Latest News

Monday, November 5, 2018

ချယ်လ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးမန်စီးတီးအသင်း၊ လီဗာပူးအသင်းတို့နှင့်အတူ ပရီမီယာလိဂ်ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့

ချယ်လ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးမန်စီးတီးအသင်း၊ လီဗာပူးအသင်းတို့နှင့်အတူ ပရီမီယာလိဂ်ရှုံးပွဲမရှိ  စံချိန်တင်နိုင်ခဲ့

ချယ်လ်ဆီးအသင်းဟာ  ပရီမီယာလိဂ် ပွဲစဉ် ၁၁ မှာ ခရစ္စတယ်ပဲလေ့အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဲဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့တာမို့ မန်စီးတီးအသင်း၊ လီဗာပူး အသင်းတို့နဲ့အတူ ပရီမီယာလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ မရှိစံချိန်တင်ထားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့ အသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက်သွင်းဂိုးတွေကို ပွဲကစားချိန် ၃၂ မိနစ် နဲ့ ၆၅ မိနစ်မှာ မိုရက်တာကလည်းကောင်း၊ ပွဲကစားချိန် မိနစ် ၇ဝ မှာ ပက်ဒရိုကလည်း ကောင်း သွင်းယူပေးခဲ့တာဖြစ်ပြီး ခရစ္စတယ် ပဲလေ့အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့  ပွဲကစားချိန် ၅၃ မိနစ်မှာ တောင်ဆန်ကသွင်း ယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ မိုရက်တာဟာ ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်းက  ရီးယဲလ်မက်ဒရစ် အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၆ဝ နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အဲဒီအချိန်က စလို့ ချယ်လ်ဆီးအသင်းအတွက် လိဂ်ပွဲ ၄ဝ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူပါ။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစား ခဲ့တဲ့လေးပွဲမှာ လေးဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ    ဆာရီဟာ လည်း ချယ်လ်ဆီးနည်းပြတစ်ဦးအနေနဲ့ ပထမ ဆုံးပရီမီယာလိဂ်ပွဲစဉ် ၁၁ ပွဲအထိ ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့ အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ၁ဝ ပွဲကနေ ရမှတ်ငါးမှတ်သာစုဆောင်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့အတူ မန်စီးတီး အသင်း၊ လီဗာပူးအသင်းတို့ဟာလည်း ပရီမီ ယာလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ မန်စီးတီးက ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံး မှာဦးဆောင်နေပြီး ချယ်လ်ဆီးအသင်းနဲ့ လီဗာ ပူးအသင်းတို့ကတော့ ရမှတ်တူဂိုးကွာခြားချက် နဲ့ ချယ်လ်ဆီးက အဆင့်(၂)၊ လီဗာပူးက အဆင့်(၃) အသီးသီး   ရပ်တည်နေတာဖြစ် ပါတယ်။

ငွေကြယ်(Mirror)

No comments:

Post a Comment