Latest News

Tuesday, November 13, 2018

အလုံၿမိဳ႕နယ္ရွိ KGL အင္ဂ်င္ဝိုင္ေရာင္းဝယ္ေရး ကုမၸဏီဝင္းအတြင္းသို႔ တုတ္/ဓားကိုင္ အမ်ိဳးသား ၁၀ ဦးခန္႔မွ ဝင္ေရာက္အႏိုင္အထက္ျပဳ၍ အမ်ိဳးသား ၁ ဦးအား ေခၚေဆာင္သြားမႈမွ တရားခံ ၅ ဦးမိျပီ


အလုံၿမိဳ႕နယ္၊ ေစာရန္ပိုင္၊ အေရွ႕ ရပ္ကြက္ရွိ KGL အင္ဂ်င္ဝိုင္ေရာင္းဝယ္ေရးကုမၸဏီဝင္းအတြင္းသို႔ တုတ္/ဓားကိုင္ အမ်ိဳးသား ၁၀ ဦးခန္႔မွ ဝင္ေရာက္အႏိုင္အထက္ျပဳ၍ အမ်ိဳးသား ၁ ဦးအား ေခၚေဆာင္သြားမႈမွ တရားခံ ၅ ဦးကို ဖမ္းဆီရမိျပီျဖစ္ျပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ က်န္၅ဦးကိုလည္း ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္းသိရသည္။


ယမန္ေန႔(ႏိုဝင္ဘာလ ၁၂ ရက္ေန႔) ညေန ၇နာရီခန္႔က အလုံၿမိဳ႕နယ္၊ ေစာရန္ပိုင္၊ အေရွ႕ ရပ္ကြက္ရွိ KGL အင္ဂ်င္ဝိုင္ေရာင္းဝယ္ေရးကုမၸဏီဝင္းအတြင္းသို႔ 6E/×××× လိုက္ထရပ္ယာဥ္ ျဖင့္ သူရ(၄၂)ႏွစ္၊ (၁၃၃)ရပ္ကြက္၊ ဒဂုံအေရွ႕ၿမိဳ႕နယ္ေနသူပါ အမ်ိဳးသား ၁၀ ဦးခန္႔ (စိစစ္ဆဲ)သည္ မ်က္ႏွာတြင္ Mask မ်ား တပ္ဆင္ထားၿပီး တုတ္/ ဓားမ်ား ကိုင္ေဆာင္ဝင္ေရာက္လာခဲ့ၾကသည္။








ထိုသို႔၀င္ေရာက္လာခဲ့ၾကျပီးေနာက္ ကုမၸဏီဝန္ထမ္း သားဒို(ခ)ေစာမူးဖြဲ႕ထူး(၂၄)ႏွစ္၊ ေဒါင္ႀကီးေက်း႐ြာ၊ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ေနသူအပါအ၀င္ အမ်ိဳးသား ၃ ဦး အား ႀကိဳးျဖင့္ တုပ္ၿပီး ယင္းတို႔၏ ဖုန္း ၃ လုံးကို သိမ္းဆည္း၍ ကုမၸဏီ႐ုံးခန္းအတြင္း တပ္ဆင္ထားေသာ CCTV ကိုပါ ျဖဳတ္ယူသြားခဲ့ကာ လိုက္ထရပ္ယာဥ္ျဖင့္ ျပန္ထြက္သြားခဲ့ျပီး၊ ကုမၸဏီမန္ေနဂ်ာ ဦးျမင့္စိန္(ခ)ဖီးလစ္(၄၈)ႏွစ္ကိုလည္း ၎ပိုင္ 3F/×××× လင္ခ႐ူဆာယာဥ္ႏွင့္ အတူေခၚေဆာင္သြားခဲ့သည္။


ထို႔ေနာက္ ၎၏ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ျပည္လမ္းႏွင့္ မပိုလမ္းအေရာက္၌ ဦးျမင့္စိန္၏ ဖုန္း ၂ လုံးအား ယူေဆာင္၍ ကားေပၚမွဆင္းေျပးသြားခဲ့သျဖင့္ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားမွ ဝိုင္းဝန္းပိတ္ဆို႔ရွာေဖြခဲ့ရာ ည ၇နာရီခြဲအခ်ိန္ခန္႔တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္လမ္း ႏိုဗိုတယ္ဟိုတယ္ေရွ႕ တြင္ ဦးျမင့္စိန္(ခ)ဖီးလစ္အား ၎ပိုင္ယာဥ္ျဖင့္ ျပန္လည္ေတြ႕ရွိခဲ့သည္။


