Latest News

Wednesday, October 3, 2018

နဝတ ခေတ် အမျိုးသားညီလာခံ၏ ရုပ်ပျက်ဆင်းပျက် မှတ်တမ်း။

ဒေါက်တာအောင်ခင်ဆင့် (NLD တတ်သိပညာရှင်နှင့် ၉၀ အမတ်)
ဦးခင်မောင်ချို (ကယားပြည်နယ် လူမျိုးပေါင်းစုံပါတီ အမတ်)
ဦးဒယ်နီရယ်အောင် (လားဟူပါတီ၊ မိုင်းပြင်းအမတ်)

ထိုနေ့က ညီလာခံ သဘာပတိက ဦးဒယ်နီရယ်အောင် ဖြစ်သည်။ ဦးခင်မောင်ချို တင်သွင်းဖတ်ကြားမည်ဖြစ်၍ သဘာပတိထံ မိမိစာတမ်း နဲနဲပြင်းမည်ဟု လက်တို့ထားလိုက်သည်။ သဘာပတိ လားဟူအမတ်ကလည်း (ချာသာ ချကွ)ဟု လမ်းဖွင့်ပေးထားသည်။
တကယ်တမ်း ဦးခင်မောင်ချို စာတမ်းမှ လက်တမ်း ဟောဖြစ်သွားပြီး စာတခြား၊ ပြောတာတခြား ပေါက်ကွဲသံ ပေါ်ထွက်လာသည်။
စင်အောက်မှ စစ်ထောက်လှမ်းရေးသာမက ညီလာခံဥက္ကဌ ဗိုလ်ချုပ်မျိုးညွန့်ပါ မျက်နာမှာ (တာနောယက္ခဘီလူး ရှောက်သီးကျွေးထားသလို) ရှုံ့ မဲ့ ချာတူးလန်သွားသည်။
ဆင်းကွာ.....ဆင်းစမ်းဟု.... မောင်းထုတ်သံ များ အပြင် ယူနီဖောင်းစိမ်းများ မတ်တပ်ရပ်ကာ တားမြစ်ကြသည်။ လွန်စွာ ရုပ်ဆိုးသည့် မြင်ကွင်းဖြစ်နေချိန် ကြားဝင် ဟန့်တားသံတစ်ခု ပီပြင်စွာ ထွက်ပေါ်လာသည်။ အသံရှင်ကား ဒေါက်တာ အောင်ခင်ဆင့် ဖြစ်သည်။ (ကိုယ်စားလှယ်တော်များ ခင်ဗျား...... ယခုအဆိုရှင် ဦးခင်မောင်ချိုအား ဟန့်တားသင့်သူသည် သဘာပတိဖြစ်ပါလျက်..... စင်အောက်မှ တားမြစ်နေသောကြောင့် စင်အောက်လူများဟာ စင်ပေါ်မှ သဘာပတိအပေါ် လွှမ်းမိုးရာ မကျဘူးလား....)ဟု မေးခွန်းထုတ်လိုက် လေသတည်း။
ထိုနေ့ညနေတွင် ဦးခင်မောင်ချိုသည် အိပ်ယာလိပ်ထမ်းကာ ကျိုက္ကဆံကွင်းမှ အထုတ်ခံလိုက်ရသည်။
သဘာပတိ ဦးဒယ်နီရယ်အောင် သည်လည်း ဆူပူကြိမ်းမောင်းခြင်း ခံရကာ.....နောက်ဆုံး လွတ်မြောက်နယ်မြေ ထိုင်းနယ်စပ်သို့ ထွက်ခွာသွားလေသည်။
မကြာမီကာလတွင်း ဒေါက်တာအောင်ခင်ဆင့် ကိုလည်း ဆီလိုအပေါက်ရှာ ပုဒ်မဖြစ်သည့် ပြင်ပသို့ သတင်းထုတ်ပြန်သည်ဆိုပြီး ဖမ်းဆီးထောင်ချလိုက်သည်။

မှတ်တမ်း။ ။ တိုင်းရင်းသား ၂၆ ပါတီစုစည်းထားသော UNLD အမတ် ပူထောင်ခိုထန်(တမူး) ပြောကြားချက်။
Pine Land

No comments:

Post a Comment