Latest News

Thursday, November 1, 2018

မြောင်းမြတွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆေးခြောက်များ ဖမ်းဆီးရမိ

မြောင်းမြတွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆေးခြောက်များ ဖမ်းဆီးရမိ

မြောင်းမြ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ကံ့ကော်မြိုင်ရပ်ကွက်၊ အတွင်းစစ်တလင်းပတ်လမ်းတွင် ယနေ့နံနက်(၈း၀၀)နာရီခန့်၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆေးခြောက်များ ဖမ်းဆီးရမိသည်။
ဖြစ်စဉ်မှာ မြောင်းမြခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်ခေါင်းဆောင် ရဲအုပ်အောင်ထွန်းဝင်းနှင့် အဖွဲ့သည် သတင်းအရ မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်၊အတွင်းစစ်တလင်းပတ်လမ်းနေ ဦးရန်မျိုးအောင်(ခ)အန့်ကူ နေအိမ်အား မူးယစ်ဆေးဝါး ရှာဖွေ ခွင့်ဝရမ်းအမှတ်(၁၀/၂၀၁၈)ဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ် အနောက်ဖက်ခန်းတွင် ဦးရန်မျိုးအောင်(ခ)အန့်ကူနှင့် ၄င်း၏ဇနီး မအိမ့်သျှမ်နီဝင်းနိုင်တို့အား အိပ်ယာထဲတွင်တွေ့ရှိပြီး အိပ်ယာ ဘေးတွင် ခဲပြားဖြင့် လိပ်ထားသော WY ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၀)ပြားပါ ၃ချောင်းဖြင့် ပေါင်း (၃၀)ပြား၊ အဝါရောင် ပလပ်စတစ်ပိုက်ဖြင့်ထည့်ထားသော WY ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၃)လုံးပါ (၈)ချောင်း ပေါင်း(၂၄)ပြား၊ အဝါရောင် ပလပ်စတစ်ပိုက်ဖြင့်ထည့်ထားသော WY ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၂)လုံးပါ(၄)ချောင်း ပေါင်း(၈)ပြား၊ အဝါရောင် ပလပ်စတစ်ပိုက်ဖြင့်ထည့်ထားသော WY အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂)လုံးပါ (၁)ချောင်း ပေါင်း(၂)လုံး၊ အဖြူရောင်ကော်ဘူးဖြင့်ထည့်ထားသော ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် (၂)ဂရမ်ပါ (၁)ဘူး၊ အဝါရောင် မိန်းမကိုင် ပိုက်ဆံအိပ် ၁လုံး၊ အပြာရောင်ပလပ်စတစ် အိတ်အသေး (၂)အိတ်၊ အသုံးပြုလက်စ ခဲပြား(၄)ပြား၊ ခဲပြားလိပ်(၁)ခု၊ ပိုက်အကြည်တပ်ဆင်ထားသော အဖြူရောင်ကော်ဗူး (၁)ဘူး၊ ပိုက်အကြည်တပ်ဆင်ထားသော အကြည်ရောင် ကော်ဘူး(၁)ဘူး၊ အပ်တပ်ဆင်ထားသော ခရမ်းရောင်မီးခြစ်တစ်လုံး၊ အစိမ်းရောင် လက်ကိုင်ရိုးပါ ကပ်ကြေး(၁)ချောင်း၊ အဖြူရောင်ဖုန်း(၁)လုံး၊ ဟွန်ဒါကလစ် ဆိုင်ကယ်(၁)စီး၊ ငွေ ၁၀၂၅၀၀ိ/-ကျပ်တို့အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ဦးရန်မျိုးအောင် (ခ)အန့်ကူနှင့် မအိမ့်သျှံနီဝင်းနိုင် တို့ထံမှရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် ဆေးခြောက်များအား တရားမဝင် လက်ဝယ် ထားရှိရောင်းချသူ ဦးရန်မျိုးအောင်(ခ)အန့်က၊ူ ၄၃နှစ်နှင့် မအိမ့်သျှံနီဝင်းနိုင် ၊၂၉နှစ်တို့အား အရေးယူပေးရန် ရဲအုပ်အောင်ထွန်းဝင်းမှ တိုင်တန်းသဖြင့်  အမှုအား ဒုရဲအုပ် ဆန်းဝင်းအောင်မှ စစ်ဆေးကာ ဖမ်းဆီးထားရှိကြောင်း သိရသည်။
မိုးစက်(မြောင်းမြ)

No comments:

Post a Comment