကို သိုလှောင်ထားပြီး ဖြစ်ပါ တယ်။   အဲဒီဆည်ရေထဲက   နွေစပါး စိုက်ပျိုးရေးအတွက် ဧက ၈၆ဝဝဝ ပေ အထိအသုံးပြုနိုင်မှာ  ဖြစ်ပါတယ်'' ဟု ¤င်းက ပြောသည်။

ယခုအခါ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကွန်ချောင်း ဆည်ရေသောက်အတွင်းရှိ တူးမြောင်းမ ကြီးနှင့် လက်တံမြောင်းများ ပြုပြင်ခြင်း လုပ်ငန်းများကို    လူအင်အား၊   စက် အင်အားတို့ဖြင့် ရေစီးရေလာကောင်းမွန် ရေးစီမံဆောင်ရွက် ပေးနေသောကြောင့်  ၂ဝ၁၈-၂ဝ၁၉ နွေစပါးစိုက်ပျိုးရာသီတွင်  နွေစပါးလျာထားဧက  ၄ဝဝ၃ ဧက ထက် ပိုမိုစိုက်ပျိုးလိုပါကလည်း     တောင်သူ များအနေဖြင့်                 အခက်အခဲမရှိ  စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း    သိရ သည်။

မောင်မွှေး

No comments:

Post a Comment