Latest News

Thursday, October 11, 2018

ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ် ။ (၂)


နေရိန်ကျော်ပြောမှပဲ အခန်း(၁၅)ထဲရောက်နေတဲ့ ကဗျာဆရာဦကြည်တင်ဦးက ကျော်ဇော်အဖေဖြစ်ကြောင်း သိရတော့သည်။ ထို့ ကြောင့် ကျော်ဇော်အကြောင်းကို ပြန်စဉ်းစာနေမိလိုက်ပြန်တော့သည်။ သူကို ကျနော် ၁၉၈၉သင်္ကြန်မှာ စတင်မြင်ခဲ့ဖူးပြီး အခြေခံပညာကျောင်းသားများသမဂမှာ တလျှောက်လုံး ၁၉၈၈ အရေးတော်ပုံဖြိုခွင်းခံရပြီးကတည်းက ရန်ကုန်မြို့ တော်ရဲ့ မြေအောက်ကျောင်းသား လှုပ်ရှားမှုတွေထဲ အသက်ငယ်ငယ်နဲ့ ပါဝင်လှုပ်ရှားနေခဲ့သူဖြစ်သည်။ ၁၉၉၀ နှစ်လည်ပိုင်း အောက်ဗမာပြည်ဗကသလှုပ်ရှားမှုတွေအတွင်း အကသမြို့ နယ်စုံ နေလင်းတို့ နဲ့ ပါဝင်လှုပ်ရှားကြရင်း ၁၉၉၀ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးထောင်ချထားခံခဲ့ရသူဖြစ်သည်။ ၁၉၉၃ နိုဝင်ဘာလလောက်မှာ ကျနော်နေတဲ့ သီးသန့် ထောင် အနောက်ခြမ်းကို ထောင်မကြီးအင်းစိန်ထောင်ဖက်ကနေ ထောင်အာဏာပိုင်တွေက အဆောင်နေ နိုင်ငံရေးသမားတွေက အမျိုးသားညီလာခံကို ကန့် ကွက်ဆနပြကြမည့်ဖြစ်ကြောင်း ထောင်သတင်းပေးတွေရဲ့ ချွန်တွန်းလုပ်မှုနဲ့  အင်းစိန်ထောင်မကြီးရဲ့ အဆောင်(၃)၊အဆောင်(၄)၊ အဆောင်(၅)က နိုင်ငံရေးအကျဉ်းသားတွေကို ပြောင်းရွေ့ တိုက်ပိတ်စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာ သူပါ ပါလားခဲ့သည်။ထောင်းအာဏာပိုင်တွေရဲ့ အမှုစစ်ဆေးဆဲကာလမှာ သူတို့ နဲ့ မတွေ့ ရအောင် အရင်တိုက်ဆောင်နေ နိုင်ငံရေးအကျဉ်းသားများကိုးကို အရှေ့ ဖတ်ခြမ်းမှာ တခန်း ၄ယောက် ၊ ၅ ယောက် စုပြုံတိုက်ပိတ်ခဲ့ပြီး အမှုစစ်ဆေးအပြီး ကျနော်တို့ က အနောက်ဖတ်အခြမ်း အခန်(၁၃) အခန်းဟောင်းမှာပဲ ပြန်နေခွင့် ရသဖြင့် ထောင်မကြီးဖက်က ပြောင်းလာကြသူ အယောက်(၂၀)ကျော်နဲ့ ရင်းနှီးခွင့်ရတော့သည်။

