အလှမယ် စိုးရတနာထွန်း မလေးရှားသို့ထွက်ခွာ
မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၃ ရက်မှ ၂၁ ရက်အထိကျင်းပမယ့် နိုင်ငံ ပေါင်း ၃၅ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်မယ့် Miss Cosmopolitan World 2018 ပြိုင်ပွဲကို အသက် ၂၁ နှစ် အရွယ် မြန်မာစာ တတိယနှစ် ကျောင်းသူ Miss Cosmopolitan Myanmar 2018 Winner ဆုရှင် စိုးရတနာထွန်းက မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အောက်တိုဘာ ၃ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် လေဆိပ်က မထွက်ခွာခင် သူ့ရဲ့ပြိုင်ပွဲအပေါ်ထားရှိတဲ့ ယုံကြည်မှု၊ ခံစားမှုနဲ့ ပြင်ဆင်တဲ့ အပိုင်းလေးတွေကို တွေ့ဆုံမေးမြန်းတင်ပြလိုက်ပါတယ်။
မေး။ ။ကြိုတင်ပြင်ဆင်ထားတာလေးပြောပေးပါ။
ဖြေ။ ။အချိန်က တစ်လလောက်ပဲရတယ်။Talent အပိုင်း ပြင်ဆင်ထား တယ်။ နိုင်ငံခြားမှာ သွားပြိုင်ရမှာဖြစ်တဲ့အတွက် အနေအထိုင်အပြုအမူတွေက အစ တီချယ်လှနုနဲ့ အသေးစိတ်လေ့ကျင့်ထားတယ်။ အင်္ဂလိပ်စကားပြောလည်း သေသေချာချာ လေ့လာထားပါတယ်။
မေး။ Talent ပိုင်းကို ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ။ ။Talent ကတော့ မြန်မာအက(ပန်ထွာအက)ပြီးတော့ ရှေးခေတ်က မြန်မာစစ်သူကြီးတွေ စစ်ထွက်တဲ့အခါကျရင် ရဲရဲရင့်ရင့်နဲ့ သွားတဲ့ဟန်ပန်မျိုး ပြသမှာပါ။
မေး။ ။Winner ဆုအတွက် ဘယ်လိုမျှော်မှန်းထားလဲ။
ဖြေ။ ။အကောင်းဆုံး အတတ်နိုင်ဆုံးတော့ ယှဉ်ပြိုင်မယ်။ အရင်နှစ်တွေ က သွားပြိုင်တဲ့အစ်မတွေလည်း ရလဒ်ကောင်းခဲ့တယ်။ ညီမလည်း ရလဒ် ကောင်းရမယ်လို့မျှော်လင့်ပါတယ်။ ဆုတွေတော့ မှန်းထားတယ်။ အတိအကျ တော့ မပြောနိုင်သေးဘူး။
မေး။ ။ မြန်မာနိုင်ငံက ပရိသတ်တွေကို ဘာပြောချင်လဲ။
ဖြေ။ ။ ပြိုင်ပွဲက ဒီနေ့ကစကျင်းပတဲ့အတွက် ၁၉ ရက်နေ့မှာ Grand Final ကျင်းပမှာပါ။ ဒီပွဲက Liveလွှင့်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ပရိသတ်တွေလည်း Miss Cosmopolitan World 2018 Page ထဲ ဝင်ကြည့်ပြီး အားပေးကြပါ၊ ဝေဖန်ပေးပါ၊ လိုအပ်တာတွေပြောပေးပါ၊ ကိုယ့်နိုင်ငံ အတွက် ဆုရအောင် မဖြစ်မနေလုပ်ပါမယ်၊ အတတ်နိုင်ဆုံး ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ-ဇာနည်မောင်
No comments:
Post a Comment