ခရီးသွားဧည့်သည်များ များပြားလာသည်နှင့်အမျှ ပင်လယ်ပြင်အတွင်းရှိ ကျွန်းများသို့ လည်ပတ်ရာတွင်အသုံးပြုသော ဖိုက်ဘာစပိဘုတ်လှေများအသုံးပြုမှု များလာသည်။ ဖိုက်ဘာစပိဘုတ်လှေများ ထိုင်းနိုင်ငံမှတစ်ဆင့် ဝယ်ယူရာ၌ ဈေးကြီးမြင့်၍ စရိတ်စက ကြီးမြင့်မှုများမှ သက်သာစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပထမဆုံးအကြိမ် ဖိုက်ဘာစပိဘုတ်လှေများကို စတင်ထုတ်လုပ်ခဲ့ရာ မကြာမီပြီးစီး၍ ရေချစမ်းသပ် မောင်းနှင်တော့မည်ဖြစ်ကြောင်း Mergui Dolphin ကုမ္ပဏီမှ MD ကိုသိန်းဇော်မင်းထံမှ သိရသည်။
ခရီးသွားအလုပ်တွင် အဓိကအားဖြင့် ဖိုက်ဘာလှေများကို အသုံးပြုများပြားသည့် အတွက် လိုအပ်သောဖိုက်ဘာလှေများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဝယ်ယူရာတွင် အများအားဖြင့် အဟောင်းကိုသာ ဝယ်ယူမှုများပြားပြီး အသစ်ဝယ်ယူမှုနည်းပါးသည်။ ယခုနောက်ပိုင်းတွင် အသစ်ဝယ်ယူတင်သွင်းမှုရှိသော်လည်း အများအားဖြင့် အဟောင်း နှင့် အသင့်အတင့်ကောင်း များ၏ ဈေးနှုန်းမှာ ပုံမှန်မရှိကြောင်းနှင့် အသစ်ဝယ်ယူရာတွင် အမျိုးအစားအလိုက် အင်ဂျင် မပါဘဲ ၂၅ ယောက်စီး ၃၆ ပေ အသစ်တစ်စင်းကို ဘတ် ၁၂ သိန်း၊ ၂၇-၂၈ ပေမှာ ဘတ် ၈ သိန်း ၉ သိန်းကြားဈေးရှိ ကြောင်းသိရသည်။
''ကျွန်တော်တို့ ဟိုဘက်မှာသွားဝယ်တယ်။ ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့မှာ အားလုံးက ထိုင်းကိုမှီခိုတာများတယ်။ ဟိုဘက်မှာ ပစ္စည်း တစ်ခု သွားဝယ်လို့ရှိရင် တန်တယ် မတန်ဘူးဆိုတာ ဆုံးဖြတ်လို့မရဘူး။ သူတို့ခေါ် တဲ့ဈေးနဲ့ ဝယ်ရတယ်။ နောက်ပိုင်း အဲဒီလှေတောင်မှ ကျွန်တော် ဟိုမှာ သွားဝယ်ရ တယ်။ လှေချည်းပဲ သက်သက် ဝယ်လို့မရဘူး။ အင်ဂျင်အဟောင်းနဲ့ တွဲရောင်းတယ်။ အင်ဂျင်အဟောင်းနဲ့ဆို အဆင်မပြေဘူး။ အဲဒါလည်း တစ်ပိုင်းပေါ့။ ဒေသခံလက်လုပ် လက်စားတွေမှာ ပိုက်လှေေ တွရှိတယ်။ သူတို့အတွက် အဟောင်းကနေ အသစ်လုပ်ဖို့ ဆိုတာ နည်းနည်း ခက်ခဲတယ်။ ဒါကြောင့် သစ်အစားထိုး စပိဘုတ်အစား အခြား ရေလုပ် ငန်းသုံးချောင်းထဲသွားတဲ့ ဖိနပ်၊ ပိုက်၊ လှေလေးတွေကို ဈေးသက်သက်သာသာနဲ့ ဒေသခံတော်တော်များများသုံးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ''ဟု Mergui Dolphin ကုမ္ပဏီမှMD ကိုသိန်းဇော်မင်း ပြောကြားချက်အရသိရသည်။
''တစ်စင်းကတော့ ရေထဲချမောင်းပြီး ဘယ်အင်ဂျင်ထိုင်ရင် ဘယ်နှမိုင်သွားတယ်ဆိုတာ သိရပါမယ်။ ဖိုက်ဘာလှေထုတ်လုပ်မှု နည်းပညာပိုင်းမှာတော့ ထိုင်းနဲ့ လက်ရည် တန်းတူရှိပါတယ်။ ထိုင်းထက် မညံ့ပါဘူး။ ရေရှည်အသေးလေးတွေက လူကြိုက်များ တော့ လုပ်မယ်။ နောက်ပိုင်းအဆင့်မြင့်ပစ္စည်းတွေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ ရှိပါတယ်။ အားရကျေနပ်မှုက ၉ဝ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဘဏ်နဲ့ချိတ်ဆက်ပြီး ဒေသခံတွေ အရစ်ကျဝယ်နိုင်အောင် စီစဉ်ထားပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။
အဆိုပါ ဖိုက်ဘာစပိဘုတ်များကို ထိုင်းနိုင်ငံမှ သွားရောက် ဝယ်ယူရသည့် အတွက် ဖိုက်ဘာစပိဘုတ်အဟောင်း ၂၇ ပေ တစ်စင်းကို ထိုင်းဘတ်ငွေ ရှစ်သိန်းခွဲ နှင့် ဖိုက်ဘာ စပိဘုတ် ၃၆ ပေ အသစ်တစ်စင်းကို ထိုင်းဘတ်ငွေ ၁၂ သိန်းအထိ ဈေးကြီး ပေးဝယ်ရသည့် အတွက် ယခုအခါ မြိတ်မြို့၌ ဖိုက်ဘာလှေ စပိဘုတ်များကို ပထမဆုံး စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ပြောသည်။
မြင့်ဦး(မြိတ်)
MOI Webportal Myanmar
No comments:
Post a Comment