Latest News

Friday, October 5, 2018

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔မွ ဝယ္ယူထားေသာ ေက်ာင္းကားမ်ားကို Catchment Areas သတ္မွတ္ခ်က္မ႐ွိေသာ ေက်ာင္းႏွစ္ေက်ာင္းတြင္ ေျပးဆြဲေပးႏိုင္ျခင္း႐ွိေၾကာင္း ဝန္ႀကီးေဒၚနီလာေက်ာ္ ေျပာၾကား


ေအာက္တိုဘာ ၅ ရက္

ျပည္ေထာင္စုဝန္ႀကီးဌာနမွ ခ်မွတ္ထားသည့္ မူဝါဒအတိုင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က ဝယ္ယူထားေသာ ေက်ာင္းကားမ်ားကို Catchment Areas သတ္မွတ္ခ်က္မ႐ွိေသာ ေက်ာင္းႏွစ္ေက်ာင္းျဖစ္သည့္ ပညာေရးတကၠသိုလ္ ေလ့က်င့္ေရး အထက္တန္းေက်ာင္း (ကမာရြတ္)ႏွင့္ ပညာေရးေကာလိပ္ ေလ့က်င့္ေရး အလယ္တန္းေက်ာင္း (ရန္ကင္း)တို႔တြင္သာ ေျပးဆြဲေပးႏိုင္ျခင္း ႐ွိေၾကာင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး၌ ကိုကိုးကြၽန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ ႀကီးၾကပ္၍ ဝယ္ယူထားသည့္ School Bus အစီး(၂၀၀)မွ အေရအတြက္ မည္မ်ွအား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ School Bus အျဖစ္ အက်ိဳး႐ွိစြာ ေဆာင္ရြက္ေနၿပီး၊ အေရအတြက္ မည္မ်ွအား အသံုးျပဳေနျခင္း မ႐ွိေသးသည္ကို သိ႐ွိလိုပါေၾကာင္းကို ေမးျမန္းရာ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ဒီလိုျဖစ္ရတဲ့ ကိစၥကေတာ့ Catchment Areas နဲ႔ ပတ္သက္ပါတယ္။ Catchment Areas ဆိုတာ ျပည္ေထာင္စုဝန္ႀကီးဌာနက ေနၿပီးေတာ့ သတ္မွတ္ထားတာျဖစ္ပါတယ္။ ဥပမာအားျဖင့္ အ.ထ.က(၁)ဒဂံုမွာ တက္မယ့္ ေက်ာင္းသား၊ ေက်ာင္းသူသည္ ဒဂံုၿမိဳ႕နယ္အတြင္းမွာပဲ ေနထိုင္ရမယ္။ အ.ထ.က(၂)လသာမွာ တက္မယ့္ ေက်ာင္းသား၊ ေက်ာင္းသူသည္ လသာၿမိဳ႕နယ္အတြင္းမွာပဲ ေနထိုင္ရမယ္ဆိုတဲ့ Catchment Areas သတ္မွတ္ခ်က္႐ွိပါမယ္။ အခုလက္႐ွိေျပးဆြဲေနတဲ့ ပုဂၢလိက ေက်ာင္းကားေတြဟာ ဒီ Catchment Areas သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ေနရသလို ျဖစ္ေနတဲ့အတြက္ ကြၽန္မတို႔ အေန႔နဲ႔ကေတာ့ ျပည္ေထာင္စုဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ မူဝါဒအတိုင္း ေဆာင္ရြက္ရမယ့္ တာဝန္႐ွိတဲ့အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က ဝယ္ယူထားတဲ့ ေက်ာင္းကားေတြကို Catchment Areas သတ္မွတ္ခ်က္မ႐ွိတဲ့ ေက်ာင္းႏွစ္ေက်ာင္းျဖစ္တဲ့ ပညာေရးတကၠသိုလ္ ေလ့က်င့္ေရး အထက္တန္းေက်ာင္း (ကမာရြတ္)နဲ႔ ပညာေရးေကာလိပ္ ေလ့က်င့္ေရး အလယ္တန္းေက်ာင္း(ရန္ကင္း) ဒီေက်ာင္း ႏွစ္ေက်ာင္းကိုပဲ လက္႐ွိမွာ ေျပးဆြဲေပးႏိုင္ျခင္း႐ွိပါတယ္။”ဟု ဝန္ႀကီးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ႀကီးၾကပ္၍ ဝယ္ယူထားသည့္ School Bus အစီး(၂၀၀)အား ေက်ာင္းကားမ်ား လိုအပ္သည္ဟု တင္ျပေလွ်ာက္ထားခဲ့ေသာ ေက်ာင္းေပါင္း(၂၁)ေက်ာင္းရွိရာ လက္ရွိတြင္ Catchment Areas သတ္မွတ္ခ်က္မ႐ွိေသာ ပညာေရးတကၠသိုလ္ ေလ့က်င့္ေရး အထက္ေက်ာင္း(ကမာရြတ္)ရွိ ေက်ာင္းသား၊ ေက်ာင္းသူ(၄၄၈)ဦးအတြက္ (၂၉)စီး၊ ပညာေရးေကာလိပ္ ေလ့က်င့္ေရး အလယ္တန္းေက်ာင္း (ရန္ကင္း)ရွိ ေက်ာင္းသား၊ ေက်ာင္းသူ(၅၅၉)ဦးအတြက္ (၂၇)စီးႏွင့္ အရန္ယာဥ္အျဖစ္ (၉)စီး၊ စုစုေပါင္း (၆၅)စီးကိုသာ ေျပးဆြဲေပးလွ်က္ ရွိေၾကာင္း သိရသည္။

