Latest News

Monday, November 5, 2018

မြန်အောင်မြို့နယ်၌ အင်ပင်မြို့ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင်မြို့နယ်၌ အင်ပင်မြို့ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင်   နိုဝင်ဘာ   ၎

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ဒေသအား အင်ပင်မြို့အဖြစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို  နိုဝင်ဘာ ၄  ရက် နံနက်က ကျင်းပခဲ့သည်။

ရှေးဦးစွာ    မြို့မုခ်ဦးတွင်    ဖွင့်ပွဲ ကျင်းပရာ   တိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးလှမိုးအောင်၊  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်    ဦးမောင်မောင်အုန်း၊    တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဒေါ်စုစုအောင်၊ တိုင်းဒေသကြီး  အုပ်ချုပ် ရေးမှူး  ဦးသန်းဆွေဝင်းနှင့်    မြို့မိမြို့ဖ တစ်ဦးတို့က   အခမ်းအနားကို   ဖဲကြိုး ဖြတ်၍  ဖွင့်လှစ်ပေးသည်။
ထို့နောက်     အင်ပင်    အ.ထ.က  အောင်သပြေခန်းမ၌  တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးလှမိုးအောင်၊ တိုင်းဒေသ ကြီး  အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းတို့ က ဝမ်းမြောက်စကားများ  ပြောကြားကြ သည်။ ယင်းနောက် အင်ပင် မြို့မိမြို့ဖတစ်ဦး ဖြစ်သော ဦးသန်းဌေးအောင်က  ကျေးဇူး တင်စကား  ပြန်လည်ပြောကြားသည်။

အင်ပင်ဒေသသည်    ခေတ်စနစ်နှင့် အညီ မြို့အဂ¯ ၂၁ ရပ်ဖြင့် ပြည့်စုံသော ကြောင့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် ပြည်ထဲရေးဝန်ကြီးဌာနက ၂ဝ၁၈ ခုနှစ်   စက်တင်ဘာလ  ၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ၁၁၉၃/၂ဝ၁၈ ဖြင့် အင်ပင်မြို့အဖြစ်  သတ်မှတ်ခဲ့ကြောင်း သိရသည်။        သန်းဌေးအောင်(အင်ပင်)

No comments:

Post a Comment