Latest News

Monday, November 12, 2018

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံစီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာထိပ္သီးအစည္းအေဝးသုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကား



စင္ကာပူ ႏို၀င္ဘာ ၁၂
စင္ကာပူႏိုင္ငံ၌ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ယေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၅ နာရီ ၁၅ မိနစ္တြင္ စင္ကာပူႏိုင္ငံ Marina Bay Sands ၌ က်င္းပလ်က္ရွိသည့္ အာဆီယံစီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာထိပ္သီးအစည္းအေဝး (ASEAN Business and Investment Summit -2018 ) သုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကားသည္။

အစည္းအေ၀းသုိ႔ အာဆီယံအဖြဲ႕၀င္ႏိုင္ငံမ်ားအပါအ၀င္ ႏိုင္ငံတကာမွ စီးပြားေရးဆုိင္ရာ အႀကံေပး ပုဂၢိဳလ္မ်ား၊ စီးပြားေရးပညာရွင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္ မ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

အစည္းအေ၀းတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က ဤထိပ္သီးအစည္းအေဝးသို႔ မိမိအေနျဖင့္ ဒုတိယအႀကိမ္ေျမာက္ပါဝင္ ေဆြးေႏြးျခင္းျဖစ္ပါေၾကာင္း၊ ASEAN Business and Investment Summit သည္ ျမန္မာႏိုင္ငံအျပင္ အာဆီယံအတြက္ စီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ရန္ ေကာင္းမြန္သည့္ေနရာ တစ္ခုျဖစ္ပါေၾကာင္း၊ မိမိယေန႔ ေဆြးေႏြးေျပာၾကားမည့္ ေခါင္းစဥ္မွာ “ျမန္မာႏိုင္ငံႏွင့္ အာဆီယံတြင္ စီးပြားေရး ႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈ” ျဖစ္ပါေၾကာင္း။

မိမိ၏ေဆြးေႏြးမႈကိုျမန္မာ့စီးပြားေရး၏ ေနာက္ခံအခ်က္အလက္ႏွင့္ စတင္လိုပါေၾကာင္း၊ ျမန္မာႏိုင္ငံ၌ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ရည္႐ြယ္၍ အားလုံးပါဝင္ၿပီး ျပည္သူကို ဗဟိုျပဳသည့္ အမ်ိဳးသား စီးပြားေရးမူဝါဒ ၁၂ ခ်က္ကို ခ်မွတ္ခဲ့ၿပီးျဖစ္ပါေၾကာင္း၊ မိမိတို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈမူဝါဒသည္ အမ်ိဳးသား စီးပြားေရးမူဝါဒႏွင့္ အမ်ိဳးသားစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳပါေၾကာင္း။

ျမန္မာႏိုင္ငံအတြင္း ဆြဲေဆာင္မႈရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ပိုမိုအဆင္ေျပေစမည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အေျခအေနေကာင္းမ်ားကို ဖန္တီးႏိုင္ရန္အတြက္ ျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္မ်ား ခ်မွတ္ေဆာင္႐ြက္ ခဲ့ပါေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ပတ္ဝန္းက်င္ေကာင္း တစ္ခုျဖစ္ေပၚလာရန္ႏွင့္ေဒသတြင္း၊ ႏိုင္ငံတကာ သေဘာတူညီမႈမ်ားႏွင့္ကိုက္ညီသည့္ စီးပြားေရးျဖစ္ထြန္းေစရန္အတြက္ International Finance Corporation ၏ နည္းပညာအကူအညီျဖင့္ ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာ ၁၈ ရက္က ျပည္ေထာင္စုလႊတ္ေတာ္တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒကို ျပ႒ာန္းခဲ့ပါေၾကာင္း။