ဆက္လက္ၿပီး အသံုးမျပဳဘဲထားသည့္ ယာဥ္မ်ားအား မည္သည့္အခ်ိန္တြင္ မည္ကဲ့သို႔ အသံုးျပဳမည္ႏွင့္ မပ်က္စီးေစရန္ မည္ကဲ့သို႔ ထိန္းသိမ္းထားမည္ကို ေမးျမန္းရာ ဝန္ႀကီးက “လာမယ့္စာသင္ႏွစ္မွာ Catchment Areas သတ္မွတ္ထားျခင္းမ႐ွိတဲ့ စာသင္ေက်ာင္းမ်ားနဲ႔ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒီအသံုးမျပဳရေသးတဲ့ School Bus ယာဥ္ေတြကိုေတာ့ Hyundai ကားကုမၸဏီကေနၿပီးေတာ့ အပတ္စဥ္လာေရာက္ၿပီး ယာဥ္ၾကံ႕ခိုင္မႈေတြကို စစ္ေဆးေပးျခင္း၊ လိုအပ္တဲ့စက္ဆီ၊ ေခ်ာဆီေတြ ျဖည့္တင္းေပးျခင္းနဲ႔ စမ္းသပ္ေမာင္းႏွင္မႈေတြ ျပဳလုပ္ေပးျခင္းျဖင့္ ထိန္းသိမ္းထား႐ွိၿပီးေတာ့ ယာဥ္မ်ားသန္႔႐ွင္းအတြက္ အတြင္းအျပင္ သန္႔႐ွင္းေရးလုပ္ျခင္း၊ ေရေဆးျခင္းမ်ားကို လည္း အၿမဲျပဳလုပ္ ထိန္းသိမ္းေဆာင္ရြက္လ်က္႐ွိပါတယ္။”ဟု ေျပာၾကားသည္။
ယေန႔၊ နံနက္(၁၀)နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ သတၱမပံုမွန္အစည္းအေဝး၏ (၁၇)ရက္ေျမာက္ေန႔ကို က်င္းပခဲ့သည္။
Yangon Region Government
Unicode Version
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသော ကျောင်းကားများကို Catchment Areas သတ်မှတ်ချက်မရှိသော ကျောင်းနှစ်ကျောင်းတွင် ပြေးဆွဲပေးနိုင်ခြင်းရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော် ပြောကြား
================================================
အောက်တိုဘာ ၅ ရက်

