Latest News

Friday, October 5, 2018

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအနီးမြိတ်-မောတောင် ကားလမ်းမကြီးပေါ်တွင်ကွန်တိန်နာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအနီးမြိတ်-မောတောင် ကားလမ်းမကြီးပေါ်တွင်ကွန်တိန်နာ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

     တနင်္သာရီ အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုASI ဆီအုန်းကုမ္ပဏီအနီးမြိတ်-မောတောင်သွားကားလမ်းမကြီးပေါ်၌အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီအချိန်ခန့်ကဆိုင်ကယ် တစ်စီးအားရှောင်တိမ်း ရာမှယာဉ်တိမ်းမှာက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြိတ်မြို့ မှ မောတောင်မြို့သို့ ပြည်ကြီးငါး (ကင်းမွန်)အလေးချိန် ၄၂၀ ကီလိုဂရမ်ခန့် အားတင်ဆောင်၍ယာဉ်မောင်း ဦးအောင်သီ  (၄၇)နှစ်၊ကန်ဖျားရပ်ကွက်lမြိတ်မြို့နေသူမောင်းနှင်ပြီးယာဉ်၏အရှေ့ခန်းတွင်ယာဉ်နောက်လိုက် အောင်မိုး(၄၂)နှစ် ၊ ကန်ဖျားရပ်ကွက်၊မြိတ်မြို့နေသူလိုက်ပါလာသည့် ယာဉ်အမှတ် (BGO 4N----- Nissan အမျိုးအစား၊အဖြူ ရောင် အအေးခန်းကွန်တိန်နာ ခြောက်ဘီးယာဉ်သည် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု  ASI ဆီအုန်းကုမ္ပဏီ အနီး၊မြိတ်-မောတောင်သွားကားလမ်း မကြီး၊ မိုင်တိုင်အမှတ်(၁၉/၀)နှင့်(၂၀/၀)ကြား အရောက်၌အောက်တိုဘာ ၄ ရက်နံနက်၉နာရီ ခန့်က သဲဖြူကျေးရွာဘက်မှမောင်းနှင်လာသော ဆိုင်ကယ်အားရှောင်တိမ်းခဲ့ရာအရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်ဘေးသို့ တိမ်းမှောက်သွားခဲ့ပြီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦးမှာထိခိုက်မှုတစ်စုံတစ်ရာမရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်အားတိမ်းမှောက်သည့်
အထိမဆင်မခြင်မောင်းနှင်သူ ဦးအောင်သီ အားမောတောင်နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)

No comments:

Post a Comment