အဆိုပါ ဥပေဒသစ္တြင္စီးပြားေရးလုပ္ငန္းရွင္မ်ားအား တာဝန္ယူမႈ ရွိေသာ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္ရန္ႏွင့္ ပြင့္လင္းျမင္သာမႈရွိေသာ၊ လြယ္ကူျမန္ဆန္ေသာ နည္းလမ္းမ်ားမွတစ္ဆင့္ စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အားေပးသည့္ အေရးႀကီးေသာ အခ်က္မ်ားစြာပါဝင္ပါေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းအားလုံးအတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ခြင့္ျပဳခ်က္ရယူရန္ မလိုအပ္ပါေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို တိုက္႐ိုက္ေသာ္လည္းေကာင္း သြယ္ဝိုက္၍ ေသာ္လည္းေကာင္း သိမ္းပိုက္ခံရျခင္းမရွိေစရန္ အာမခံပါေၾကာင္း၊ ဝင္ေငြခြန္ကင္းလြတ္ခြင့္ကိုလည္း ေနရာေဒသႏွင့္ ဦးစားေပးက႑အလိုက္ ေပးအပ္သြားမည္ျဖစ္ပါေၾကာင္း၊ တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ မ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈကြာဟခ်က္နည္းပါးေစရန္ ရည္႐ြယ္လ်က္ အာဏာခြဲေဝအပ္ႏွင္းမႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ နစ္နာမႈမရွိေစမည့္စနစ္ ထူေထာင္သြားမည္ျဖစ္ပါေၾကာင္း၊ ေနာက္ဆက္တြဲ နည္းဥပေဒမ်ားကိုလည္း ၂၀၁၇ ခုႏွစ္၊ မတ္လ ၃၀ ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္၊ ဧၿပီလ ၁ ရက္တြင္ စတင္အသက္ဝင္ခဲ့ပါေၾကာင္း။

ျမန္မာႏိုင္ငံတစ္ဝန္းရွိ က႑စုံတြင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္လ်က္ရွိပါေၾကာင္း၊ အခ်ိဳ႕ျပဳျပင္ ေျပာင္းလဲမႈမ်ားကို ထင္ရွားစြာေတြ႕ျမင္ႏိုင္ေသာ္လည္း အခ်ိဳ႕ ေျပာင္းလဲမႈမ်ားကို ထင္ရွားစြာ ေတြ႕ျမင္ႏိုင္ျခင္း မရွိပါေၾကာင္း၊ ႏိုင္ငံတြင္း ေမခ႐ို စီးပြားေရး စီမံခန္႔ခြဲမႈကို ပိုမိုအားေကာင္းလာေစရန္ ျပဳလုပ္ခဲ့ေသာ ျပဳျပင္ေျပာင္းလဲမႈမ်ားမွာ စီးပြားေရးတည္ၿငိမ္မႈအတြက္ မ်ားစြာအေရးပါၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားကို ဆြဲေဆာင္ရာတြင္ အေထာက္အကူျဖစ္ေစပါေၾကာင္း၊ အဆိုပါျပဳျပင္ေျပာင္းလဲမႈမ်ားကို သာမန္ အားျဖင့္ မျမင္ေတြ႕ႏိုင္ေသာ္လည္း ေျပာင္းလဲမႈမ်ားသည္ သိသာၿပီး ေရရွည္အတြက္ မ်ားစြာအက်ိဳးရွိေစ ႏိုင္ပါေၾကာင္း။

ျပဳျပင္ေျပာင္းလဲမႈမ်ားအနက္ သိသာထင္ရွားသည့္ အေျပာင္းအလဲဟု ဆိုႏိုင္မည့္ ႏွစ္ ၁၀၀ ေက်ာ္ သက္တမ္းရွိေသာ ကုမၸဏီအက္ဥပေဒကို လက္ရွိစီးပြားေရးဝန္းက်င္ႏွင့္ ကိုက္ညီေစရန္ မၾကာေသးမီက ေျပာင္းလဲႏိုင္ခဲ့ျခင္းသည္ အေရးပါေသာ ျပဳျပင္ေျပာင္းလဲမႈ တစ္ခုျဖစ္ခဲ့ပါေၾကာင္း၊ အဆိုပါ ျမန္မာႏိုင္ငံ ကုမၸဏီမ်ား ဥပေဒကို ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ ၆ ရက္တြင္ ျပ႒ာန္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္ ၁ ရက္တြင္ အသက္ဝင္ခဲ့ပါေၾကာင္း၊ ယင္းကုမၸဏီဥပေဒအသစ္တြင္ ပါဝင္ေသာ Electronic Registry စနစ္ေၾကာင့္ MyCO ဟုေခၚသည့္ Myanmar Company Online ကိုအသုံးျပဳ၍ ကုမၸဏီမ်ား အေနျဖင့္ နာရီအနည္းငယ္ အတြင္း မွတ္ပုံတင္ႏိုင္ပါေၾကာင္း၊ ကုမၸဏီမ်ား ဥပေဒအသစ္သည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ငန္း အစုအဖြဲ႕ လုပ္ငန္းပုံစံကို ေျပာင္းလဲေစခဲ့ၿပီး စီးပြားေရးလုပ္ငန္းမ်ား ကုမၸဏီအျဖစ္ လြယ္ကူစြာ မွတ္ပုံတင္ရွိ ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ကုမၸဏီမ်ားအေနျဖင့္ မိမိစီးပြားေရးလုပ္ငန္းႏွင့္ ကုမၸဏီအတြင္းစီမံခန္႔ခြဲမႈမ်ားကို ပိုမိုလြယ္ကူစြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး စည္းမ်ဥ္းစည္းကမ္းတည္တံ့ခိုင္မာမႈ အာမခံခ်က္ကိုလည္းရရွိ ေစမည္ျဖစ္ပါေၾကာင္း။