ရဲတပ္ဖြဲ႔မွ ပိတ္ဆို႔ဖမ္းဆီးရာ သူရ(၄၂)ႏွစ္ပါ အမ်ိဳးသား ၂ ဦးအား အခင္းျဖစ္အရပ္၌လည္းေကာင္း၊ ေဇာ္ထူး(ခ)ကရင္(၄၈)ႏွစ္၊ (၁၃၂)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ေနသူပါ အမ်ိဳးသား ၂ ဦးတို႔အား (၁၃၃)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္လည္းေကာင္း၊ လိုက္ထရပ္ယာဥ္ႏွင့္ ထြန္းထြန္း (၄၂)ႏွစ္၊ ေပဆင္ကုန္း ရပ္ကြက္၊ သုံးဆယ္ၿမိဳ႕နယ္ေနသူအား တိုက္ႀကီးၿမိဳ႕နယ္၊ ေစ်းရပ္ကြက္၊ ဗီးနပ္စ္ဖုန္းဆိုင္ေရွ႕၌ လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့သည္။


ထိုအမႈကို ဦးျမင့္စိန္(ခ)ဖီးလစ္၏ အကိုျဖစ္သူ ဦးေက်ာ္ျမင့္မွတရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ သူရ(၄၂)ႏွစ္ပါ ၅ ဦး(ဖမ္းမိ)ႏွင့္ မ်ိဳးျမင့္ေအာင္(ခ) အရွည္ႀကီး(စိစစ္ဆဲ)၊ (၁၄၀) ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေနသူအပါအ၀င္ ဖမ္းမမိေသးသည့္ ၅ ဦးခန္ကိုပါ အလုံၿမိဳ႕မရဲစခန္းမွ (ပ) ၄၃၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ (ဓားျပမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့ၿပီး က်န္တရားခံမ်ား ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာနမွသိရသည္။

 ျပည္ထဲေရး၀န္ၾကီးဌာန


#Unicode Version#

အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ တုတ်/ဓားကိုင် အမျိုးသား ၁၀ ဦးခန့်မှ ဝင်ရောက်အနိုင်အထက်ပြု၍ အမျိုးသား ၁ ဦးအား ခေါ်ဆောင်သွားမှုမှ တရားခံ ၅ ဦးကို ဖမ်းဆီရမိပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျန်၅ဦးကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းသိရသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်နေ့) ညနေ ၇နာရီခန့်က အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ 6E/×××× လိုက်ထရပ်ယာဉ် ဖြင့် သူရ(၄၂)နှစ်၊ (၁၃၃)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူပါ အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ)သည် မျက်နှာတွင် Mask များ တပ်ဆင်ထားပြီး တုတ်/ ဓားများ ကိုင်ဆောင်ဝင်ရောက်လာခဲ့ကြသည်။

ထိုသို့ဝင်ရောက်လာခဲ့ကြပြီးနောက် ကုမ္ပဏီဝန်ထမ်း သားဒို(ခ)စောမူးဖွဲ့ထူး(၂၄)နှစ်၊ ဒေါင်ကြီးကျေးရွာ၊ ကန်ကြီးဒေါင့်မြို့နယ်နေသူအပါအဝင် အမျိုးသား ၃ ဦး အား ကြိုးဖြင့် တုပ်ပြီး ယင်းတို့၏ ဖုန်း ၃ လုံးကို သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV ကိုပါ ဖြုတ်ယူသွားခဲ့ကာ လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ပြီး၊ ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်(၄၈)နှစ်ကိုလည်း ၎င်းပိုင် 3F/×××× လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ၎င်း၏ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌ ဦးမြင့်စိန်၏ ဖုန်း ၂ လုံးအား ယူဆောင်၍ ကားပေါ်မှဆင်းပြေးသွားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ည ၇နာရီခွဲအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်း နိုဗိုတယ်ဟိုတယ်ရှေ့ တွင် ဦးမြင့်စိန်(ခ)ဖီးလစ်အား ၎င်းပိုင်ယာဉ်ဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးရာ သူရ(၄၂)နှစ်ပါ အမျိုးသား ၂ ဦးအား အခင်းဖြစ်အရပ်၌လည်းကောင်း၊ ဇော်ထူး(ခ)ကရင်(၄၈)နှစ်၊ (၁၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေသူပါ အမျိုးသား ၂ ဦးတို့အား (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင်လည်းကောင်း၊ လိုက်ထရပ်ယာဉ်နှင့် ထွန်းထွန်း (၄၂)နှစ်၊ ပေဆင်ကုန်း ရပ်ကွက်၊ သုံးဆယ်မြို့နယ်နေသူအား တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဗီးနပ်စ်ဖုန်းဆိုင်ရှေ့၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထိုအမှုကို ဦးမြင့်စိန်(ခ)ဖီးလစ်၏ အကိုဖြစ်သူ ဦးကျော်မြင့်မှတရားလိုပြုလုပ် တိုင်တန်းသဖြင့် သူရ(၄၂)နှစ်ပါ ၅ ဦး(ဖမ်းမိ)နှင့် မျိုးမြင့်အောင်(ခ) အရှည်ကြီး(စိစစ်ဆဲ)၊ (၁၄၀) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအပါအဝင် ဖမ်းမမိသေးသည့် ၅ ဦးခန်ကိုပါ အလုံမြို့မရဲစခန်းမှ (ပ) ၄၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။

 ပြည်ထဲရေးဝန်ကြီးဌာန

No comments:

Post a Comment