Latest News

Thursday, November 1, 2018

ဘိုကလေးမြို့မရဲအချုပ်အတွင်း၌ အချုပ်သားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး

ဘိုကလေးမြို့မရဲအချုပ်အတွင်း၌ အချုပ်သားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး

ဘိုကလေး အောက်တိုဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ မြို့မရဲစခန်းအချုပ်၌ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက အလှည့်ကျကင်းရဲတပ်သား ကိုင်ဆောင်ထားသော သေနတ်မောင်းခလုတ်နှိပ်မိရာမှ အချုပ်သားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဘိုကလေးမြို့မရဲအချုပ်တွင်   အချုပ်သားနှစ်ဦးက   ဂျာနယ်တစ်ခုပါ သတင်းနှင့်ပတ်သက်၍ အပြန်အလှန်စကားပြောဆိုနေကြစဉ် အလှည့်ကျ ကင်းရဲတပ်သား အောင်သူက သေနတ်ကိုင်ဆောင်ချိန်ရွယ်လျက် ၄င်းတို့ စကားပြောနေသည့်  အချုပ်ခန်းဘေးသို့ ရောက်ရှိခဲ့ပြီး စနောက်ပြောဆိုရင်း  သေနတ်မောင်းခလုတ်အား နှိပ်မိရာမှ ကျည်ထွက်သွားကာ အချုပ်ခန်းအတွင်း ရေချိုးသည့်နေရာမှ ထွက်လာသော အချုပ်သား ထွန်းမင်း(ခ) ကလေးငယ် အား ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်အားပေါ့ဆစွာကိုင်ဆောင်သူ  ရဲတပ်သားအောင်သူအား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သူဇာနွယ် (ဖျာပုံ)

No comments:

Post a Comment