ကုမၸဏီဥပေဒသစ္သည္ ျမန္မာႏိုင္ငံတြင္ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္ရန္ လြယ္ကူသည့္ အဆင့္ သတ္မွတ္ခ်က္ ေကာင္းမြန္လာေစရန္အတြက္ အဓိကက်သည့္ စီးပြားေရးစတင္ေဆာင္႐ြက္ရန္ လြယ္ကူသည့္အဆင့္ သတ္မွတ္ခ်က္ကို ေကာင္းမြန္ေစမည္ျဖစ္ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ အထိ ကုမၸဏီေပါင္း (၁၄၀၀၀) ေက်ာ္ခန္႔သည္ အြန္လိုင္းစနစ္ျဖင့္ ျပန္လည္မွတ္ပုံတင္ၿပီးျဖစ္ၿပီး ကုမၸဏီေပါင္း (၄၀၀၀) ေက်ာ္မွာလည္း အြန္လိုင္းစနစ္ျဖင့္ အသစ္ဖြဲ႕စည္းၿပီးျဖစ္ပါေၾကာင္း။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ကို ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း ဦးေဆာင္သည့္အဖြဲ႕ျဖင့္ ျပန္လည္ဖြဲ႕စည္းထားပါေၾကာင္း၊ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္သည္ လြယ္ကူရွင္းလင္းၿပီး ႀကိဳတင္ မွန္းဆ၍ရသည့္ လုပ္ထုံးလုပ္နည္းမ်ားကို ခ်မွတ္ႏိုင္ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ အတြင္း သာမက အျခားသက္ဆိုင္ရာ အစိုးရအဖြဲ႕အစည္းမ်ား၏ လုပ္ထုံးလုပ္နည္းမ်ားကိုပါ ျပန္လည္ သုံးသပ္လ်က္ ရွိပါေၾကာင္း။

အဆိုပါ ေဆာင္႐ြက္ခ်က္သည္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္တြင္ မွတ္ပုံတင္စရာမလိုေသာ ျပတင္းတစ္ေပါက္စနစ္ ေပၚထြန္းလာေရးကို အေထာက္အကူ ျဖစ္ေစမည္ဟုေမၽွာ္လင့္ပါေၾကာင္း၊ ျပတင္းတစ္ေပါက္စနစ္သည္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႀကဳံေတြ႕ေနရေသာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ားကို ေက်ာ္လႊားႏိုင္မည္ျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား မျပဳလုပ္မီႏွင့္ျပဳလုပ္ၿပီး ကာလမ်ားအတြက္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္ပါေၾကာင္း၊ လုပ္ထုံးလုပ္နည္းမ်ား ခ်မွတ္ျခင္းႏွင့္ ျပတင္းတစ္ေပါက္စနစ္ေပၚထြန္းေရး ေဆာင္႐ြက္ျခင္းတို႔၏ အဓိက ရည္႐ြယ္ခ်က္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လြယ္ကူေစ႐ုံသာမက ႀကိဳတင္ခန္႔မွန္းႏိုင္မႈ၊ အေထာက္အကူျပဳမႈႏွင့္ ရင္းႏွီးကၽြမ္းဝင္မႈရွိသည့္ ပတ္ဝန္းက်င္ရရွိေစရန္ ေဆာင္႐ြက္ျခင္းျဖစ္ပါေၾကာင္း။

