Latest News

Thursday, November 1, 2018

စပါးကွင်းလယ်ကစားသမား အလီ ၂ဝ၂၄ အထိရှိနေမည့် စာချုပ်သစ်ချုပ်ဆို

စပါးကွင်းလယ်ကစားသမား အလီ ၂ဝ၂၄ အထိရှိနေမည့် စာချုပ်သစ်ချုပ်ဆို

ပရီမီယာလိဂ်ကလပ်  စပါးအသင်းမှ  အင်္ဂလန်ကွင်းလယ်  ကစားသမား ဒီလီအလီသည် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ပြီဖြစ်သောကြောင့် စပါးအသင်းတွင် ၂ဝ၂၄ ခုနှစ်အထိ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား အလီသည် ၂ဝ၁၅ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ငါးသန်းဖြင့် စပါးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး စပါးအသင်းအတွက် ၁၅၃ ပွဲပါဝင်ကစားပေး ထားကာ သွင်းဂိုး ၄၈ ဂိုးအထိသွင်းယူထားသူဖြစ်သည်။

အလီသည် ယခုနှစ်တွင် မန်စီးတီးအသင်းအား တစ်ဂိုး-ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပါအဝင် စပါးအသင်းအတွက် ပရီမီယာလိဂ် ပွဲစဉ် ခြောက်ပွဲသာပါဝင်ကစားပေးထားပြီး ရာသီစတင်ကတည်းက ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ကွင်းလယ်ကစားသမား အလီသည် စပါးအသင်းနှင့်အတူ အသက် ၁၆ နှစ်အရွယ်ကတည်းက စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့သူ ဖြစ်ပြီး အမ်ကေဒွန်းအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ် သည်။

စပါးအသင်းသည် မကြာသေးမီကာလအတွင်းက ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ဟယ်ရီဝင့်ခ် စသည့်ကစားသမားများကို ကာလရှည် စာချုပ်သစ်များချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကွင်းလယ်ကစားသမား ဒီလီအလီကို စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ငွေကြယ် (ကြေးမှုံ)

No comments:

Post a Comment