ပြည်ထောင်စုဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒအတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသော ကျောင်းကားများကို Catchment Areas သတ်မှတ်ချက်မရှိသော ကျောင်းနှစ်ကျောင်းဖြစ်သည့် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)နှင့် ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)တို့တွင်သာ ပြေးဆွဲပေးနိုင်ခြင်း ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ကိုကိုးကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ်၍ ဝယ်ယူထားသည့် School Bus အစီး(၂၀၀)မှ အရေအတွက် မည်မျှအား ကျောင်းသား၊ ကျောင်းသူများအတွက် School Bus အဖြစ် အကျိုးရှိစွာ ဆောင်ရွက်နေပြီး၊ အရေအတွက် မည်မျှအား အသုံးပြုနေခြင်း မရှိသေးသည်ကို သိရှိလိုပါကြောင်းကို မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုဖြစ်ရတဲ့ ကိစ္စကတော့ Catchment Areas နဲ့ ပတ်သက်ပါတယ်။ Catchment Areas ဆိုတာ ပြည်ထောင်စုဝန်ကြီးဌာနက နေပြီးတော့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဥပမာအားဖြင့် အ.ထ.က(၁)ဒဂုံမှာ တက်မယ့် ကျောင်းသား၊ ကျောင်းသူသည် ဒဂုံမြို့နယ်အတွင်းမှာပဲ နေထိုင်ရမယ်။ အ.ထ.က(၂)လသာမှာ တက်မယ့် ကျောင်းသား၊ ကျောင်းသူသည် လသာမြို့နယ်အတွင်းမှာပဲ နေထိုင်ရမယ်ဆိုတဲ့ Catchment Areas သတ်မှတ်ချက်ရှိပါမယ်။ အခုလက်ရှိပြေးဆွဲနေတဲ့ ပုဂ္ဂလိက ကျောင်းကားတွေဟာ ဒီ Catchment Areas သတ်မှတ်ချက်ကို ချိုးဖောက်နေရသလို ဖြစ်နေတဲ့အတွက် ကျွန်မတို့ အနေ့နဲ့ကတော့ ပြည်ထောင်စုဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆောင်ရွက်ရမယ့် တာဝန်ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားတဲ့ ကျောင်းကားတွေကို Catchment Areas သတ်မှတ်ချက်မရှိတဲ့ ကျောင်းနှစ်ကျောင်းဖြစ်တဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)နဲ့ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း(ရန်ကင်း) ဒီကျောင်း နှစ်ကျောင်းကိုပဲ လက်ရှိမှာ ပြေးဆွဲပေးနိုင်ခြင်းရှိပါတယ်။”ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်၍ ဝယ်ယူထားသည့် School Bus အစီး(၂၀၀)အား ကျောင်းကားများ လိုအပ်သည်ဟု တင်ပြလျှောက်ထားခဲ့သော ကျောင်းပေါင်း(၂၁)ကျောင်းရှိရာ လက်ရှိတွင် Catchment Areas သတ်မှတ်ချက်မရှိသော ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်ကျောင်း(ကမာရွတ်)ရှိ ကျောင်းသား၊ ကျောင်းသူ(၄၄၈)ဦးအတွက် (၂၉)စီး၊ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း)ရှိ ကျောင်းသား၊ ကျောင်းသူ(၅၅၉)ဦးအတွက် (၂၇)စီးနှင့် အရန်ယာဉ်အဖြစ် (၉)စီး၊ စုစုပေါင်း (၆၅)စီးကိုသာ ပြေးဆွဲပေးလျှက် ရှိကြောင်း သိရသည်။

ဆက်လက်ပြီး အသုံးမပြုဘဲထားသည့် ယာဉ်များအား မည်သည့်အချိန်တွင် မည်ကဲ့သို့ အသုံးပြုမည်နှင့် မပျက်စီးစေရန် မည်ကဲ့သို့ ထိန်းသိမ်းထားမည်ကို မေးမြန်းရာ ဝန်ကြီးက “လာမယ့်စာသင်နှစ်မှာ Catchment Areas သတ်မှတ်ထားခြင်းမရှိတဲ့ စာသင်ကျောင်းများနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအသုံးမပြုရသေးတဲ့ School Bus ယာဉ်တွေကိုတော့ Hyundai ကားကုမ္ပဏီကနေပြီးတော့ အပတ်စဉ်လာရောက်ပြီး ယာဉ်ကြံ့ခိုင်မှုတွေကို စစ်ဆေးပေးခြင်း၊ လိုအပ်တဲ့စက်ဆီ၊ ချောဆီတွေ ဖြည့်တင်းပေးခြင်းနဲ့ စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်ပေးခြင်းဖြင့် ထိန်းသိမ်းထားရှိပြီးတော့ ယာဉ်များသန့်ရှင်းအတွက် အတွင်းအပြင် သန့်ရှင်းရေးလုပ်ခြင်း၊ ရေဆေးခြင်းများကို လည်း အမြဲပြုလုပ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။”ဟု ပြောကြားသည်။
ယနေ့၊ နံနက်(၁၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၏ (၁၇)ရက်မြောက်နေ့ကို ကျင်းပခဲ့သည်။
YRG Info:

No comments:

Post a Comment