အစိုးရႏွင့္ပုဂၢလိကက႑အၾကား ေအာင္ျမင္ခဲ့ေသာ ပူးေပါင္းေဆာင္႐ြက္မႈ တစ္ခုမွာ သီလဝါ အထူး စီးပြားေရးဇုန္ျဖစ္ပါေၾကာင္း၊ သီလဝါစက္မႈဇုံသည္ အခ်ိန္တိုကာလအတြင္း သိသာထင္ရွားေသာ ေအာင္ျမင္မႈ ရရွိခဲ့ၿပီး စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ အေမရိကန္ေဒၚလာ ၁၄၉၁ သန္း ရရွိခဲ့ပါေၾကာင္း၊ အဆိုပါ ေဒၚလာေငြေၾကး ပမာဏမွာ ျမန္မာ့စီးပြားေရးအတြင္း ဝင္ေရာက္ေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ျပသေနပါေၾကာင္း၊ သီလဝါစက္မႈဇုံ၌ ဂ်ပန္၊ အေမရိကန္ျပည္ေထာင္စု၊ ဂ်ာမနီ၊ ျပင္သစ္၊ ဆြီဒင္၊ ၾသစေၾတးလ်၊ တ႐ုတ္၊ အိႏၵိယ၊ စင္ကာပူ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ ထိုင္ဝမ္တို႔မွ ရင္းႏွီးျမႇဳပ္ႏွံၾကၿပီး သီလဝါ အထူးစီးပြားေရး စက္မႈဇုန္ဘီတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္လည္း စိတ္အား ထက္သန္လ်က္ရွိၾကေၾကာင္း။

ကမၻာအႏွံ႔တြင္ ကိုယ္က်ိဳးစီးပြားကာကြယ္မႈဝါဒမ်ား အရွိန္အဟုန္ျမင့္မားေနၿပီး ႏိုင္ငံတကာ ပူးေပါင္း ေဆာင္႐ြက္မႈမွ ႏွစ္ႏိုင္ငံခ်င္းဆက္ဆံေရးကို ပိုမိုအသားေပးလာခ်ိန္၊ အခ်ိဳ႕က႑မ်ား၌ တံခါးပိတ္ဝါဒကို က်င့္သုံးလာၿပီး အခ်ိဳ႕ႏိုင္ငံမ်ားအၾကားေငြေၾကးႏွင့္ ကုန္သြယ္ေရးတင္းမာမႈမ်ား ျဖစ္ေပၚေနသည့္ အခ်ိန္ ကာလတြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးသည္ ျပန္လည္ရွင္သန္လာပါေၾကာင္း။

ယေန႔ျမန္မာႏိုင္ငံသည္ လြန္ခဲ့ေသာ ၁၀ ႏွစ္ကႏွင့္မတူမႀကဳံစဖူး ကမၻာ့ေမခ႐ို စီးပြားေရးစနစ္ေျပာင္းလဲမႈ၏ အက်ိဳးသက္ေရာက္မႈမ်ားႀကဳံေတြ႕ႏိုင္သည့္ အေနအထားတြင္ရွိေနပါေၾကာင္း၊ ကံေကာင္းေထာက္မစြာျဖင့္ ထိုကဲ့သို႔ ကမၻာလုံးဆိုင္ရာ စိန္ေခၚမႈမ်ား ရင္ဆိုင္ေနခ်ိန္တြင္ ၂၀၁၈ ခုႏွစ္အတြက္ အာရွတိုက္၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ အလားအလာမွာ ၆ ရာခိုင္ႏႈန္းရွိၿပီး၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ က အာရွဖြံ႕ၿဖိဳးတိုးတက္ ေရး ဘဏ္မွ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ၀ ဒသမ ၁ ရာခိုင္ႏူန္း တိုးတက္ လာသည္ကို ေတြ႕ရွိရပါေၾကာင္း၊ အာရွတိုက္၏စီးပြားေရးအေျခအေန ဖြံ႕ၿဖိဳးတိုးတက္လာျခင္းႏွင့္အတူ ျမန္မာႏိုင္ငံ၏ စီးပြားေရးမွာလည္း အလားအလာေကာင္းမ်ားရွိလာပါေၾကာင္း။

