Latest News

Monday, December 24, 2018

အင်ဒိုနီးရှား၌ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်မြင့်တက်

အင်ဒိုနီးရှား၌ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်မြင့်တက်

ဂျကာတာ  ဒီဇင်ဘာ  ၂၄

အင်ဒိုနီးရှားနိုင်ငံ    ဂျာဗားကျွန်းနှင့် စူမားတြားကျွန်းတို့အကြားရှိ ဆန်းဒါး ရေလက်ကြား       ကမ်းခြေဧရိယာ တစ်လျှောက်တွင်  မီးတောင်ပေါက်ကွဲမှု ကြောင့်  ဖြစ်ပွားခဲ့သည့် ကြောက်မက် ဖွယ် ဆူနာမီဝင်ရောက်မှုကြောင့် သေဆုံး သူအရေအတွက်မှာ  ၃၇၃  ဦးအထိ မြင့်တက်လာခဲ့ပြီး  ဒဏ်ရာရရှိသူအရေ အတွက်  ၁၄၅၉  ဦးအထိ  ရှိသွားပြီဖြစ် ကြောင်း     သဘာဝဘေးအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ထို့အတူ ဆူနာမီ ဖြစ်ပွားရာဒေသတစ်လျှောက်တွင် ပျောက်ဆုံးသူပေါင်း ၁၂၈ ဦးအထိ ရှိခဲ့ ကြောင်း သိရသည်။
အနက်ကရာကူ မီးတောင်ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီးနောက်   စနေနေ့ညက ဖြစ်ပွားခဲ့သည့် ဆူနာမီကြောင့် ထိခိုက် ခံစားခဲ့ရသူများကို      ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသည်။

ပင်လယ်လှိုင်းများနှင့်အတူ မျောပါ သွားသော    အပျက်အစီးများအောက် တွင် နောက်ထပ်လူများစွာ ပိတ်မိနေသေး သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ယုံကြည် လျက်ရှိကြောင်း သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီမှ ပြောဆိုခွင့်ရပုဂ္ဂိုလ် စူတိုပို ပါဝိုနူဂရိုဟို ပြောကြားခဲ့သည်။

ဒေသခံပြည်သူများအား ကယ်ဆယ် ရွှေ့ပြောင်းမှုနှင့်   ထိခိုက်ခံစားရသူများ အား ရှာဖွေမှုများကို   ဆက်လက်ဆောင် ရွက်လျက်ရှိသည်။ ဆူနာမီဖြစ်ပွားခဲ့သည့်   ဧရိယာငါးခုရှိပြီး   လန်တန်ပြည်နယ်ရှိ ပန်ဒက်လန်နှင့်   ဆီရန်အပြင်   လမ်ပမ် ပြည်နယ်ရှိ လမ်ပမ်ဆီလာတန်၊ ပနာဝါရန် နှင့် တန်ဂါမတ်စ်ဒေသများဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီမှ ပြော ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သဘာဝဘေးဒဏ်ကြောင့် နေအိမ် အဆောက်အအုံပေါင်း     ၂၃၁  ခု၊ ဟိုတယ်အဆောက်အအုံ  ၆၉   ခုနှင့် ကမ်းခြေရှိ သင်္ဘောများနှင့် လှေအစင်း ပေါင်း ၄၂ဝ ပျက်စီးသွားခဲ့ကြောင်း စူတိုပို က ပြောသည်။

ပနာဝါရန်ဒေသ၌  ပြည်သူ ၂၃၁ ဦး အိုးအိမ်မဲ့ခဲ့ပြီး ¤င်းတို့ကို  ကယ်ဆယ်ရေး အဆောက်အအုံများဆီသို့ ရွှေ့ပြောင်းပေး ခဲ့သည်။

ကယ်ဆယ်ရေးနှင့်   ရှာဖွေရေး ဆောင်ရွက်ရာတွင်    အထောက်အကူ ဖြစ်စေရန်    စက်ယ္တရားကြီးများကို  ဆူနာမီဝင်ရောက်ခဲ့သည့်  ဧရိယာများ ဆီသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ၊ အေအက်ဖ်ပီ

No comments:

Post a Comment