Latest News

Friday, October 5, 2018

ထိုင်းတောဝက်အသင်းလူငယ်ဘောလုံးသမားများ နိုင်ငံတကာခရီးစဉ်စတင်

ထိုင်းတောဝက်အသင်းလူငယ်ဘောလုံးသမားများ နိုင်ငံတကာခရီးစဉ်စတင်

ဗန်ကောက်  အောက်တိုဘာ  ၎

ထိုင်းနိုင်ငံ၌ ရေလွှမ်းနေသော လိုဏ်ဂူအတွင်း ပိတ်မိခဲ့ပြီးနောက် အသက်ရှင် လွတ်မြောက်ခဲ့သူများအဖြစ် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သည့် တောဝက် အသင်းမှလူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ¤င်းတို့၏ နည်းပြတို့သည် နိုင်ငံတကာ လှည့်လည်သွားလာသည့်ခရီးစဉ်ကို စတင်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာန များက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၃ ရက်တွင် စတင်သည့် ၁၇ ရက်ကြာ ခရီးစဉ်၏ ပထမဆုံး ခရီးတစ်ထောက်နိုင်ငံအဖြစ် အာဂျင်တီးနားနိုင်ငံသို့ သွားရောက်ပြီး နွေရာသီ လူငယ် အိုလံပစ်ပွဲတော်သို့ တက်ရောက်မည်ဖြစ်သည်။

ထိုင်းအသင်းသည်  အာဂျင်တီးနား  ပြည်တွင်းလူငယ်ဘောလုံးအသင်း တစ်သင်းနှင့်  ချစ်ကြည်ရေးပွဲကစားမည်ဖြစ်ပြီး  အိုလံပစ်ကော်မတီအကြီးအကဲ သောမတ်စ်ဘတ်ခ်နှင့်အတူ ညစာစားရန်လည်း စီစဉ်ထားသည်။

ခရီးစဉ်အတွင်း  အမေရိကန်ပြည်ထောင်စု  နယူးယောက်နှင့်  လော့စ်အိန် ဂျလိစ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး ရုပ်သံအင်တာဗျူးများပြုလုပ်ခြင်း နှင့် အရေးပါသော တွေ့ဆုံပွဲများ ပြုလုပ်ခြင်းတို့ရှိမည်ဖြစ်ကာ ယူနီဗာဆယ် စတူဒီယို သို့လည်း သွားရောက်လေ့လာကြည့်ရှုကြမည်ဖြစ်သည်။

ရေလွှမ်းနေသော လိုဏ်ဂူအတွင်း သီတင်းပတ်နှစ်ပတ်ကျော်မျှ ပိတ်မိခဲ့ကြ ပြီးနောက် နိုင်ငံတကာကျွမ်းကျင်သူများ၏ အကူအညီဖြင့်  ဇူလိုင်လအတွင်း ¤င်းတို့ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

Mirror

No comments:

Post a Comment