အင်းစိန်သီးသန့် ထောင်၏ အကြပ်အတည်းကာလမို့  (၃)ခန်းပေါင်း ရေချိုး၊ မိလ္လာချ မိနစ်(၂၀) အပြင်ထွက်ခွင့်ရတာကြောင်မို့  အချိန်ပိုလေးများအတွင်း စကားပြောခွင့်ရခဲ့ကြသည်။ ကျနော်တို့ မသိသေးသော အင်းစိန်ထောင်မကြီး အဆောင်နေထိုင်မှုပုံစံများကို သူတိုဆီမှ တဆင့် လေ့လာခွင့်ရခဲ့သလို့  ကိုယ်တွေနဲ့ အပြင်နိုင်ငံရေးလောကမှာတွေ့ ကြုံ့  ဆုံခဲ့ဖူးကြသူတွေဖြစ်တဲ့  ကျော်ဇော်(အကသ)၊ ကိုငွေထွန်း(ရကသ)၊ ဇေယျဝင်း(အကသ)၊ရဲကျော်လှိုင်(အကသ)၊ ၀ါဦး(အကသ)တို့ ကိုပါ ပြန်တွေ့ ခွင့်ရခဲ့ပြန်သည်။ မသိသူများထဲတွင်လဲ စောသက်ထွန်(မြောက်ပိုင်း ကျောင်းသားတပ်မတော်)၊ ဦဥက္ကမ(နောင်ပိုင်းရွှေဝါရောင်၂၀၀၇ တော်လှန်ရေးဆရားတော် ဦးဇင်းနားဂါ)၊ ဦးဥတ္တရ၊ စတဲ့ ၁၉၉၀ အောက်တိုဘာ ကံဆောင်သပိတ်တိုက်ပွဲကြောင့် သင်္ဃန်ချွတ် လူထွက် ထောင်ချခံထားရသော ဦးဇင်းငယ်များလဲပါခဲ့ကြသည်။ ဦးဇင်ငယ်များက ထောင်ချခံ လူဝတ်လဲခံထားကြရသော်လည်း ဦးဇင်းများလို့ သာ ထောင်ထဲ ကျင့်ကြံနေထိုင်ကြဆဲဖြစ်သည်။ သူတို့ ထဲမှ အတော်များများက အင်းစိန်ထောင်မကြီးအဆောင်များတွင် ထောင်ကျအကျဉ်းသားများ တက်အပ်သော လက်မှုပညာများကို တက်မြောက်ကြသည်။ ထို့ အချိန်ထိတိုင်း ကျနော်တို့ သီးသန့် တိုက်ဆောင်များတွင်နေထိုင်ကြသူတွေက ထောင်တွင်းလက်မှုပညာများဖြစ်သော ကြိုးပုတီးထိုးနည်း၊ ချည်အိတ်ထိုးနည်း၊ ချည်ပါဝါထိုးနည်း၊ အသီးအရွတ်များကို ချဉ်ဖတ်လုပ်နည်း၊ ကြိုးပိုက်အိတ်ထိုးနည်းများ၊ ပုံစံအကျင်္ီစပေါ်တွင် အရုပ်ဆွဲပြီး အပ်နဲ့ ကိုယ်လိုရာ ပန်ချီများရေးနည်းများကို ကောင်းစွာမတက်မြောက်ကြသေးချေ။ သူတို့ အုပ်စုများ သီးသန့် ထောင်ဖက်ရောက်လာကြမှသာ သူတို့ ထံမှ ရေချိုးဆင်းချိန် အချိန်ပို မိနစ်လေးများတွင် သင်ယူခဲ့ကြရသည်။

သူတို့ အုပ်စုများက တိုက်ဆောင် တိုက်ခန်းများတွင် နေထိုင်ရသည်ထက် အင်းစိန်ထောင်မကြီး အဆောင်များတွင်သာ နေသာကြ၍ နေထိုင်လိုကြသူများဖြစ်သည်။ အဆောင်တွင်နေထိုင်ရသည်က တနေကုန် အိပ်ဆောင်ဖွင့်ချိန်မှ အိပ်ဆောင်ပိတ်ချိန်အထိ အဆောင်အပြင်ဖက် တောင်ယာစိုက်ခင်းများတွင် လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရကြသည်။ အဆောင်တွင်း ဟင်းခိုးချက်စားစရာမလိုပဲ မိမိအဆောင်အတွင်းမှ မိမိတို့ နှင့်  ခင်မင်ရင်းနှီးသူ အခြားအကျဉ်းသား ထောင်တွင်းကုန်ထုတ်လုပ်ငန်းများတွင် အလုပ်သွားလုပ်ကြရသူ အလုပ်ကြီးဆင်းရသော အကျဉ်းသားများနဲ့  အလုပ်ကြီးဝင်အတွင်း ဟင်းချက်ခိုင်းလို့ ရကြသဖြင့် မိမိတို့ ထောင်ဝင်စာဟင်းများကို တောင်ယာထွက် သီးနှံများဖြင့် ရောနှော ချက်ပြုပ် စားသောက်ခွင့်ရကြသဖြင့် အနေချောင်၊ အစားချောင်ကြောင်းကို သိရသည်။ သူတို့အား ထောင်ချခံရပြီးကတည်းက အဆောင်များတွင်သာ နှစ်ပေါင်းများစွာ ထားခြင်းခံရသဖြင့် အဆောင်နေ သဘာဝ အရှုပ်အရှင်းများနဲ့ နေသားကျနေကြသူများဖြစ်သည်။ အဆောင်ဝန်ထမ်းများ၊ အဆောင်နေ ရာဇ၀တ်အကျဉ်းသားများ၏ စရိုက်လက္ခာများကို ယဉ်ပါးနေကြသူများဖြစ်ကြသဖြင့် အဆောင်တွင်သာ အခြား အကျဉ်းသားမျာနဲ့ ရောထွေးနေထိုင်ရခြင်းက သူတို့ အတွက်အပျင်လဲပြေ၍ အချိန်ကုန်မြန်လှသည်။ တိုက်ဆောင်များတွင် တနေ့ (၁၅)မိနစ်၊ (၂၀)မိနစ်သာ အောက်ဆင်းခွင့်နဲ့  တနေ့ လုံး အခန်းကျဉ်းကျဉ်လေးထဲ ၃ ယောက် ၄ယောက် တိုက်ပိတ်ပြစ်ဒဏ်လို ထားသည်ကို သူတို့ အတွက်က နေသာမကျသဖြင့် ထောင်ပိုင်းစစ်ဆေးရက်များ၊ ရန်ကုန်တိုင်းညွန်ကြားရေးမှုးစစ်ဆေးရက်များတွင် ထောင်မကြီးမှ ပြောင်ရွေ့ လာကြသူအားလုံးက ထောင်မကြီးအဆောင်များသို့ သာ ပြန်လည်ထားပေးရန် တင်ပြကြတော့သည်။

ထောင်အာဏာပိုင်းများကလဲ သူတို့ အရေးယူ စစ်ဆေးသည့် အချိန်ကာလပြီးဆုံးပြီးဖြစ်သဖြင့် သူတို့ အားလုံနီးပါးကို ထောင်မကြီး အဆောင်များသို့  ပြန်ပြောင်းနေခွင့်ပေးခဲ့သည်။ ကိုယ်တော်ချောများက တိုက်ဆောင်ရှိရဲဘော်များက ထောင်မကြီသို့ ပြန်မပြောင်ရန်တားကြပါသော်လည်း တိုက်သဘာဝမနေထိုင်လိုသောကြောင့် ပျော်ပျော်ပါးပါးပြန်ပြောင်းသွားခဲ့ကြတော့သည်။ သူတို့ ထဲက ကိုခင်မောင်စိုး(စာရေးဆရာမောင်သာမည)၊ ကိုညို(မြောက်ဥက္ကလာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)၊ ကိုစုတင်ကို(ဂျပန်သံရုံးရှေ့  မိမိကိုယ်မိမိ မီးရှီု့ ဆန္ဒပြခဲ့သူ)၊ ဦးဇင်းနန္ဒမာလာ(ဂျေဘုန်းဘုန်း)တို့ သာ ကျန်ရစ်ခဲ့ကြသဖြင့် တိုက်ဆောင်(၂)က လူပြန်ချေင်သွားခဲ့ပြန်သည်။ သူတို့ (၃)ယောက်၊(၁)ပါးကတော့ လူကြီးပိုင်းများဖြစ်ကြသဖြင့် အဆောင်နေသဘာဝကို မနေချင်ကြတော့ပဲ အေးအေးချမ်းချမ်း တိုက်သဘာဝနဲ့ နေထိုင်ကြရန်ဆုံးဖြတ်လိုက်ကြပြီး နေခဲ့ကြခြင်းဖြစ်သည်။ သူတို့ အားလုံးက အရွယ်ပေါင်းစုံသည်။ အလွှာပေါင်းစုံကဖြစ်ကြသည်။ ကျောင်းသား၊ ရဟန်း၊ အရပ်သား၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊စသည့် လူတန်းစားပေါင်းစုံဖြစ်ကြသလို ကိုခင်မောင်အေး(ဒလ)၊ ကိုဇော်ဝင်း(ပြည်)တို့ လို ကွန်မြူနစ်မြေအောက်ယူဂျီတွေပါသလို လဘန်လှလို ကချင်းတော်လှန်ရေးအဖွဲ့ ၏ ရဲဘော်ငယ်လေးတယောက်လဲပါကြသေးသည်။

သူတို့ ရောက်လာကြတုန်းကလဲ ထောင်အတွက်အသုံပြုနေသော ၀ရိန်ဂျာကားနှင့် အထုတ်အပိုးကိုယ်စီ ခေါင်းအုပ်ခေါ်ခဲ့ကြသလို သူတို့ ကို ထောင်မကြီးအဆောင်များစီသို့ ပြန်ပို့ သောအခါမှာလဲ ခေါင်းအုပ်ပြီး ကားပေါ်ပြန်တင်ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနေမှစ၍ သူတို့ အားလုံးကို နောက်ဆုံးတွေမြင်လိုက်ရခြင်းဖြစ်သည်။ ကျနော်က ကျော်ဇော် ကျနော်တို့ တိုက်ဆောင်သို့  ရောက်လာခဲ့ပုံကို ဆက်စပ်စဉ်းစာနေခဲ့ရင်း ကျန်ရဲဘော်များအကြောင်းပါ စဉ်းစားနေမိခဲ့သည်။ ကျနော်တို့ တွေ့ ဆုံခဲ့ကြသည့်နေရာက လူတို့ မဆုံအပ်လေသော အကျဉ်းထောင်ထဲဖြစ်သည်။ တွေ့ ကြရသည့်ကာလက မြန်မာပြည်အမှောင်လွှမ်းခဲ့သော အကာလ စစ်ကျွန်ခေတ်ကြီးထဲဖြစ်ခဲ့ကြသည်။ သူတို့ အကြောင်းစဉ်းစားရင်း ညသည် နက်သထက် နက်၍လှခဲ့သည်။ အင်းစိန်သီးသန့် ထောင်၏ ဗဟိုကင်မှ ညကင်သံချောင်းခေါက်သံများနှင့် ထောင်မိန်းဂျေးမှာ ညကင်းကြပ် တပ်ကြပ်ကြီး စံထွန်း၏ အဆောင်ဗာရာအော်သံကိုလဲ မှန်မှန်ကြားနေရသလို (၃)ဆောင်ဗာရာ၏ ကင်းပြန်ထူးသံများကြာရချိန်မှာတော့ ညသည် သန်းကောင်ယံကျော်ကာ မိုးသောက် (၁)နာရီအချိန်တောင်ရှိနေခဲ့ပြီးဖြစ်သည်။ အဆောင်ဘေးဖက်က ထိုင်းလူးမျိုးအကျဉ်းသားများ စိုက်ပျိုးထားသော ပြောင်းခင်ထံမှ ပြောင်းရွတ်များ၏ တရွတ်နဲ့ တရွတါပွတ်တိုက်သံတို့ က ခြူသံလိုလို လေတိုက်တိုင်း မြစိမ်းရောင်းပြောင်းဖူးရွတ်တို့ ၏ မြခြူဆွဲလှဲသံက ညအမှောင်မှာ ဂီတသံဇဉ်တွေလို တိတ်ဆိတ်သော အမှောင်ညထဲတွင် သာသာယာယာရှိလှ၏၊ ထောင်အုတ်ရိုပေါ် အစာသားကောင်ဖမ်းရန်စောင့်နေသော ဒီတုတ်ငှက်၏ ငြိမ်ဆိတ်နေပုံမှာလဲ လရောင်ရေးရေးအောက်တွင် ပန်ချီကားတချပ်နဲ့ တူလှ၏။ တိုက်ဆောင်ရှေ့ က ဟင်းနုနွယ် စိုက်မြောင်းများအောက်တွင် အစားရှားပြေးလွှာနေကြသော ကြွက်များမှလွှဲ၍ လှုပ်ရှားမှုဟူသည်တိုက်ဆောင်များ၏အပြင်ဖက်တွင် ဘာရိပ်မှ လှုပ်ရှားမှုများလဲမရှိချေ။

ကျနော်၏ အခန်းသားများလဲ အိပ်မောကျနေကြပြီ ဖြစ်သည်။ ကျနော်၏ ဘယ်ဖက်ဘေးခန်းတွင် ရောက်ရှိနေသော လူသစ် ကဗျာဆရာဦကြည်တင်ဦး၏ အသံကို အခန်းတွင်မှ နေ၍ နားစွင့်ကြည့်လိုက်သေးသည်။ သူအခန်းမှ ဘာသံမှ မကြားရ၊ ညအချိန်ရေထသောက်သည့်အခါ အခန်းအပြင်ဖက် အုတ်ခုံလှေခါပေါ်တင်ထားသော သောက်ရေအိုးအဖုံးကို ဖွင့်လှန်သံကိုပင် မကြားရချေ။ ထိုအခန်းသည် လွန်ခဲ့သော (၄)လလောက်က သူ၏သား ကျော်ဇော်နေသွားခဲ့သောအခန်းပဲဖြစ်သည်။ အခုတော့ သူသားက ထောင်မကြီးသို့ ပြောင်းသွားခဲ့ပြီး ထိုနေရာ၌ သူရောက်ရှိနေခြင်းဖြစ်သည်။ သူလဲ စစ်ကြောရေးစခန်းတွင် ထုရိုက်နှပ်စစ်ကြောနှိပ်စက်ခံခဲ့ရပြီး မအိပ်ခဲ့ရသဖြင့် နှစ်နှစ်ခြိုတ်ခြိုတ် အိပ်နေလိမ့်ဦးတော့မည်။ ကျနော်လဲ ညအလွန်နက်နေပြီမို့  အခန်ပေါက်ဝမှာထိုင်နေရင်း အခန်အပြင်ဖက်ရှိ ရေအိုးထဲကရေတခွတ်ကို ခပ်သောက်လိုက်ပြီးမှ ကျနော်အိပ်ယာနေရာသို့  ၀င်အိပ်လိုက်တော့သည်။

--------------------------------------------------------------------------

မိုးလင်း၍ အဆောင်ဖွင့် လူစစ်တန်းစီချိန်တွင် ပုံစံထထိုင်ပြီး လူစစ်ခံပြီး ပြန်အိပ်နေလိုက်သည်။ ကျနော်လိုပဲ အခန်းဖော်များလဲ ပြန်အိပ်နေခဲ့ကြသည်။ တိုက်ဆောင် ရေချိုး၊ မိလ္လာချချိန်ရောက်သောအခါ ကျနော်တို့ ၏ တိုက်ဆောင် ထုံစံအတိုင်း အချုပ်သစ်များကို အရင်ဆုံးချပေးသည်။ ထို အတွက်ကြောင့် ကျနော်၏ အခန်း တခန်းကျော်မှာ ရောက်ရှိနေသော ကဗျာဆရာ ဦးကြည်တင်ဦးကို အရင်ချပေးသည်။ သူက သူ၏ မိလ္လာ ဂံဖလာကို ရေချိုးကန်တွင် ဆေကြောနေတာကို တွေ့ ရသည်။ ကျနော်အခန်းဖော် နေရိန်ကျော်က သူအားသိခဲ့သူဖြစ်သော်လည်း အကျွမ်းတ၀င်ရင်းနှီးကြသူတွေ မဟုတ်သဖြင့် လှမ်းမနုတ်ဆက်ပဲ ကြည့်နေခဲ့သည်။ ကျနော်တို့  ကျန်လူအားလုံးကလဲ အခန်းဝမှတဆင့် သူရှိရာ ရေချိုးကန်သို့ လှမ်းကြည့်နေခဲ့ကြသည်။ သူက အရပ်ပုပု ကိုယ်လုံးကိုယ်ထည်ကြီးကြီး ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးများနဲ့  အသက် ၅၀ကျော် လူကြီးတယောက်ဖြစ်သည်။ စစ်ကြောရေးစခန်းမှ ရောက်ခါစမို့  မျက်နာက ကြည်ကြည်လင်လင်မရှိလှ။ အတော်ကလေး နှိပ်စက်ညှင်ပန်းခံထာရပုံရသည်။ သူကရေမချိုးပဲ ခြေလက်သန့် ရှင်းရေးလောက်သာ လုပ်နေခဲ့သည်။ ထိုနောက် တိုက်ဆောင်များဖက်လှည့်ပြီး သူအား အခန်းများအတွင်းမှ ကြွက်လေးများလို ချောင်းကြည့်နေကြသူများဖက်လှည့်ကြည်နေခဲ့သည်။ အခန်းတိုင်းများ၏ အပေါက်ဝများကလဲ သူကိုသာ ကြည့်နေခဲ့ကြသည်။ အခန်း(၁၈)မှာနေထိုင်သော ဦးဝင်းကြည်က သူနဲ့ အကျွမ်းတ၀င်ရင်းနှီးသူတွေဖြစ်ကြသည်။ အပြန်လောကမှာကတည်းက စာအုပ်ဟောင်းရောင်းဝယ်သော လောကတွင် အတူကျင်လှည်ခဲ့ကြသူတွေလဲဖြစ်ကြသည်။ ထိုကြောင့် ဦးဝင်းကြည်က စတင်ပြီး အခန်းအပြင်ဖက်ရှိ သူ့အား အခန်းတွင်းမှနေ၍ လှမ်းအော်အားပေးပါလေတော့သည်။

'''''''ဟေ့ ----ကိုကြည်တင်ဦး ။ ကျုပ်က အခန်း(၁၈)မှာဗျာ။ ကျုပ်--၀င်းကြည်။ ''''''''

အပြင်ဖက်တွင် ကိုယ်လက်သန့် ရှင်းရေးလုပ်နေသော ကဗျာဆရာ၏ မျက်လုံးများက ၀င်ကနဲ့  တောက်ပြောင်သွားသည်ကို တွေ့ လိုက်ရသည်။ ထိုနောက် အသံလာရာ အခန်းတံခါးဝများဆီသို သူလိုက်ရှာနေခဲ့သည်။ သူမျက်လုံးမျာက အရောင်လတ်နေခဲ့သည်။ သူက ကိုယ်လက်သန့်စင်ပြီး သူ့ ၏မိလ္လာဂံဖလားကို ပြန်သယ်ပြီး သူ့ အခန်းရှိရာသို့ ပြန်သွားတော့သည်။ သူပြီ၍ နောက်တယောက် အချုပ်သစ်အား ရေချိုး၊ မိလ္လာချသဖြင့် ကျနော်အားလုံး အခန်းသံတံခါးဝမှ တဆင့် လှမ်းချောင်းကြည့်နေခဲ့ကြပြန်သည်။ အခုရေချိုးဆင်းလာသူက ကိုစည်သူမြသန်း(စာရေးဆရာ သခင်မြသန်းသား) ဖြစ်သည်။ သူလဲ ရေမချိုပဲ မျက်နာသစ် မိလ္လာချ ဂံဖလာဆေးကြောပြီး သူအခန်းသူပြန်တက်သွားတော့သည်။ ထို့ ကြောင့် မနေ့ ညက တိုက်ဆောင်(၂) နောက်ဖက်ခြမ်းသို့  ရောက်လားခဲ့သူမှာ ကဗျာဆရာ ဦးကြည်တင်ဦး တယောက်သာ မဟုတ်ပဲ (၂) ဖြစ်ကြောင်း သိလိုက်ရတော့သည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၁၁-၁၀-၁၈

No comments:

Post a Comment