ျမန္မာႏိုင္ငံေစ်းကြက္ပြင့္လင္းလာေရးအတြက္ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနၿပီျဖစ္ပါေၾကာင္း၊ အေရွ႕ေတာင္အာရွ၏ အလားအလာရွိေသာ ေနာက္ဆုံးေစ်းကြက္ဟု ဆိုသည့္ အားေလ်ာ္စြာ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ားစြာရွိပါေၾကာင္း၊ အခ်ိဳ႕ကျမင္သာၿပီးအခ်ိဳ႕ကို အေမၽွာ္အျမင္ႀကီးမႈႏွင့္ ေတြးေခၚႀကံဆမႈတို႔ျဖင့္ ေတြ႕ျမင္ရမည္ျဖစ္ပါေၾကာင္း။

ယခု အာဆီယံစီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအေၾကာင္းကို ေျပာၾကားလိုပါေၾကာင္း၊ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ မိမိတို႔၏ ရည္မွန္းခ်က္ျဖစ္ေသာ တစ္ခုတည္းေသာ အျမင္၊ တစ္ခုတည္းေသာ အသြင္လကၡဏာတို႔ျဖင့္ တစ္ခုတည္းေသာ အသိုက္အဝန္း တစ္ခုအျဖစ္သို႔ ဦးတည္ေလၽွာက္လွမ္းလ်က္ ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္လည္း အာဆီယံသည္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအတြက္ အေရးပါေသာ အခန္းက႑မွ ပါဝင္ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ စက္တင္ဘာအထိ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားအနက္ ၄၅ ရာခိုင္ႏူန္း (အေမရိကန္ေဒၚလာ ၃၅၅၀၇ ဒသမ ၃၄၉ သန္း) မွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွျဖစ္ပါေၾကာင္း၊ ဤသည္ကို ၾကည့္ျခင္းျဖင့္ ျမန္မာႏိုင္ငံႏွင့္ အျခားအာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ခိုင္မာေသာ စီးပြားေရးဆက္သြယ္မႈရွိသည္ကို ေတြ႕ျမင္ႏိုင္ပါေၾကာင္း။

မိမိတို႔အားလုံးသိရွိၿပီးျဖစ္သည့္အတိုင္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အာဆီယံ ဘက္စုံရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားၿပီးျဖစ္ရာ သေဘာတူ စာခ်ဳပ္ပါ အခ်က္အလက္မ်ား၏ အသီးအပြင့္မ်ားကို ခံစားေနၾကရၿပီျဖစ္ပါေၾကာင္း၊ ထို႔အတူ အာဆီယံ-အိႏၵိယ၊ အာဆီယံ-တ႐ုတ္၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ေဟာင္ေကာင္ သေဘာတူစာခ်ဳပ္မ်ားအျပင္ အာဆီယံ-ၾသစေၾတးလ်-နယူးဇီလန္ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္မ်ားကိုလည္း လက္မွတ္ေရးထိုးၿပီး ျဖစ္ရာ ၎တို႔မွတစ္ဆင့္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံမ်ားက အက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္ပါေၾကာင္း။

မိမိတို႔ အတူတကြ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ထိေရာက္မႈ၊ ထုတ္လုပ္အား ႏွင့္ အျမတ္အစြန္းမ်ား ပိုမိုခံစားရရွိႏိုင္မည္ျဖစ္သည့္အျပင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားလည္း ပိုမိုဖန္တီးႏိုင္မည္ဟု မိမိ အေနျဖင့္ အခိုင္အမာ ယုံၾကည္ပါေၾကာင္း၊ မိမိအေနျဖင့္ အခြင့္အခါသင့္ခိုက္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ လုပ္ငန္းရွင္မ်ားကို ျမန္မာႏိုင္ငံ၏ အဓိကဦးစားေပးက႑မ်ားျဖစ္ေသာ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဆက္စပ္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ တန္ဖိုးျမႇင့္လယ္ယာစိုက္ပ်ိဳးေရး ထုတ္ကုန္ထုတ္လုပ္ျခင္း လုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ ပို႔ကုန္ျမႇင့္တင္ေရးစက္မႈလုပ္ငန္းမ်ား၊ သြင္းကုန္ အစားထိုးစက္မႈလုပ္ငန္းမ်ား၊ လၽွပ္စစ္၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ပညာေရးႏွင့္က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ တန္ဖိုးသင့္ အိမ္ယာ တည္ေဆာက္ေရးႏွင့္ စက္မႈဇုန္မ်ားတည္ေထာင္ေရးလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚ လိုပါေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပုဂၢလိကအခန္းက႑တြင္ အေရးပါၿပီး ျမန္မာႏိုင္ငံ အေနျဖင့္လည္း ပုဂၢလိကအခန္းက႑ျမႇင့္တင္ေရး၏ အေရးႀကီးပုံကို အသိအမွတ္ျပဳပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ပုဂၢလိကလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီကို ဦးေဆာင္သည့္ ဒုတိယသမၼတ ဦးျမင့္ေဆြ အေနျဖင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္အတူ လစဥ္ပုံမွန္ေတြ႕ဆုံ ေဆြးေႏြးလ်က္ရွိပါေၾကာင္း၊ ကမၻာ့ဘဏ္မွသတ္မွတ္သည့္ စီးပြားေရးလုပ္ကိုင္ရန္ လြယ္ကူသည့္ ႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးလုပ္ကိုင္ရန္ လြယ္ကူသည့္ အဆင့္သတ္မွတ္ခ်က္ ေကာင္းမြန္လာေစရန္ ရည္႐ြယ္လ်က္ လုပ္ငန္းအဖြဲ႕ႏွင့္ အေထာက္အကူျပဳအဖြဲ႕ ၁၀ ဖြဲ႕ ကို ဖြဲ႕စည္းထားၿပီး ျဖစ္ပါေၾကာင္း။

