Latest News

Friday, October 5, 2018

မိဘခွင့်ပြုချက်မရှိဘဲ၅တန်းကျောင်းသားတစ် ဦးအားခေါ်ဆောင်သွားသူကို ဖမ်းဆီးအမှုဖွင့်

မိဘခွင့်ပြုချက်မရှိဘဲ၅တန်းကျောင်းသားတစ် ဦးအားခေါ်ဆောင်သွားသူကို ဖမ်းဆီးအမှုဖွင့်

ဖြူး အောက်တိုဘာ ၅

    ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ညောင်ပင်သာကျေးရွာ၌အောက်တိုဘာ၎ရက်ညနေ၅နာရီခွဲက ဆော့ကစားနေသည့်၅တန်းကျောင်းသားကလေးငယ်တစ်ဦးအားမိဘများ၏ခွင့်ပြုချက်မရှိဘဲခေါ်ဆောင်သွားသူအားဖမ်းဆီးအမှုဖွင့်အရေးယူခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်မှာဖြူးမြို့နယ်ညောင်ပင်သာကျေးရွာအုပ်စုညောင်ပင်သာရွာ ဇေယျာသီရိ(၁)လမ်းနေဦးတင်ထွန်းအောင်ဒေါ်သက်သက်ဦးတို့၏သားမောင်မျိုးသစ်ကောင်း(၁၀)နှစ်ပဉ္ဓမတန်း(B) အ.ထ.ကညောင်ပင်သာသည် ညောင်ပင်သာရွာဇေယျာသီရိ(၃)လမ်း၌ဆော့ကစားနေစဉ် ထူးနောင်ကျော်၂၅နှစ် သရက်ကုန်းရွာ သရက်ကုန်းကျေးရွာအုပ်စုကညွှတ်ကွင်းမြို့ ဖြူးမြို့နယ်နေသူမှခေါ်ဆောင်သွားကြောင်း အနီးနားရှိမျက်မြင်တွေ့ရှိသူများ ကပြောပြ၍ တာဝန်ရှိသူများနှင့်အတူလိုက်လံရှာဖွေရာ ဇေယျဝတီမြို့၌ကလေးနှင့်အတူခေါ်ယူသွားသူထူးနောင်ကျော် အားတွေ့ရှိကာဖမ်းဆီးခဲ့သည်။

   ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြူးမြို့နယ်ညောင်ပင်သာနယ်မြေ ရဲစခန်းက မိဘနှစ်ပါး၏ခွင့်ပြုချက်မရှိဘဲ ကလေးအားခေါ်ဆောင် သွားသူ ထူးနောင်ကျော်အား ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

        ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment