Latest News

Monday, November 5, 2018

အမေရိကန်နှင့် ကစားမည့် ချစ်ကြည်ရေးပွဲစဉ် အင်္ဂလန်အသင်းနှင့်အတူ တိုက်စစ်မှူးရွန်းနီ ပါဝင်လာမည်

အမေရိကန်နှင့် ကစားမည့် ချစ်ကြည်ရေးပွဲစဉ်
အင်္ဂလန်အသင်းနှင့်အတူ တိုက်စစ်မှူးရွန်းနီ ပါဝင်လာမည်

အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး ရွန်းနီသည် နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန် အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် နည်းပြဆောက်ဂိတ်၏ အင်္ဂလန် အသင်းနှင့်အတူ ပါဝင်လာမည်ဖြစ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောကြား ခဲ့သည်။ တိုက်စစ်မှူး ရွန်းနီ ပါဝင်လာခြင်းအားဖြင့် နည်းပြဆောက်ဂိတ်၏ အင်္ဂလန်အသင်းအပေါ် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လိမ့်မည်မဟုတ်ကြောင်း  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြောကြား ထားသည်။

တိုက်စစ်မှူးရွန်းနီအနေဖြင့် အဆိုပါပွဲစဉ်တွင် ပါဝင်ကစားမည်ဆိုပါက အင်္ဂလန်လက်ရွေး စင်အသင်းနှင့်အတူ ပါဝင်ကစားခဲ့သည့်ပွဲစဉ် ၁၂ဝ ရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။ တိုက်စစ်မှူးရွန်းနီသည် ယခင်က အင်္ဂလန်အသင်းအတွက် ၁၁၉ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၅၃ ဂိုးအထိ  သွင်းယူပေးထားနိုင်ခဲ့သူဖြစ်သည်။

မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီသည် အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝမှ အနားယူ လိုက်ပြီဖြစ်ကြောင်း လွန်ခဲ့သည့် ၁၅ လအတွင်းက တရားဝင်ကြေညာခဲ့သူဖြစ်သည်။ ရွန်းနီ ပါဝင်ကစားခဲ့သည့် ၁၁၉ ပွဲတွင်လည်း ၇၁ ပွဲအနိုင်ရရှိခဲ့ပြီး ၂၉ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ကာ ၁၉ ပွဲမှာ ရှုံးပွဲကြုံခဲ့ကြောင်းလည်း  သိရသည်။

တိုက်စစ်မှူးရွန်းနီသည်  အင်္ဂလန်အသင်းနှင့်အတူ   နောက်ဆုံးကစားခဲ့သည့်ပွဲစဉ်မှာ လွန်ခဲ့သည့်   နှစ်နှစ်က   အင်္ဂလန်အသင်းက   စကော့တလန်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်  ဖြစ်သည်။

ငွေကြယ် (Mirror)

No comments:

Post a Comment