Latest News

Thursday, November 1, 2018

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဖြစ်လာရန်အတွက် ချယ်လ်ဆီးနည်းပြဟောင်းကွန်တီ စောင့်မျှော်လျက်ရှိ

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဖြစ်လာရန်အတွက်
ချယ်လ်ဆီးနည်းပြဟောင်းကွန်တီ စောင့်မျှော်လျက်ရှိ

ရီးယဲလ်မက်ဒရစ်အသင်းက နည်းပြ လိုပက်တီဂေးကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြဟောင်း ကွန်တီကို အစားထိုးခန့်အပ်မည်ဟု သတင်း များထွက်ပေါ်လျက်ရှိသည်။

သို့ရာတွင် လက်ရှိအချိန်အထိ ခန့်အပ် ခြင်းမရှိသေးသည့်အတွက်ကြောင့် ကွန်တီ အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဖြစ်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရ သည်။

နောက်ပိုင်းထွက်ပေါ်လာသည့်သတင်း များအရ   ရီးယဲလ်မက်ဒရစ်ကစားသမား ဟောင်း ဆန်တီယာဂိုဆိုလာရီကို  နည်းပြ အဖြစ်ခန့်အပ်ရန်ရှိနေပြီး   ဆိုလာရီသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၅  ခုနှစ်အထိ  ကစားခဲ့သူဖြစ်သည်။ ဆိုလာရီသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ပွဲပေါင်း ၁၃၁ ပွဲပါဝင်ကစားပေးခဲ့ရာ သွင်းဂိုး ၁ဝ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သည့် ကွင်းလယ် ကစားသမားတစ်ဦးလည်းဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းနည်းပြ ဟောင်း     ကွန်တီနှင့်   ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ဆိုလာရီတို့မှာ နည်းပြ လိုပက်တီဂေးနေရာတွင် အစားထိုးနည်းပြ အဖြစ် တာဝန်ယူရန်အတွက်    အပြိုင်ဖြစ်နေ ပြီး မကြာမီအချိန်ပိုင်းအတွင်း ရီးယဲလ်မက်ဒရစ် အသင်းက  နည်းပြသစ်ကို  ခန့်အပ်သွားမည် ဖြစ်ကြောင်း  သိရသည်။

ငွေကြယ်(ကြေးမှုံ)

No comments:

Post a Comment