Latest News

Sunday, December 9, 2018

ဦးဝင်းတင်ကို ဘယ်သူသတ် သလဲ (ခရီးသည်​)

ဦးဝင်းတင် သွေးရိုးသားရိုး သေသွားတာ မဟုတ်ပါဘူး ။
ဦးဝင်းတင်ကို ထောင်ထဲမှာ နှစ်နှစ်ဆယ်လောက် စိတ်တိုင်းကျ
ညှဉ်းပမ်း နှိင်္မ့စက်ပြီး မနက်ကအထိ့ နေသွားတာ ဦးဝင်းတင် ရဲ့
မာန်ကြောင့် ပါပဲ ။

ကျွန်တော် ထောင်ကျလို့ အပ်ခန်းက ဖယ်ရှားခံရတယ် ၊ အငြိမ်းစား လစာ
ရိက္ခာ ခံစားခွင့် ဆုံးရှုံးရတယ် ၊ထောက်လှမ်းရေး စစ်ကြောရေး လက်ချက်နဲ့ သွားတွေ အားလုံး
ပြောင်သလင်း ခါခဲ့တယ် ။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်ပြုတ်ရည်ကို မသေရုံတမယ်
သွားဖုံးနဲ့ မြုံခဲ့ရတယ် ။ အဲ့ဒီလို နေခဲ့ရတာ ရှစ်နှစ်တိ့တိ့ ကြာတယ် ၊ ဒုက္ခ ရောက်ပုံကတော့
ပြောမပြတတ်အောင်ပါပဲ ၊ အစာအိမ်ရောဂါ စွဲခဲ့ရတယ်၊ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ်ကုသခွင့်မပေး၊
ဆေးရုံမတင် ဖြစ်ချင်ရာဖြစ်ထားခံခဲ့ရတယ်၊ နောက်ဆုံးခွဲစိတ်တော့ နောက်ကျလွန်းနေပြိ၊ အူတွေပူးကပ်
ကျပ်ညပ်ဖြစ်နေပြိ၊ အာရုံကြောတွေနဲ့ ထွေးရောယှက်တင် ဖြစ်ကုန်ပြိ၊ ခွဲစိတ်ဒဏ်ကြောင့် ပေါင်တဖတ်
နာကျင်ကိုက်ခဲ အမြဲဖြစ်နေရပြိ၊ မွေးရာပါ ပစ္စည်းတခု ဆုံးပါးခံရပြီ၊ နှလုံးရောဂါကို ထိ့ရောက်လုံလောက်တဲ့ ကုသမှူ
မပေးခဲ့လို့ အခုဒီရောဂါက သေရွာပို့တဲ့ အဆင့်ရောက်နေပြိ။

နှစ်နှစ်ဆယ်ပြည့်လုနိးပါး လုံးလုံး ကျွန်တော်ကို တိုက်ပိတ်ထားခဲ့တယ်၊ အခြားနိုင်ငံရေးအကျဉ်းသား၊ရာဇဝတ်အကျဉ်းသား၊တွေနဲ့ သာမက ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်
ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့အသာထား လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့ တခြား
လူနေအခန်းတွေကြားမှာ အနည်းဆုံး သုံးလေးခန်း (သုံးဆယ်နှစ်ပေ လေးဆယ်ရှစ်ပေ) ခြားထားခဲ့တယ်၊
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိ့ကကာလရှည်ကြီးက ကျွန်တော့ရဲ့ ဘဝ နေဝင်ချိန်လူစင်မိ့မူကို ကိုက်ဖဲ့
ဝါးမျိုသွားတယ်၊ စာအုပ်မဖတ်ရ လူသူမတွေရ စကားမပြောရလှုပ်ရှားသွားလာမလုပ်ရ ၊ဝါသနာ အလုပ်တွေ
(ပန်းချီ ဂီတ စာရေး စာဖတ် အိမ်မျှော်) တွေဆုံးရှံးရ. ။
တိုတိုပြောရရင် ကျွန်တော့ရဲ့ လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို နင်းချေဖျက်ချေ အမှုန့်ချေ
ရေမှာပစ်ခဲ့တယ်ဗျာ ၊နှမြောလိုက်တာ၊နှမြောလိုက်တာ ၊အသည်းနာပါရဲ့ နှလုံးနာပါရဲ့ စိတ်နာပါရဲ့. ။
ကောင်းကြသေးရဲ့လား ဗျာတို့လို့
လောကကြီးကို အော်ဟစ်တိုင်တည်လိုက်ချင်တယ် ။ အသက်ရှစ်ဆယ်မှာ ကျွန်တော်နေစရာ အိမ်မရှီဘူး
သုံးစရာငွေမရှီဘူး၊တွေးစရာ ခေါင်းမရှီဘူး၊ အကြံမဲ့ညဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီး၊ လှုပ်စရာ အားမရှီဘူး
ရောဂါတွေက တသီတစ်တန်းနဲ့ အိုနုာကျိုးကန်းဖြစ်နေပြီး၊ ခိုစရာ ကွန်းမရှီဘူး ကျောင်းကန်ဘုရား၊ဆွေအိမ်မျိုး
အိမ်၊ မိတ်ဆွေသူငယ်ချင်းအိမ်၊ ဥယျာဉ်ပန်းခြံ ရုံးပြင်ကနား၊ ဈေးကျောင်း ပြခန်း ဆေးရုံ သုသာန်တွေကိုတောင်
စိတ်လွတ်လူလွတ် သွားလာဝင်ထွက်လို့မရဘူး၊ သွားလီု့မရဘူး၊ သတင်းထောက်လှန်းရေးတွေတပ်သားတွေ၊
မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံးတန်လန်း၊ ကျွန်တော် ထောင်ထဲက ထွက်လာခဲ့တယ် ။
အပြင်ရောက်တော့လည်း ထောင်ကိုပဲရောက်နေ ပြန်ပါပကောလား ။
ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ်ပေါ့လေ ။
(ဦးဝင်းတင် ၊ ဘာလဲဟဲ့ လူ့ငရဲ အမှာစာမှ )
သွားကြွေ ခါးကြိုး ၊ သေတောတိုးလည်း
အရီုးတွေတော့ တွန်လိမ့်မယ် .......(ဦးဝင်းတင် )

No comments:

Post a Comment