နိဂုံးခ်ဳပ္အေနျဖင့္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ ေကာင္းက်ိဳးရလဒ္မ်ား ျပန္လည္ခံစားရမည္ဟု မိမိအေနျဖင့္ယုံၾကည္ပါေၾကာင္းေျပာၾကားသည္။

မိန္႔ခြန္းေျပာၾကားမႈအၿပီးတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အား ထိပ္သီး အစည္းအေ၀းသုိ႔ တက္ေရာက္လာၾကသူမ်ားက ရင္းရင္းႏွီးႏွီးလာေရာက္ ႏႈတ္ဆက္ၾကသည္။
Myanmar State Counsellor Office
(Zawgyi Version)

------------------------------------------------------------

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

စင်ကာပူ နိုဝင်ဘာ ၁၂
စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ Marina Bay Sands ၌ ကျင်းပလျက်ရှိသည့် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေး (ASEAN Business and Investment Summit -2018 ) သို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤထိပ်သီးအစည်းအဝေးသို့ မိမိအနေဖြင့် ဒုတိယအကြိမ်မြောက်ပါဝင် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ASEAN Business and Investment Summit သည် မြန်မာနိုင်ငံအပြင် အာဆီယံအတွက် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ကောင်းမွန်သည့်နေရာ တစ်ခုဖြစ်ပါကြောင်း၊ မိမိယနေ့ ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်မှာ “မြန်မာနိုင်ငံနှင့် အာဆီယံတွင် စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှု” ဖြစ်ပါကြောင်း။

မိမိ၏ဆွေးနွေးမှုကိုမြန်မာ့စီးပွားရေး၏ နောက်ခံအချက်အလက်နှင့် စတင်လိုပါကြောင်း၊ မြန်မာနိုင်ငံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားလုံးပါဝင်ပြီး ပြည်သူကို ဗဟိုပြုသည့် အမျိုးသား စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒသည် အမျိုးသား စီးပွားရေးမူဝါဒနှင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါကြောင်း။

မြန်မာနိုင်ငံအတွင်း ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေစေမည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများကို ဖန်တီးနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်လာရန်နှင့်ဒေသတွင်း၊ နိုင်ငံတကာ သဘောတူညီမှုများနှင့်ကိုက်ညီသည့် စီးပွားရေးဖြစ်ထွန်းစေရန်အတွက် International Finance Corporation ၏ နည်းပညာအကူအညီဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း။

အဆိုပါ ဥပဒေသစ်တွင်စီးပွားရေးလုပ်ငန်းရှင်များအား တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော၊ လွယ်ကူမြန်ဆန်သော နည်းလမ်းများမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် အရေးကြီးသော အချက်များစွာပါဝင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအားလုံးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရယူရန် မလိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း သိမ်းပိုက်ခံရခြင်းမရှိစေရန် အာမခံပါကြောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း နေရာဒေသနှင့် ဦးစားပေးကဏ္ဍအလိုက် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များ၏ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်နည်းပါးစေရန် ရည်ရွယ်လျက် အာဏာခွဲဝေအပ်နှင်းမှုနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နစ်နာမှုမရှိစေမည့်စနစ် ထူထောင်သွားမည်ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲ နည်းဥပဒေများကိုလည်း ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍစုံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အချို့ပြုပြင် ပြောင်းလဲမှုများကို ထင်ရှားစွာတွေ့မြင်နိုင်သော်လည်း အချို့ ပြောင်းလဲမှုများကို ထင်ရှားစွာ တွေ့မြင်နိုင်ခြင်း မရှိပါကြောင်း၊ နိုင်ငံတွင်း မေခရို စီးပွားရေး စီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများမှာ စီးပွားရေးတည်ငြိမ်မှုအတွက် များစွာအရေးပါပြီး ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမှုများကို သာမန် အားဖြင့် မမြင်တွေ့နိုင်သော်လည်း ပြောင်းလဲမှုများသည် သိသာပြီး ရေရှည်အတွက် များစွာအကျိုးရှိစေ နိုင်ပါကြောင်း။

ပြုပြင်ပြောင်းလဲမှုများအနက် သိသာထင်ရှားသည့် အပြောင်းအလဲဟု ဆိုနိုင်မည့် နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ကုမ္ပဏီအက်ဥပဒေကို လက်ရှိစီးပွားရေးဝန်းကျင်နှင့် ကိုက်ညီစေရန် မကြာသေးမီက ပြောင်းလဲနိုင်ခဲ့ခြင်းသည် အရေးပါသော ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ခဲ့ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် အသက်ဝင်ခဲ့ပါကြောင်း၊ ယင်းကုမ္ပဏီဥပဒေအသစ်တွင် ပါဝင်သော Electronic Registry စနစ်ကြောင့် MyCO ဟုခေါ်သည့် Myanmar Company Online ကိုအသုံးပြု၍ ကုမ္ပဏီများ အနေဖြင့် နာရီအနည်းငယ် အတွင်း မှတ်ပုံတင်နိုင်ပါကြောင်း၊ ကုမ္ပဏီများ ဥပဒေအသစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အစုအဖွဲ့ လုပ်ငန်းပုံစံကို ပြောင်းလဲစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ် လွယ်ကူစွာ မှတ်ပုံတင်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိစီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှုများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတည်တံ့ခိုင်မာမှု အာမခံချက်ကိုလည်းရရှိ စေမည်ဖြစ်ပါကြောင်း။

ကုမ္ပဏီဥပဒေသစ်သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် လွယ်ကူသည့် အဆင့် သတ်မှတ်ချက် ကောင်းမွန်လာစေရန်အတွက် အဓိကကျသည့် စီးပွားရေးစတင်ဆောင်ရွက်ရန် လွယ်ကူသည့်အဆင့် သတ်မှတ်ချက်ကို ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အထိ ကုမ္ပဏီပေါင်း (၁၄၀၀၀) ကျော်ခန့်သည် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပြီး ကုမ္ပဏီပေါင်း (၄၀၀၀) ကျော်မှာလည်း အွန်လိုင်းစနစ်ဖြင့် အသစ်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့်အဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လွယ်ကူရှင်းလင်းပြီး ကြိုတင် မှန်းဆ၍ရသည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း သာမက အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကိုပါ ပြန်လည် သုံးသပ်လျက် ရှိပါကြောင်း။

အဆိုပါ ဆောင်ရွက်ချက်သည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်စရာမလိုသော ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူ ဖြစ်စေမည်ဟုမျှော်လင့်ပါကြောင်း၊ ပြတင်းတစ်ပေါက်စနစ်သည် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့နေရသော နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီး ကာလများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းနှင့် ပြတင်းတစ်ပေါက်စနစ်ပေါ်ထွန်းရေး ဆောင်ရွက်ခြင်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရုံသာမက ကြိုတင်ခန့်မှန်းနိုင်မှု၊ အထောက်အကူပြုမှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ပတ်ဝန်းကျင်ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား အောင်မြင်ခဲ့သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုမှာ သီလဝါ အထူး စီးပွားရေးဇုန်ဖြစ်ပါကြောင်း၊ သီလဝါစက်မှုဇုံသည် အချိန်တိုကာလအတွင်း သိသာထင်ရှားသော အောင်မြင်မှု ရရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၁ သန်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ ဒေါ်လာငွေကြေး ပမာဏမှာ မြန်မာ့စီးပွားရေးအတွင်း ဝင်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြသနေပါကြောင်း၊ သီလဝါစက်မှုဇုံ၌ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ထိုင်ဝမ်တို့မှ ရင်းနှီးမြှုပ်နှံကြပြီး သီလဝါ အထူးစီးပွားရေး စက်မှုဇုန်ဘီတွင် ရင်းနှီးမြှုပ်နှံရန်လည်း စိတ်အား ထက်သန်လျက်ရှိကြကြောင်း။

ကမ္ဘာအနှံ့တွင် ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒများ အရှိန်အဟုန်မြင့်မားနေပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုမှ နှစ်နိုင်ငံချင်းဆက်ဆံရေးကို ပိုမိုအသားပေးလာချိန်၊ အချို့ကဏ္ဍများ၌ တံခါးပိတ်ဝါဒကို ကျင့်သုံးလာပြီး အချို့နိုင်ငံများအကြားငွေကြေးနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန် ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ရှင်သန်လာပါကြောင်း။

ယနေ့မြန်မာနိုင်ငံသည် လွန်ခဲ့သော ၁၀ နှစ်ကနှင့်မတူမကြုံစဖူး ကမ္ဘာ့မေခရို စီးပွားရေးစနစ်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြုံတွေ့နိုင်သည့် အနေအထားတွင်ရှိနေပါကြောင်း၊ ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေချိန်တွင် ၂၀၁၈ ခုနှစ်အတွက် အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ ၆ ရာခိုင်နှုန်းရှိပြီး၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ က အာရှဖွံ့ဖြိုးတိုးတက် ရေး ဘဏ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နူန်း တိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း၊ အာရှတိုက်၏စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း အလားအလာကောင်းများရှိလာပါကြောင်း။

မြန်မာနိုင်ငံဈေးကွက်ပွင့်လင်းလာရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ၏ အလားအလာရှိသော နောက်ဆုံးဈေးကွက်ဟု ဆိုသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာရှိပါကြောင်း၊ အချို့ကမြင်သာပြီးအချို့ကို အမျှော်အမြင်ကြီးမှုနှင့် တွေးခေါ်ကြံဆမှုတို့ဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

ယခု အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ပြောကြားလိုပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာတို့ဖြင့် တစ်ခုတည်းသော အသိုက်အဝန်း တစ်ခုအဖြစ်သို့ ဦးတည်လျှောက်လှမ်းလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက်လည်း အာဆီယံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် ၄၅ ရာခိုင်နူန်း (အမေရိကန်ဒေါ်လာ ၃၅၅၀၇ ဒသမ ၃၄၉ သန်း) မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဖြစ်ပါကြောင်း၊ ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာသော စီးပွားရေးဆက်သွယ်မှုရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း။

မိမိတို့အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ သဘောတူ စာချုပ်ပါ အချက်အလက်များ၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်ပါကြောင်း၊ ထို့အတူ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဟောင်ကောင် သဘောတူစာချုပ်များအပြင် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် ကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ရာ ၎င်းတို့မှတစ်ဆင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါကြောင်း။

မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ထိရောက်မှု၊ ထုတ်လုပ်အား နှင့် အမြတ်အစွန်းများ ပိုမိုခံစားရရှိနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးနိုင်မည်ဟု မိမိ အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် အခွင့်အခါသင့်ခိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ အဓိကဦးစားပေးကဏ္ဍများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးမြှင့်လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးစက်မှုလုပ်ငန်းများ၊ သွင်းကုန် အစားထိုးစက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးသင့် အိမ်ယာ တည်ဆောက်ရေးနှင့် စက်မှုဇုန်များတည်ထောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လိုပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍတွင် အရေးပါပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဦးဆောင်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်မှသတ်မှတ်သည့် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် အဆင့်သတ်မှတ်ချက် ကောင်းမွန်လာစေရန် ရည်ရွယ်လျက် လုပ်ငန်းအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကောင်းကျိုးရလဒ်များ ပြန်လည်ခံစားရမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်းပြောကြားသည်။

မိန့်ခွန်းပြောကြားမှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရင်းရင်းနှီးနှီးလာရောက် နှုတ်ဆက်ကြသည်။

(Unicode Version)
Myanmar State Counsellor Office









No comments:

Post a Comment