Latest News

Monday, November 5, 2018

တိုက်စစ်မှူးနေမာ ဘာစီလိုနာအသင်းတွင် ပြန်လည်ကစားဖို့ ဆန္ဒရှိနေဟုဆို



တိုက်စစ်မှူးနေမာ ဘာစီလိုနာအသင်းတွင် ပြန်လည်ကစားဖို့ ဆန္ဒရှိနေဟုဆို

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာဟာ ကစားဖော်ဟောင်း တွေဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီနဲ့ ဆွာရတ်ဇ်တို့ရဲ့ ချိတ်ဆက်မှုတွေ ကြောင့် အသင်းဟောင်းဘာစီလိုနာအသင်းမှာ ပြန်လည်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ကစားဖော်ဟောင်းတစ်ဦးဖြစ်တဲ့ မာတင်မွန်တိုယာ က ပြောခဲ့ပါတယ်။

တိုက်စစ်မှူးနေမာဟာ ၂ဝ၁၇ ခုနှစ်အတွင်းက ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ စပိန်လာလီဂါပြိုင်ဘက် ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ခေါ်ယူရန်ချိတ်ဆက်မှုအပါအဝင် မက်ဆီနဲ့ ဆွာရတ်ဇ်တို့ရဲ့ ချိတ်ဆက်မှုတွေကြောင့် စပိန်မြေမှာ တစ်ကျော့ပြန်လည်ခြေချဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်နေ တာဖြစ်ပါတယ်။  နေမာကို   ဘာစီလိုနာကို ပြန်လာဖို့ မက်ဆီနဲ့ ဆွာရတ်ဇ်တို့က ချိတ်ဆက်နေပေမယ့် မွန်တိုယာကတော့ နေမာဟာ ဘာစီလိုနာကို ပြန်သွားဖို့ဆိုတာ အခက်အခဲတစ်ခုဖြစ်လိမ့်မယ် ထင်တယ်လို့ဆိုပါတယ်။

မွန်တိုယာဟာ တိုက်စစ်မှူး နေမာနဲ့အတူ ဘာစီလိုနာအသင်း မှာ ၂ဝ၁၆ ခုနှစ် ဘောလုံးရာသီသုံးရာသီကြာဖြတ်သန်းခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဘရိုက်တန်အသင်းမှာ ကစား နေတာဖြစ်ပါတယ်။

တိုက်စစ်မှူးနေမာအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့အတူ လိဂ်ပွဲစဉ် ၁ဝ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုးကိုးဂိုးသွင်းယူပေးခဲ့ကာ  ချန်ပီယံ လိဂ်သုံးပွဲကစားပေးခဲ့ရာမှာလည်း  သွင်းဂိုးသုံးဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပြင်သစ်စူပါဖလားတစ်ပွဲတို့ကို ပါဝင်ကစားပေးခဲ့ပါတယ်။

ငွေကြယ်(Mirror)

No comments:

Post a Comment