Latest News

Thursday, October 11, 2018

ရေကြည်မြို့နယ်၌ ဆိုင်ကယ်မှကုန်တင်ယာဉ်အား ကျော်တက်စဉ် လားရာတူရှေ့မှယာဉ်ဖြင့် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအမျိုးသမီးတစ်ဦးပေါင်းသုံးဦးသေဆုံးမှုဖြစ်ပွား

ရေကြည်မြို့နယ်၌ ဆိုင်ကယ်မှကုန်တင်ယာဉ်အား ကျော်တက်စဉ် လားရာတူရှေ့မှယာဉ်ဖြင့် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးအမျိုးသမီးတစ်ဦးပေါင်းသုံးဦးသေဆုံးမှုဖြစ်ပွား

ရေကြည်     အောက်တိုဘာ    ၁၁

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ဝက်ရုပ်ကျေးရွာအနီး ပုသိမ်မုံရွာကားလမ်း၌  ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားရာဆိုင်ကယ်ယာဉ်မောင်း အပါအဝင်အမျိုးသားနှစ်ဦးအမျိုးသမီးတစ်ဦးပေါင်းသုံးဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်၊

ဖြစ်စဉ်မှာရေကြည်မြို့မရဲစခန်းမှ ဒုရဲအုပ်စံလင်းဦးသည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရသက်သေများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးရာရေကြည်မြို့နယ်ဝက်ရုပ်ကျေးရွာအနီးပုသိမ်မုံရွာကားလမ်းမိုင်တိုင်အမှတ်(၄၇/၅)နှင့်(၄၇/၆)ကြား၌ရေကြည်မြို့မှ အသုတ်မြို့ဘက်သို့ ဦးအေးစိုးအသက်(၄၅)နှစ် ဆင်ကုန်းကျေးရွာငါးဘတ်ချောင်းအုပ်စု သာပေါင်းမြို့နယ်သေူမောင်းနှင်ပြီးနောက်တွင်ဒေါ်ကြည်သန်း
(၃၈)နှစ်လယ်တီကျေးရွာငါးဘတ်ချောင်းအုပ်စုသာပေါင်းမြို့နယ်ဦးသောင်းအေး(၅၃)နှစ်လယ်တီကျေးရွာငါးဘတ်ချောင်းကျေးရွာအုပ်စုသာပေါင်းမြို့ နယ်တို့လိုက်ပါလာသည်ဆိုင်ကယ်ယာဉ် အမှတ် ၄၄ယ/-----ဆိုင်ကယ်မှာအခင်းဖြစ်နေရာအရောက်၌လားရာတူရှေ့မှမောင်းနှင်နေသည့်ကုန်တင်ကားအားကျော်တက်စဉ်အရှိန်မထိန်း
နိုင်ဘဲမျက်နှာချင်းဆိုင်အသုတ်မြို့မှရေကြည်မြို့ဘက်သို့ ဦးမြင့်ကျော်မောင်းနှင်ပြီးနောက်တွင် နိုင်မင်းထက်အောင် ကျော်ကျော်အောင်ဖုန်းခန့်တို့လိုက်ပါစီးနင်းလာသည်MDY-3L----Hightjetအဖြူရောင်ယာဉ်၏ခေါင်းပိုင်းဝဲဘက်ခြမ်းအားဝင်ရောက်တိုက်မိသဖြင့်ဆိုင်ကယ်ယာဉ်မောင်းဦးအေးစိုးနှင့်မကြည်သန်းတို့မှာအခင်းဖြစ်နေရာ၌သေဆုံးသွားပြီးဦးသောင်းအေးနှင့်နိုင်မင်းထက်တို့တွင် ဒဏ်ရာအသီးသီးရရှိသဖြင့် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆးကုသမှုခံယူရန်ပို့ဆောင်စဉ်ဦးသောင်းအေး၌ရရှိထားသည်ဒဏ်ရာများဖြင့်ထပ်မံသေဆုံးသွားသဖြင့်အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရေကြည်မြို့မရဲစခန်းမှဆိုင်ကယ်ယာဉ်မောင်းဖြစ်သူဦးအေးစိုး(သေဆုံး)အားအမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းရဲမှတ်တမ်းများအရသိရသည်။

 နေလင်း(ညောင်လေးပင်)

No comments:

Post a Comment