ဝါရှင်တန် ဒီဇင်ဘာ ၁
အသက် ၉၄ နှစ်အရွယ် အမေရိကန်ပြည်ထောင်စု၏ ၄၁ ယောက်မြောက် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာသည် နိုဝင်ဘာ ၃ဝ ရက် မွန်းလွဲပိုင်းတွင် သေဆုံး သွားပြီဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာသေဆုံး သွားပြီဖြစ်ကြောင်း ¤င်း၏သားဖြစ်သူ အမေရိကန်သမ္မတ ဟောင်း ဂျော့ရှ်ဒဗလျူဘုရှ်က အတည်ပြုပြောကြားခဲ့သည်။
သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာသည် အဆုတ်အအေးမိဝေဒနာ ခံစားရပြီး လွန်ခဲ့သောဧပြီလက တက္ကဆက်ပြည်နယ် ဟူစတန်ဆေးရုံ အထူးကြပ်မတ်ကုသ ဆောင်တွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ¤င်းဆေးကုသမှု ခံယူနေစဉ် ဇနီးဖြစ်သူ ဘာဘရာဘုရှ် ကွယ်လွန်ခဲ့သည်။
(၄၃)ယောက်မြောက်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်၏ ဖခင် ဖြစ်သော ဂျော့ဒဗလျူဘုရှ်-စီနီယာသည် ဆိုဗီယက် ပြည်ထောင်စုနှင့်အတူ စစ်အေးတိုက်ပွဲကို အဆုံးသတ် ပေးနိုင်ခဲ့သူဖြစ်သည်။
သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာသည် ၁၉၆၆ ခုနှစ်တွင် တက္ကဆက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက် နိုင်ငံရေးလောကထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။
ထို့နောက် ၁၉၈၉ ခုနှစ်တွင် စီအိုင်အေ ဒါရိုက်တာ၊ သမ္မတရော်နယ်ရေဂင်လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာသည် ဆိုဗီယက် ပြည်ထောင်စုခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့ဗ်၏ မူဝါဒပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးခဲ့သူဖြစ် သည်။
၁၉၈၉ ခုနှစ်တွင် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်-စီနီယာနှင့် ဂေါ်ဘာချော့ဗ်တို့သည် စစ်အေးတိုက်ပွဲပြေငြိမ်း ကြောင်း ကြေညာခဲ့ကြသည်။
ပင်လယ်ကွေ့စစ်ပွဲစတင်ချိန်ဖြစ်သည့် ၁၉၉ဝ ပြည့်နှစ် တွင် အီရတ်နိုင်ငံက အိမ်နီးချင်းကူဝိတ်နိုင်ငံအား ကျူးကျော်ဝင်ရောက်ခဲ့သည့်အတွက် အီရတ်နိုင်ငံအား ရှုတ်ချခဲ့သည်။
ထို့ကြောင့် အမေရိကန်ဦးဆောင်သော နိုင်ငံစုံညွန့်ပေါင်းတပ်ဖွဲ့များသည် အီရတ်တပ်ဖွဲ့များ ကူဝိတ်နိုင်ငံမှပြန်လည်စွန့်ခွာသွားရန် အီရတ်နိုင်ငံသို့ ထိုးစစ်ဆင် တိုက်ပွဲများ ဆင်နွှဲရာတွင် သမ္မတဟောင်း ဘုရှ်-စီနီယာက ဦးဆောင်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် သမ္မတဟောင်း ဘုရှ်-စီနီယာက သမ္မတသက်တမ်းဒုတိယအကြိမ်အတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီမိုကရက် ဘီကလင်တန်ကို ရှုံးနိမ့်ခဲ့သည်။
The Mirror
No comments:
Post a Comment