Latest News

Friday, October 5, 2018

ကောင်းမှုတော်ဘုရားပွဲတော်တွင် မီးပုံပျံပွဲ ထည့်သွင်းကျင်းပမည်

ကောင်းမှုတော်ဘုရားပွဲတော်တွင် မီးပုံပျံပွဲ ထည့်သွင်းကျင်းပမည်

စစ်ကိုင်း အောက်တိုဘာ ၅

စစ်ကိုင်မြို့၊ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမ အကြိမ် မီးပုံပျံပွဲ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံက သိရသည်။

အဆိုပါ မီးပုံပျံပွဲ ကို တန်းဆောင်မုန်း လဆန်း (၁၄) ရက်နေ့နှင့်  လပြည့် နေ့တွင် ကောင်း မှုတော်စေတီတော်ကြီး၏ တောင်ဘက် ကွင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ ဥက္ကဌ ဦးတင်မျိုးလွင်ကပြောပြသည်။

တန်းဆောင်မုန်း လဆန်း (၁၄)ရက်နေ့နှင့်  လပြည့် နေများတွင် ကျင်းပပြုလုပ်သည့် ရာဇမဏိစူဠာ ကောင်း မှုတော်
စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမ အကြိမ် မီးပုံပျံပွဲ ထည့်သွင်းကျင်းပရန် အတွက် အောက်တို့ဘာလ (၃)ရက်နေ့က စစ်ကိုင်းမြို့ ဟိုတယ် နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ အဖွဲ့ နှင့် အောင်သာ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းတို့က ဘုရားဂေါပက အဖွဲ့နှင့် လာရောက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ဟိုတယ် နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ အဖွဲ့က တစ်လုံး၊အောင်သာ စက်သုံးဆီရောင်းဝယ်ရေးက တစ်လုံး၊စစ်ကိုင်းမြို့ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းက တစ်လုံး၊ဘုရားဂေါပက အဖွဲ့က တစ်လုံး အားလုံး အမြင့်ပေ ၁၅ ပေ ၁၈ ပေ ရှိမယ်။ယမ်းအလှ ပိဿချိန် ၈ ပိဿ     လောက်သုံးရမယ်။တောင်ကြီးက ပညာရှင် ၁၀ ဦးလောက်လာမယ်။ မီးပုံပျံ ၅ လုံးလောက် ဖြစ်အောင်တော့ လုပ်မယ်။ ဒီနှစ်ကလည်း စမ်းသပ်တဲ့ အနေနဲ့ပေါ။ အဖိတ်နေ့ ကို နှစ်လုံးလွှင့်တင်မယ်။ လပြည့်နေ့ကို သုံးလုံးလွှင့်မယ် "ဟု ဟိုတယ် နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ အဖွဲ့(စစ်ကိုင်း)မှ ဦးညွန့်ဝင်းက ပြောပြသည်။

ရာဇမဏိစူဠာကောင်းမှုတော်မြတ်စွာဘုရားပွဲတော်များကို နှစ်စဉ် သတင်းကျွတ်လပြည့်နေ့၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့ နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(အင်းတော်)

No comments:

Post a Comment