Latest News

Thursday, November 1, 2018

လာဇီယိုနှင့် ပွဲစဉ်တွင် အိုင်ကာဒီ နှစ်ဂိုးသွင်းယူခဲ့ပြီး အင်တာမီလန်အသင်း အဆင့် ၂ နေရာသို့ တက်လှမ်း

လာဇီယိုနှင့် ပွဲစဉ်တွင် အိုင်ကာဒီ နှစ်ဂိုးသွင်းယူခဲ့ပြီး
အင်တာမီလန်အသင်း အဆင့် ၂ နေရာသို့ တက်လှမ်း

လာဇီယိုအသင်းနှင့်   အင်တာမီလန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီ စီးရီးအေပွဲစဉ် ၁ဝ တွင် အင်တာမီလန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် အင်တာမီလန်အသင်း အတွက် သွင်းဂိုးများကို ပွဲကစားချိန် ၂၈ မိနစ် နှင့် မိနစ် ၇ဝ တွင် အိုင်ကာဒီကလည်းကောင်း၊ ပွဲကစားချိန် ၄၁ မိနစ်တွင် ဘရိုဇိုဗစ်ကလည်း ကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အိုင်ကာဒီသည် ယခုပွဲစဉ်တွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် အင်တာမီလန် အသင်းနှင့်အတူ လေးပွဲတွင် ခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အင်တာမီလန်အသင်းသည် လည်း အီတလီစီးရီးအေအမှတ်ပေးဇယား၏ အဆင့် ၂ နေရာသို့ တက်လှမ်းခွင့်ရရှိခဲ့သည်။

လက်ရှိတွင် အင်တာမီလန်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်နေသည့် ဂျူဗင်တပ်အသင်းနှင့် ရမှတ်ခြောက်မှတ်ကွာ အနေအထားသို့      ရောက်ရှိလာခဲ့သည်။ လာဇီယိုအသင်းမှာ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်လျက်ရှိသည်။

ငွေကြယ် (ကြေးမှုံ)

No comments:

Post a Comment