Latest News

Wednesday, October 17, 2018

ဟာသသရုပ်ဆောင် ကစ်ကစ်၏ ကျန်းမာရေးချို့ယွင်းမှု အကူအညီလိုအပ်နေ

ဟာသသရုပ်ဆောင် ကစ်ကစ်၏ ကျန်းမာရေးချို့ယွင်းမှု  အကူအညီလိုအပ်နေ
Photo Credit
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ကစ်ကစ်၏ ကျန်းမာရေး ချို့ယွင်းမှုကြောင့် အကူအညီများလိုအပ်နေကြောင်း အနုပညာရှင်များ၏ လိုအပ်ချက်များအတွက်  အနု ပညာသစ်ပြတိုက်  တည်ထောင်ထားသူ  တေးရေး/ တေးဆို ကိုမင်းကိုက  ပြောကြားသည်။

''ဟာသသရုပ်ဆောင် မကစ်ကစ်အတွက် အနီးကပ် ပြုစုပေးနိုင်မယ့် အိမ်အကူတစ်ဦး အလိုရှိနေပါတယ်၊ ကျွန်တော်လည်း   ပရဟိတခရီးတွေထွက်နေရတော့ အစ်မလိုခင်ရတဲ့ မကစ်ဆီ မရောက်ဖြစ်ဘူး။ ဒီနေ့အား တာနဲ့ သွားကြည့်ဖြစ်တော့ ခြေတွေလက်တွေ ဖော ရောင်နေပြန်တာ  တွေ့ရတယ်။  သမီးလေးကလည်း သွေးတိုးနဲ့နှလုံးရောဂါရှိနေတော့ ခဏခဏနေမကောင်း ဖြစ်နေတယ်။ ကျွန်တော်လာခါနီးလေးကတောင် ရေချိုး ခန်းမှာမူးလဲနေလို့ စာသင်ပေးတဲ့ဆရာမလေးကကြား ပြီး တွဲခေါ်လာရတယ်တဲ့။ သားအမိနှစ်ယောက်ရဲ့ အဖြစ် က ဖိုးသူတော်နဲ့ တောင်ဝှေးလိုဖြစ်နေကြတယ်။ သမီး မူးလဲတာတောင် အမေဖြစ်သူက ခုတင်ပေါ်က ချက်ချင်း မထနိုင်တဲ့ဘဝ ဖြစ်နေရတယ်။ အမေဖြစ်သူအတွက် လည်း သမီးဖြစ်သူက မနိုင်မနင်း လုပ်ပေးနေရတယ်။ ဆယ်တန်းကျောင်းသူက ကျောင်းစာတစ်ဖက်၊ အမေကို ပြုစုရတာတစ်ဖက်မှာ နှလုံးရောဂါနဲ့သွေးတိုးကရှိနေ တော့ပိုဆိုးတာပေါ့''ဟု သရုပ်ဆောင်ကစ်ကစ်၏ လက်ရှိ အခက်အခဲကို ကိုမင်းကိုက ပြောပြသည်။

''မကစ်ကစ်တို့သားအမိကို ဒီရက်ထဲတော့ ဆရာဝန်ပင့် ပြီး နှစ်ယောက်လုံးကို ရောဂါသေချာစမ်းသပ်ပြီး ကုပေး ဖို့ စီစဉ်ထားပါတယ်။ မကစ်ကစ်အတွက် တကယ်လိုအပ် နေတာက အိမ်မှာ သေချာကြည့်ရှုစောင့်ရှောက်ပေး နိုင်မယ့်သူ လိုအပ်နေတာပါ။ ကူညီပေးနိုင်သူများရှိရင် ဆက်သွယ်ပေးစေလိုပါတယ်''ဟုလည်း ၄င်းကဆိုသည်။

''ကျွန်တော် စဉ်းစားမိပါတယ်၊ ဆရာမကြီးသန်းမြင့် အောင် တည်ထောင်ထားတဲ့ ဆည်းဆာရိပ် ဂိလာနဘိုး ဘွားရိပ်သာလိုမျိုး အခုလို  အနုပညာရှင်တွေ နာမကျန်း ဖြစ်ရင်ကုဖို့၊ ဆင်းရဲနွမ်းပါးပြီး ဒုက္ခတွေ့နေတဲ့ အနုပညာ ရှင်တွေကိုကူညီဖို့ ဂေဟာကြီးတစ်ခုကို သိန်းရာချီရနေ တဲ့ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတ အနုပညာရှင်ကြီးတွေ နည်းနည်းစီစုပြီး အကောင်ထည်ဖော်နိုင်ကြရင်ကောင်း မယ်လို့ စဉ်းစားနေမိပါတယ်။ အချို့အနုပညာရှင်ကြီး တွေလည်း    စဉ်းစားမိကြမယ်ထင်ပါတယ်။   မြန်မြန် အကောင်ထည်မဖော်နိုင်သေးတာဖြစ်မယ်။ အနုပညာ ရှင်ဆိုတာ အကျပိုင်းရောက်ရင် တော်တော်ဒုက္ခတွေ့ ကြရပါတယ်။ အနုပညာဆည်းဆာရိပ်တော့ ရှိနေပါပြီ။ ဒါပေမယ့် အနုပညာရှင် ဘိုးဘွားတွေအတွက် သီးသန့် ဖြစ်နေတာပါ''ဟုလည်း ကိုမင်းကိုက ဆက်ပြောသည်။ သရုပ်ဆောင် ကစ်ကစ်သာမက အသက်အရွယ်ရလာပြီး အိုမင်းမစွမ်းသော သက်ကြီးသရုပ်ဆောင် အနုပညာရှင် များကိုလည်း ၄င်းအနေဖြင့် ကူညီပံ့ပိုးမှုများ ဆက်လက် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ကိုမင်းကို၏ ပြော ကြားချက်အရ သိရသည်။                               

ကိုလင်း(မြန်မာ့အလင်း)

No comments:

Post a Comment