Latest News

Friday, October 5, 2018

နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် အိန္ဒိယနိုင်ငံသို့ သမ္မတပူတင် ရောက်ရှိ

နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် အိန္ဒိယနိုင်ငံသို့ သမ္မတပူတင် ရောက်ရှိ

နယူးဒေလီ  အောက်တိုဘာ  ၎

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နှစ်ရက်ကြာခရီးစဉ် အဖြစ်   အိန္ဒိယနိုင်ငံသို့  အောက်တိုဘာ ၄ ရက်တွင် ရောက်ရှိလာသည်။   အိန္ဒိယနှင့်    ရုရှားတို့၏                နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲသို့    တက်ရောက်ရန် သမ္မတပူတင်လာရောက်ခြင်းဖြစ်ပြီး ¤င်း၏ခရီးစဉ်အတွင်း ကာကွယ်ရေး၊ အဏုမြူစွမ်းအင်၊ အာကာသနှင့် စီးပွား ရေးတို့အပါအဝင် နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးပြုလုပ်နိုင်မည့်  သဘောတူညီချက်ပေါင်း ၂ဝ ခန့်ကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း ဒေသဆိုင်ရာ  သတင်းဌာနများက   သတင်းထုတ်ပြန်        သည်။

သမ္မတပူတင်၏ ခရီးစဉ်အတွင်း အရေးအကြီးဆုံး သဘောတူညီချက်မှာ   အက်စ်-၄ဝဝ  လေကြောင်းရန် ကာကွယ်ရေးစနစ် ရောင်းချပေးရေးဆိုင်ရာ သဘောတူညီ ချက်ဖြစ်သည်။ ရုရှားလုပ်ကာကွယ်ရေးစနစ်များ ဝယ်ယူ သောနိုင်ငံများအား  စီးပွားရေးပိတ်ဆို့မှုပြုလုပ်မည်ဟု အမေရိကန်အစိုးရအဖွဲ့က ခြိမ်းခြောက်ထားလင့်ကစား ဒေါ်လာ ငါးဘီလီယံတန်ဖိုးရှိ လေကြောင်းရန် ကာကွယ် ရေး ဒုံးကျည်စနစ် ရောင်းချပေးရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။

၂ဝ၁၆ ခုနှစ်တွင် ရရှိခဲ့သော သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် အက်စ်-၄ဝဝ အမျိုးအစားလေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ် ငါးခုကို ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။  အိန္ဒိယနိုင်ငံအား ရုရှားက ဒုံးလက်နက်များ ရောင်းချပေးခြင်းကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့က လိုလားခြင်းမရှိဘဲ ရုရှားလက်နက်များ ဝယ်ယူခြင်းမပြုရန် တိုက်တွန်းခဲ့သည်။

အက်စ်-၄ဝဝ အမျိုးအစားဒုံးကျည်များကို အိန္ဒိယ လက်ခံရရှိခြင်းဖြင့် အဆင့်မြင့် စစ်ရေးနည်းပညာကို ယင်း နိုင်ငံပိုင်ဆိုင်လာနိုင်မည်ဟု အမေရိကန်က ရှုမြင်သည်။

ခေါင်းဆောင်နှစ်ဦး၏ အောက်တိုဘာ ၅ ရက် ထိပ်သီး ဆွေးနွေးပွဲတွင် အိန္ဒိယ-ရုရှား  အကြမ်းဖက်မှုတိုက်ဖျက် ရေး စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာ မည်ဟု မျှော်လင့်ရသည်။ အင်ဒရာ-၂ဝ၁၈ ဟု အမည်ပေး ထားသော စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။

Mirror

No comments:

Post a Comment