မကွေးမြို့တွင်း အချက်အချာနေရာများ၌ စီစီတီဗွီကင်မရာများ တပ်ဆင်ထား
မကွေး ဒီဇင်ဘာ ၂၄
ဒေသတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့တစ်ရပ်ဖြစ် စေပြီး ပြစ်မှုကျူးလွန်သူများကို စောင့်ကြည့် အတည်ပြုရာတွင်လည်း အသုံးပြုနိုင်ရန်အတွက် စီစီတီဗွီ လုံခြုံရေးကင်မရာ ၄၇ လုံးကို မကွေးမြို့ တွင်းရှိ အချက်အချာနေရာ ၁၂ ခုတွင် တပ်ဆင် အသုံးပြုနေပြီဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့ မှ သိရသည်။
ယခုနှစ် အောက်တိုဘာလ အတွင်းမှစ၍ မကွေးမြို့ အမှတ်(၂) နယ်မြေရဲစခန်းအနီး ကြာပန်းအဝိုင်း၊ ဧရာဝတီတံတား အဝိုင်းပတ်၊ လမ်းငါးသွယ်၊ အထက(၃)အနီး နတ်မောက်လမ်းနှင့် မြို့ပတ်လမ်းထောင့် နေရာလေးခုတွင် ကင်မရာ ၁၅ လုံးကို တပ်ဆင်ခဲ့ပြီး ဒီဇင်ဘာလထဲတွင် မီးပွိုင့်များရှိရာ လမ်းဆုံခုနစ်ခုနှင့် အစိုးရအိမ်ရာဝင်း ဝင်ထွက်ပေါက်များတွင် ကင်မရာ ၃၂ လုံးတို့ကို တပ်ဆင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီစီတီဗွီနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ စီစီတီဗွီများ တပ်ဆင်ထားသည့်နေရာ ၁၂ ခုအပြင် တောင်တွင်းလမ်းနှင့် မြင်ကင်းလမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းဆုံ၊ အောင်မေတ္တာအဝိုင်းလမ်းဆုံ၊ နတ်မောက်လမ်းနှင့် သစ္စာ လမ်းဆုံ၊ အထက(၁)လမ်းနှင့် မြို့ပတ်လမ်းဆုံ၊ ပြည်တော်သာ လမ်းနှင့် မြို့ပတ်လမ်းဆုံ၊ မဲထီးလမ်းနှင့် မြို့ပတ်လမ်းဆုံ စသည့် နေရာ ခုနစ်ခုတွင်လည်း စီစီတီဗွီများ ဆက်လက်တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ သိရ သည်။
ဇေယျတု(မကွေး)
ဓာတ်ပုံ-မြတ်ကို အီလက်ထရွန်နစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment