Wednesday, November 14, 2018
တရုတ်နိုင်ငံသားနှစ်ဦးအား လူသတ်မှုကျူးလွန်သူ မြန်မာ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားခရိုင်တရားရုံးက သေဒဏ်ချမှတ်
မြစ်ကြီးနား နိုဝင်ဘာ ၁၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအနီးရှိ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားနှစ်ဦးအား လူသတ်မှုကျူးလွန်ခဲ့သည့် မြန်မာအမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၁၃ရက် ညနေ၅နာရီက မြစ်ကြီးနားခရိုင်တရားရုံက သေဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မေလက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာနှင့် သုံးမိုင်ခန့်ဝေးသည့် စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် မဟာပူခရိုင် ကွမ်ရှီးပြည်နယ် ပိုင်ရှားမြို့ ဝူရှင်းကျေးရွာနေ ရန်ရှီကွမ်း(၄၅)နှစ်နှင့် ဝူးပေခရိုင် ကွမ်းရှီးပြည်နယ် လျှို့ချိန်းကျေးရွာ နေ ဝေဖုန်းရေ့(၄၄)နှစ်တို့ နှစ်ဦးအား လူသတ်မှုကျူးလွန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့ မိုးကောင်းရပ်ကွက်နေ ဇော်မင်း(ခ)ဇော်မင်းထွန်း(ခ)မင်းမင်း(၃၉)နှစ် နှင့် တင်မျိုးဝင်း(ခ) အောင်အောင်(၃၀)နှစ်တို့ နှစ်ဦးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ ရန်ရှီကွမ်းအား သေဆုံးစေမှုအတွက် သေဒဏ်ကျ ခံစေရန်နှင့် ဝေဖုန်းရေ့အား သေဆုံးစေမှုအတွက် သေဒဏ်ကျ ခံစေရန်ကို ပြစ်မှုတစ်ခုပြီးမှ တစ်ခုကျခံစေရန်နှင့် (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရမည်) ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်နိုင်ငံသားနှစ်ဦးအား လူသတ်မှုကျူးလွန်သူ မြန်မာ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားခရိုင်တရားရုံးက သေဒဏ်ချမှတ်
Reviewed by timeayeyar
on
4:14 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment