Latest News

Friday, October 12, 2018

တောင်သူလယ်သမားများဘဝ ကို ကယ်တင်ကြပါစို့



ကျမ အနေနဲ့ ချေးငွေများနှင့်ပတ်သက်၍ တောင်သူဦးကြီးများသို့ နှစ်ကြိမ်တိုင်တိုင် မေတ္တာရပ်ခံထားပီးဖြစ်ပါတယ်ရှင်…
တောင်သူများထံသို့လည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပီးတော့ ချေးငွေအဖွဲ့များဟာ တရားဝင်အဖွဲ့များ မဟုတ်ကြောင်းလည်း ရှင်းပြထားပြီးဖြစ်ပါတယ်ရှင်…
အကြိမ်ကြိမ် သတိပေးပီးသားမှ ဆက်လက်လုပ်ဆောင်လျှင် ကျမတို့အနေနှင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းကို ပြောထားပီးသားဖြစ်ပါတယ်ရှင်…
ခုရက်ပိုင်းတွေမှာ ကျမဆီသို့ ဖုန်းနှင့်တမျိုး လူကိုယ်တိုင်ဖြင့်တဖုံ သူတို့အနေနှင့် ပိုက်ဆံများပေးထားတာကြာပီဖြစ်သော်လည်း ခုချိန်ထိတောင် ချေးငွေများ မရရှိသေးကြောင်း လာရောက်ပြောဆိုနေကြပါသည်။
အောက်က ဓာတ်ပုံလေးများဟာ… ကျမ၏မဲဆန္ဒနယ်တွင် ဖွင့်ထားသော ချေးငွေဆိုင်းပုဒ်တင်ထားသော နေရာများသို့သွားရောက်လေ့လာခဲ့ရာတွင်လည်း ပဲခူးတိုင်း။ ဧရာဝတီတိုင်း။ ရန်ကုန်တိုင်း ဘက်များမှ တောင်သူများနှင့် ဆုံတွေ့ခဲ့ရပါသည်။ကျမ အနေနှင့်ရှင်းပြသော်လည်း တောင်သူများလက်မခံခဲ့ပါ။
ကျမအနေနဲ့ အကြံပြုချင်ပါသည်။
ပိုက်ဆံအလိမ်ခံရသော တောင်သူများစုပေါင်း၍သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ သွားရောက်ပီး အမှု့ဖွင့် တိုင်ကြားကြပါရန် ပြောကြားချင်ပါတယ်ရှင်…
^^^^^^^^^^^^^^^^^^^^^^^^
အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့သော သတင်းလေးပါ
************************

***တောင်သူဦးကြီးများသို့အထူးမေတ္တာရပ်ခံချက်***

ကျမအနေနဲ့ဒုတိယအကြိမ်မြောက် မေတ္တာရပ်ခံချင်ပါတယ်
ခုလိုထပ်ပြောလို့လည်း ကျမကို မုန်းလို့လည်းရပါတယ်။ အပြစ်မြင်ရင်လည်းခံပါ့မယ်။

၂၀၁၅ ရွေးကောက်ပွဲပီးနောက်ပိုင်း ကျမအနေနဲ့အသက(်80)နားနီးနေတဲ့အမေအိုကြီးကို ပစ်ထား။စီးပွါးရေးလုပ်ငန်းတွေစွန့်ပီး …ပြည်သူ့ဘက်က အမြဲတန်းရပ်တည်၍ အမုန်းခံပြီးရပ်တည်ပေးနေသည်ကို အများအသိပင်ဖြစ်ပါတယ်။

ယခုလည်းဘဲ ကျမတို့တောင်သူတွေရဲ့ ရလိုမှု့နဲ့ ရိုးသားမှု့ကိုအခွင့်ကောင်းယူပီး လိုက်လိမ်နေသော ချေးငွေအဖွဲ့များစွာရှိနေပါတယ်။
လက်ရှိတွင်လည်း ၁ဧကကို (10) သိန်းချေးပေးမည်ဟုပြောပီးး
တောင်သူတယောက်ကို လုပ်ပေးခ (ပွဲခ)နှစ်သောင်းကျပ်(20000)ကျပ်
ပုံစံ(၁၀၅ ) ပြုလုပ်ရန် အတွက် ၁ဧက ကို တစ်သောင်းခွဲကျပ် (15000) ကျပ်
၁ဧက (10) သိန်းချေးလျှင် နှစ်သောင်းကျပ်(20000) ကျပ်
၁ဧက (6) သိန်းချေးလျှင် တစ်သောင်းကျက်(10000) ကျပ်ဆိုပီးကောက်ခံနေပါတယ်။

တော်တော်များများလည်းပါနေကျပါပီ
ထိုချေးငွေအဖွဲ့သည် ကျမအရင်တခါ ပြောဘူးပါသော မြို့နယ်အုပ်ချုပ်ရေးမှူးးကပါ တားမြစ်မိန့်ထုတ်ထားပါသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့် ဓနတိုးဝင်းအောင် ကုမ္မဏီဖြစ်ပါသည်။ ယခုအကြိမ်တွင် ဓနတိုးဝင်းအောင်နံမည်အစားးးမြန်မာ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟု အမည်ပြောင်း၍ ငွေကြေးများလိုက်လံကောက်ယူနေပါသည်။

ထိုကုမ္မဏီ ပင်ရင်းသည် ရန်ကုန်မြို့ သင်္ဏန်းကျွန်းမြို့နယ် ကြီးပွါးရေးရပ်ကွက် မြောက်ပိုင်း တွင်ရှိပါတယ်။ထိုကုမ္မဏီကို လိုက်လံစုံစမ်းသည့်အခါ ထိုကုမ္မဏီရှေ့တွင် လယ်သမား တစ်ထောင်ကျော်လောက်ရှိပီး ချေးငွေများလာရောက်ထုတ်ယူရန် စောင့်ဆိုင်းနေသည်ကိုတွေ့ရှိခဲ့ပါသည်။ ထိုလယ်သမား များအားလုံးသည် ဧရာဝတီတိုင်းမှ လယ်သမားဖြစ်နေသည်ကိုတွေ့ရှိခဲ့ရပါသည်။

မနေ့က 6.6.2018 ရက်နေ့က ထိုကုမ္မဏီအား ဒေသခံအာဏာပိုင်များကဝင်ရောက်ရှာဖွေရာ ဆိုင်းပုဒ်ပါဖြုတ်၍ထွက်ပြေးတိမ်းရှောင်သွားကြောင်းကိုလည်းကြားသိလိုက်ရပါတယ်။

ဒါကြောင့် ထိုကုမ္မဏီနဲ့ဆက်စပ်ပီး လုပ်ကိုင်နေကြပါသော တောင်သူများအနေနှင့် နောက်ဆုတ်ပီး ငွေကြေးများလက်လွန်မှု့မရှိအောင်အတွက် ပြောပြနေခြင်းဖြစ်ပါတယ်ရှင်…
ကျမတို့အနေနဲ့ အယုံမလွယ်ဘို့ အလိမ်အညာတွေဖြစ်ကြောင်း တောင်သူများကို ချပြသည့်အခါ ** ကိုယ်စားလှယ်တွေကသူတို့လည်းငွေမချေးပေးနိုင်ဘဲနဲ့သူများတွေပေးတာကို လိုက်ပီး နှောက်ယှက်နေကြပါတယ်**ဆိုပီး အမုန်းစကားများပြောတာခံခဲ့ရပါတယ်။

ကျမတို့တောင်သူများစဉ်းစားကြည့်ကြပါ။လယ်သမားတယောက်ကို တဧက (10) သိန်းနဲ့ (10).ဧကဘိုး သိန်း(100) ဆိုရင် ညောင်တုန်းမြို့နယ်တမြို့နယ်ထဲတွင်တောင် တောင်သူ တစ်သိန်းကျော်ရှိတဲ့အတွက် ဒီလောက်ငွေပမာဏကို ဘယ်နိုင်ငံကထုတ်ချေးပေးမှာလည်း။ဘယ်ဘဏ်နဲ့ချိတ်ဆက်ပြီးပေးမှာလည်းဆိုတာ အရင်ဆုံးသိရှိဘို့လိုပါတယ်ရှင်။

ခုလိုမျိုးထပ်ပြီးတားလိုက်တဲ့အတွက် ကျမကိုမုန်းလို့ရပါတယ်။ကျမကိုမဲပေးခဲ့တဲ့ လက်သန်းတွေကိုဖြတ်ပြစ်လို့ရပါတယ်။
ဒါပေမဲ့…ကျမရင်ထဲ နှလုံးသားထဲမှာတော့ ကျမပြည်သူ/တောင်သူတွေကိုထိရင်တော့ ရင်ကွဲမတတ်ခံစားတတ်တဲ့အတွက် အမုန်းခံပီးထပ်ပြောပါရစေရှင်…

စေတနာများစွာဖြင့်
လိမ်လည်ခံရခြင်းမှကင်းဝေးကြပါစေ။
ရလိုမှု့အတွက် ငါးစာသာမြင်ပီး ငါးမြှားချိတ်မမြင်သောဘဝများမှလည်းကင်းလွတ်နိုင်ပါစေရှင်…

ဒီအောက်က စာပိုဒ်လေးကတော့ ပထမအကြိမ် တင်ခဲ့သော Post ဖြစ်ပါတယ်

**ဧရာဝတီတိုင်းအတွင်းမှ လယ်သမား/ယာသမား တောင်သူဦးကြီးများ သိရှိနိုင်ပါရန်***
##################

ကျမတို့ဧရာဝတီတိုင်းအတွင်းတွင် *ဓနတိုးဝင်းအောင်* နံမည်ဖြင့်ကုမ္မဏီတခုမှ လယ်သမားများအား လယ်တဧကလျှင် (၅၀၀၀၀၀) ငါးသိန်းနှုန်းဖြင့် တဦးကို (၁၀) ဧက (၅၀၀၀၀၀၀) သိန်းငါးဆယ် ထုတ်ချေးမည်ဟု လိုက်လံပီး လုပ်ဆောင်နေသည်ကိုသိရှိနေရပါသည်။
ညောင်တုန်းမြို့နယ်အတွင်းတွင်လည်း ကျမတို့ကိုယ်စားလှယ်များမှတားမြစ်ခြင်း။ မြို့နယ်အုပ်ချုပ်ရေးမှူးမှတရားဝင်တားစာ ထုတ်ပြန်ထားသော်လည်း အတင့်ရဲစွာ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိနေရပါသည်။
ထို ကုမ္မဏီမှလယ်သမားများအား ပုံစံ(၇)တစောင်လျှင် (၅၀၀၀) နှုန်းဖြင့် လျောက်လွှာများရောင်းချပီး ခုဆိုလျှင်လယ်သမားတဦးကို( ၅၀၀၀၀) နှုန်းပေးလိုက်ရသော လယ်သမားပေါင်းများစွာ ရှိနေပါသည်။
ထိုကုမ္မဏီ မှ ချေးငွေအား ချက်ချင်းမပေးသေးဘဲ ဧရာဝတီတတိုင်းလုံးတွင် ဧက( ၅ ) သိန်းပြည့်မှသာ ချေးငွေအားထုတ်ပေးမည်ဟုသိရှိရသည်။
တတိုင်းလုံး အနေနဲ့မည်သည့်အချိန်တွင်ပြည့်မည်ဆိုသည်ကိုမည်သူကတာဝန်ယူမည်လည်းး
တောင်သူတွေအနေနှင့် ဘယ်သောအခါမှရမည်မသိသောချေးငွေအစား အရင်ဦးဆုံး ပိုက်ဆံ ၅ သောင်းကို အတိုးတွေနဲ့ချေးယူနေကြရသည်ကိုလည်းသိရှိနေကြရပါသည်။
မြို့နယ်တိုင်းတွင် ချေးငွေမရခင် ကြိုတင်ပေးဆောင်နေကြရသောငွေပေါင်း သိန်းသုံးရာ။လေးရာကျော်ထိရှိနေကြောင်းကိုလည်းသိရှိနေရပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးးမှလည်း တရားဝင် တားစာထုတ်ထားသည့်အတွက် ကျမတို့ကိုယ်စားလှယ်များမှလည်း တားမြစ်သည့်အပေါ်တွင် တောင်သူများမှ ကျမတို့အပေါ်တွင် အမြင်လွဲမှားနေမှု့များနှင့် ကြုံနေရပါသည်။
ယခုချေးငွေသည် ပွင့်ပွင့်လင်းလင်းဝေဖန်ရလျှင် ကျမတို့နှင့် ပြည်သူကိုရန်တိုက်ပေးနေသော ချေးငွေဟု ယူဆမိပါသည်။တောင်သူအပေါ်တွင်ခေါင်းပုံဖြတ်နေသည်ဟုယူဆမိပါသည်။
တရားမဝင်ချေးငွေများနှင့်ပတ်သက်၍လည်း လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအနေနှင့်မေးမြန်းခဲ့ရာ တိုင်းအစိုးရ မှ ဥပဒေကြောင်းနှင့် အရေးယူသွားမည့်အကြောင်းကတိကဝတ် ရရှိခဲ့ပါသည်။
ဒါကြောင့် တောင်သူများအနေနဲ့ ငါးစာသာမြင်ပီး ငါးမြှားချိတ်မမြင်သော ဘဝမှ ကင်းဝေးကြပါစေ……

@@@တောင်သူလယ်သမားများဘဝ ကို ကယ်တင်ကြပါစို့&&&

နီနီမိုး
တိုင်းဒေသကြီး( ၁ )
ညောင်တုန်း

No comments:

Post a Comment